Latest News

Saturday, June 2, 2018

SME လုပ်ငန်းများ ပြည်ပအကူအညီ အထောက်အပံ့ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်နေ

SME  လုပ်ငန်းများ ပြည်ပအကူအညီ အထောက်အပံ့ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်နေ

SME လုပ်ငန်းများ ပြည်ပအကူအညီ အထောက် အပံ့ရရှိရေးအတွက်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး       ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း    ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်  လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ဆဋ္ဌမပုံမှန်အစည်းအဝေး  ၃၈  ရက်မြောက်နေ့ဖြစ်သော ဇွန်လ ၁ ရက်နေ့ကကျင်းပသော အစည်းအဝေး၌ သုံးခွ မြို့နယ်   မဲဆန္ဒနယ်အမှတ်(၂)   လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေ၏  မေးခွန်းကိုဖြေကြားရာတွင်  တိုင်းဒေသကြီး ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးမျိုးဆွေ က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အလတ်စား စက်မှု၊   လက်မှုလုပ်ငန်းများနှင့်    စပ်လျဉ်း၍    ရန်ကုန်တိုင်း ဒေသကြီးအစိုးရအနေဖြင့်     တိုးတက်မှုရရှိရေး   မည်သို့ ဆောင်ရွက်နေသည်ကို  သိရှိလိုပါကြောင်း မေးခွန်းကို  တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး   လျှပ်စစ်၊    စက်မှု    လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန် တိုင်းဒေသကြီးအစိုးရအနေဖြင့်    မြို့နယ်    ၄၅    မြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင်   ၃၁၃၉၁   ဦးအား  SME  ဆိုင်ရာ ပံ့ပိုးမှုများ ရရှိနိုင်ရေးအတွက် မြို့နယ်အလိုက် သက်သေခံ ကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် SME အာဆီယံ စီးပွား ရေး အသိုက်အဝန်းဖြစ်လာပါက မြန်မာ  SME  လုပ်ငန်း များ   မပျောက်ကွယ်ရေးအတွက်    အလားအလာရှိသော
SME အစုအဖွဲ့ ၂၈ ဖွဲ့အား ဖွဲ့စည်းခဲ့ပြီး  လုပ်ငန်းအလိုက် လုပ်ငန်းတူအချင်းချင်း ကုန်ကြမ်းဖလှယ်ခြင်းများ၊ ကုန်ကြမ်း ဝယ်ယူမှုအတွက်    ဈေးကွက်ဝေစုရယူခြင်းများ၊   ကုန်ချော ထုတ်လုပ်ရာတွင် နည်းပညာဖလှယ်ခြင်းနှင့် ဖြန့်ဝေခြင်းတို့အား ချိတ်ဆက်ဆောင်ရွက်စေခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း   သက်ဆိုင်ရာဝန်ကြီးဌာနများ၊   အသင်းအဖွဲ့များ၊ ပြည်တွင်းပြည်ပ  NGO ၊ INGOများ၊ ပုဂ္ဂလိကသင်တန်း ကျောင်းများနှင့် ပူးပေါင်း၍ ကုန် ထုတ်လုပ်မှုနှင့် နည်းပညာ ဆိုင်ရာသင်တန်းများ ဆောင်ရွက်မှုအနေဖြင့်  SME  ဌာနမှ သင်တန်း ၂၇ ကြိမ်၊ လုပ်ငန်းရှင်  ၃၁၂ ဦးဖြင့် လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်း ၂၅ ကြိမ်၊ လုပ်ငန်းရှင်   ၄၇ဝ  ဖြင့် လည်းကောင်း၊   သင်တန်းစုစုပေါင်း ၅၂ ကြိမ်ကျင်းပ၍ လုပ်ငန်းရှင်  ၇၈၂ ဦးတို့အား သင်တန်းပို့ချ နိုင်ခဲ့ပါကြောင်း။

 SME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အကူပြု ဆွေးနွေးပွဲ ၁၃ ကြိမ် ကျင်းပ၍ လုပ်ငန်းရှင် ၂၈၈ ဦး၊ ဝန်ထမ်း ၈၈  ဦးတို့ဖြင့်   ဆွေးနွေးပွဲများဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး       ချေးငွေစိစစ်ရေးကော်မတီကို တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီးမှ ဒုတိယဥက္ကဋ္ဌအဖြစ်ဖွဲ့စည်း၍  ဌာနဆိုင်ရာများ တိုင်းဒေသကြီးဦးစီးမှူးများမှ အဖွဲ့ဝင်အဖြစ် စုစုပေါင်း ၁၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး   SME  လုပ်ငန်းရှင်များ  ချေးငွေရရှိရေး    စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးမှ      Credit   Guarantee   Insurance (CGI)  အပေါင်မဲ့စနစ်ဖြင့် ချေးငွေရရှိရန်အတွက် SME    ဌာနတွင်   ထောက်ခံစာ လျှောက်ထားသူလုပ်ငန်းရှင် ၁၆၆ဝ  အနက် ၁၅၇၆ ဦးတို့အား စစ်ဆေးပြီးစီး၍ စည်းကမ်း ချက်နှင့်ကိုက်ညီသည့် လုပ်ငန်းအမှန်တကယ်လုပ်ကိုင်နေသူ ၁၄၄၃ ဦးအား CB Bank, SMIDB Bank , MEB တို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက်  ဘဏ်လုပ်ငန်းစည်းမျဉ်း ညွှန်ကြားချက်ပါအတိုင်း  SME လုပ်ငန်းရှင်ဖြစ်ကြောင်း ထောက်ခံချက်အားSME  ဌာနမှ ကွင်းဆင်းစိစစ်၍ ဆောင်ရွက် ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်  ၂ဝ၁၆-၂ဝ၁၇၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် CGI အပေါင်မဲ့စနစ်ဖြင့်  CB Bank မှ လုပ်ငန်းရှင် ၁၂၂ ဦး အား ချေးငွေကျပ် ၁၃ဝ၁ သန်းနှင့်  SMIDB  Bank  မှ လုပ်ငန်းရှင်ငါးဦးအား ချေးငွေကျပ်သန်း ၉ဝ စုစုပေါင်း ငွေကျပ် ၁၃၉၁ သန်းအား ချေးငွေထုတ်ယူရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆက်လက်လျှောက်ထားသူ SME လုပ်ငန်းရှင်များအား စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ       အသေးစားနှင့် အလတ်စား  စက်မှုလက်မှုလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်စေရေး အတွက် နည်းပညာဖြန့်ဝေသည့် သင်တန်းများ၊ SME လုပ်ငန်း ရှင်များ ဗဟုသုတတိုးတက်စေရန် ဆွေးနွေးပွဲများ၊  ရင်းနှီးမြှုပ်နှံမှု ရရှိစေရေးအတွက်   ဘဏ်များနှင့်  ချိတ်ဆက်၍  အတိုးနှုန်း သက်သာစွာ ချေးငွေရရှိရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း နှင့် ချေးငွေကို အတိုးနှုန်းသက်သာစွာ ရရှိရေးအတွက် ပြည်တွင်း ပြည်ပ၊ အထူးသဖြင့် ပြည်ပအကူအညီ အထောက်အပံ့ရရှိရေး ကိုလည်း  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်  ဦးဆောင်ပြီး  ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့သည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - အေကေလင်း

No comments:

Post a Comment