Latest News

Saturday, June 2, 2018

R2P ကိစ္စ ပြောလာသည့် ရှန်ဂရီလား ဒိုင်ယာ လော့ နှင့် ဦးသောင်းထွန်း

R2P ကိစ္စ ပြောလာသည့် ရှန်ဂရီလား ဒိုင်ယာ
လော့ နှင့် ဦးသောင်းထွန်း


စင်္ကာပူ နိုင်ငံတွင် ပြုလုပ်နေကျ ဖြစ်သည့်
ဒေသတွင်း လုံခြဲုရေး ဆိုင်ရာ ကွန်ဖရင့်အား
ရှန်ဂရီလား ဒိုင်ယာလော့ ဟူလည်း ခေါ်ဆို
လေ့ရှိပါတယ်။

အဆိုပါ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် အတွင်း
အခြေအနေများသည် ကုလသမဂ္ဂ မှ ချမျတ်
ထားသော Responsibility to Protect (R2P)
သုံးရန် ဘောင်ဝင်ခြင်း ရှိမရှိ မေးမြန်းလာခဲ့
ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ အမေးကို အမျိုးသား လုံခြုံရေး အကြံ
ပေး  ဦးသောင်းထွန်းက ဖြေကြား
ရာမှာ မြန်မာနိုင်ငံ အနေဖြင့် နေရပ်စွန့်ခွာသွားသူများ အားလုံး ကိုယ်သဘောဖြင့် ကိုယ် ပြန်
လာမည်ဆိုက လက်ခံဖို့ အဆင်သင့် ဖြစ်နေ၍
အဘယ်သို့များ "လူမျိုး ရေး သန့်စင်မှူ" ပြုလုပ်
ခဲ့ပါသည်ဟု ခေါ်ဆို၍ ရနိုင်ပေမည်နည်းဟု
ဖြေကြားသွားခဲ့ပါတယ်။

ထို့အပြင် ယခုကဲ့သို့ အခြေအနေများ အထိ
ရောက်ခဲ့ရခြင်းမှာလည်း အာဆာ အဖွဲ့၏ မသမာသော နည်းများဖြင့် ၀ါဒ ဖြန့်ခဲ့မှုကြောင့် ဖြစ်
ပြီး ၎င်းတို့၏ အကြမ်းဖက်ဝါဒသည်သာ ပြသာ
နာရဲ့ အရင်းအမြစ် ဖြစ်တယ်လို့ ဆိုပါတယ်။
ထို့အပြင် ပြသာနာ ကို ငြိမ်းချမ်းစွာဖြင့် ဖြေ
ရှင်းရန် ရည်ရွယ်သော အာနန်ကော်မရှင်
မထုတ်ပြန်မီ နာရီပိုင်း အလိုမှာ လမ်းလွဲအောင်
စတင် တိုက်ခိုက်ခဲ့ကြတယ်လို့လည်း ဆို
ပါတယ်။

 မြန်မာ အနေဖြင့် ရခိုင်တွင် မူဆလင်များ ဒုက္ခ
ရောက်ခဲ့ရမှု များကို ငြင်းဆိုနေုခြင်းမဟုတ်ပဲ
၎င်းတို့ကဲ့သို့ ဗုဒ္ဓဘာသာ ရခိုင်များ၊ ဟိန္ဒူ လူမျိုးစု
များနှင့် အခြားသော လူမျိုးစုများပါ အလားတူခံစားခဲ့ရ ကြောင်း ထည့်သွင်း ပြောဆိုသွား
ပါတယ်။

အဆိုပါ အာရှ လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲ
များ အား ၂၀၀၂ ခုနှစ်တွင် နိုင်ငံတကာ မဟာ
ဗျုဟာ လေ့လာရေး အင်စတီကျု မှ စင်္ကာပူ နိုင်
ငံ ရှန်ဂရီလား ဟိုတယ်တွငိ ကျင်းပခဲ့သည်ကို
အကြောင်းပြုပြီး ရှန်ဂရီလား ဒိုငိယာလော့ ဟု
အမည်တွင်ခဲ့ခြင်း ဖြစ်ပါတယ်။

ယင်း ကွန်ဖရင့်သို့ အာရှ-ပစိဖိတ် ဒေသ
အတွင်းရှိ နိုင်ငံ ၂၈ နိုင်ငံ မှ ကာကွယ်ရေး
ဝန်ကြီးများ၊ လုံခြုံရေး နှင့် စစ်ဖက်ဆိုင်ရာ
အကြီးအကဲများ တက်ရောက်ခဲ့ကြပါတယ်။

နောက်ထပ်သိရတဲ့ အာရှတိုင်းမ် တွင် ဖေါ်ပြ
ထားသော ဘာတန်လစ်တနာရဲ့ သတင်းတပုဒ်
အရ ရန်ကုန်တွင် မေလ ၂၉-၃၀ တွင် တရုတ်
အထက်တန်းအရာရှိများနဲ့ မြန်မာတို့ တံခါးပိတ်
ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ထို အစည်းအဝေးမှာ တရုတ် က ကုလ အေ
ဂျင်စီ များနဲ့ လက်မှတ်ရေးထိုးမှု ကို မလုပ်ဖို့
ပြောခဲ့တယ်လို့ ဆိုပါတယ်။

အကြောင်းပြနိုင်တာကတော့ ထိုသို့ ပြုလုပ်ခြင်း
ဖြင့် အာဆာ အကြမ်းဖက် အဖွဲ့ စိတ်ဓါတ်ရေး
ရာ မြင့်တက်လာပြီး ရှင်ကျန် ပြည်နယ်ရှိ
Uighur မူဆလင် ခွဲထွက်ရေးသမားများနဲ့ ဆက်
စပ်လာမှာကို စိုးရိမ်မိတယ် ဆိုပြီး ဖြစ်ပါတယ်။

နောက်တကြောင်း က ရခိုင်ပြည်နယ် အတွင်း
ကုလ နှင့် အတူ အနောက်နိုင်ငံများ ခြေရှုပ် လာ
ပြီး ၎င်းတို့ မထိမ်းနိုင်တော့မယ့် အခြေအနေများ
ဖြစ်ပေါ်လာမှာကို စိုးရိမ်နေပုံရတယ်လို့ ရေး
သားထားပါတယ်။

မြန်မာဖက်ကတော့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို
ပြန်လည်ဆယ်တင်နိုင်ဖို့ က ကုလသမဂ္ဂနဲ့
ပူးပေါင်းဆောင်ရွက်နိုင်စရာ တလမ်းပဲ ရှိတော့
တယ်လို့ ယူဆ ထားကြောင်း ဘာတန်လစ်တနာက ရေးသားထားပါတယ်။

လှစိုး​ဝေ


ကိုးကား။ ။ Reuters / The Straits Times /Asia Times

No comments:

Post a Comment