Latest News

Saturday, June 2, 2018

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ တွင်​ မန္တလေးတိုင်းဒေသကြီးမှ တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်း အများဆုံးဖြင့် အောင်မြင်

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ တွင်​ မန္တလေးတိုင်းဒေသကြီးမှ တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်း အများဆုံးဖြင့် အောင်မြင်

မန္တလေး  ဇွန်    ၂

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ  အောင်စာရင်းများကို တစ်နိုင်ငံလုံးတွင်    ဇွန်    ၂    ရက်က   ထုတ်ပြန်ခဲ့ရာ   မ္တလေးတိုင်းဒေသကြီးမှ   ၃၈ ဒသမ ၁၇ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာတွင် အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးဖြင့် အောင်မြင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင်     ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ    အောင်ချက် ရာခိုင်နှုန်းမှာ     ယခင်နှစ်ထက်    အောင်မြင်မှု    ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း   တစ်နိုင်ငံလုံးအတိုင်းတာဖြင့်  အောင်ချက်ရာခိုင်နှုန်း  အများဆုံးဖြစ်သည်ဟု   မန္တလေး တိုင်းဒေသကြီး   ပညာရေးမှူးရုံး၊    ဒုတိယညွှန်ကြားရေးမှူးချုပ်   ဒေါ်စန်းစန်းရီက ပြောသည်။

''ပြီးခဲ့တဲ့နှစ်က    တက္ကသိုလ်ဝင်စာမေးပွဲမှာ    မန္တလေးတိုင်းဒေသကြီးအနေနဲ့ တစ်နိုင်ငံလုံးမှာ ဒုတိယအောင်ချက် အကောင်းဆုံးဖြစ်ခဲ့ပြီး  မွန်ပြည်နယ်က အောင်ချက် အများဆုံးဖြစ်ခဲ့တယ်၊  ဒီနှစ်မှာတော့  မန္တလေးတိုင်းဒေသကြီးက  အောင်ချက်ရာခိုင်နှုန်း  အများဆုံးပါ၊                                                  
ဒီနှစ်အောင်မြင်သူတွေထဲမှာ ထူးခြားချက် ကတော့       အိုးဘိုအကျဉ်းထောင်က အောင်မြင်သူအားလုံးနီးပါးက  ဂုဏ်ထူး ထွက်ကြတယ်၊ အထူးသဖြင့်   ကလေး အများစုက ကျက်စာတွေဖြစ်တဲ့ အတွဲ ၂ မှာ ဂုဏ်ထူးထွက်တာများတယ်၊ သူတို့ တွေက    ရောက်တဲ့နေရာမှာ    အားမာန် အပြည့်နဲ့ ကြိုးစားသင်ယူကြတာ တွေ့ရ တယ်''ဟု ¤င်းက ပြောသည်။

၂ဝ၁၇-၂ဝ၁၈     ပညာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီးမှ တက္ကသိုလ်ဝင် စာမေးပွဲ     ဝင်ရောက်ဖြေဆိုခဲ့သူဦးရေ စုစုပေါင်း ၁၁၁၃၉၈ ဦးရှိ၍ အောင်မြင်သူ စုစုပေါင်း ၄၂၅၁၇ ဦးရှိခဲ့ပြီး ရာခိုင်နှုန်းအား ဖြင့် ၃၈ ဒသမ ၁၇ ဖြစ်ကြောင်း၊ ဂုဏ်ထူး ဖြင့်    အောင်မြင်သူများတွင်    ခြောက် ဘာသာဂုဏ်ထူး ၂၈၉ ဦး၊ ငါးဘာသာ ဂုဏ်ထူး   ၆၄ဝ ၊   လေးဘာသာဂုဏ်ထူး ၁၁၃၄ ဦး၊ သုံးဘာသာ ၁၁၆၆ ဦး၊ နှစ် ဘာသာ ၁၇၄၃ ဦး၊ တစ်ဘာသာ ၆၈၉၆ ဦးဖြစ်ရာ        စုစုပေါင်းဂုဏ်ထူးဖြင့် အောင်မြင်သူ     ၁၁၈၆၈    ဦးရှိကြောင်း သိရသည်။
၎င်းတို့အနက်   မန္တလေးအကျဉ်း ထောင်မှ ဝင်ရောက်ဖြေဆိုသူ ၅၅ ဦး ရှိခဲ့ပြီး အောင်မြင်သူ စုစုပေါင်း၂၇ ဦးတွင်  ဂုဏ်ထူးဖြင့်  အောင်မြင်သူများမှာ သုံး ဘာသာ  လေးဦး၊  နှစ်ဘာသာ  လေးဦး၊ တစ်ဘာသာ ၁၃ ဦး၊ ရိုးရိုးအောင်မြင်သူ ခြောက်ဦးဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် ပြီးခဲ့ သည့်   ၂ဝ၁၆-၂ဝ၁၇   ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၉၉၈၄၅ ဦးတွင် အောင်မြင်သူ ၄ဝ၁၅၄ ဦးရှိရာ အောင်ချက်ရာနှုန်းမှာ   ၄ဝ   ဒသမ   ၂၂ ရခိုင်နှုန်းဖြစ်ပြီး ဂုဏ်ထူးဖြင့် အောင်မြင်မှု စာရင်းများအရ တစ်ဘာသာဂုဏ်ထူးရှင် ၄၄၆၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၃၄၉ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁ဝ၄၄ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၉၂၂ ဦး၊ ငါး ဘာသာဂုဏ်ထူးရှင် ၅၂၄ ဦးနှင့် ခြောက် ဘာသာဂုဏ်ထူးရှင် ၂၃၈ ဦး စုစုပေါင်း ၈၅၄၄ ဦးရှိခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment