Latest News

Saturday, June 2, 2018

လိႈင္ၿမိဳ႕နယ္ရွိ ေစ်း၀ယ္စင္တာတစ္ခုအတြင္းရွိ ျပင္ဆင္ေနသည့္ဆိုင္တြင္ ဖုန္းအားသြင္းစဥ္ ၀ါယာေရွာ့ျဖစ္ရာမွ တစ္ဆင့္ Gas ပိုက္လိုင္း ယိုစိမ့္သည့္ေနရာသို႔ မီးကူးစက္ကာ ေလာင္ကၽြမ္းေပါက္ကဲြမႈျဖစ္


ရန္ကုန္၊ ဇြန္ ၃

၂.၆.၂၀၁၈ ရက္ေန႔ ည ၂၁း၃၀ နာရီအခ်ိန္တြင္ လိႈင္ၿမိဳ႕နယ္၊ (၁၁)ရပ္ကြက္၊ ျပည္လမ္း၊ အမွတ္(၆၉/ေအ)ရွိ Market Place ေစ်း၀ယ္စင္တာ၏
ပထမထပ္တြင္ ေပါက္ကဲြမႈျဖစ္ပြားေၾကာင္း သတင္းအရ လိႈင္ၿမိဳ႕နယ္
ရဲတပ္ဖဲြ႕မွဴးဦးေဆာင္ေသာရဲတပ္ဖဲြ႕၀င္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာ
အဆိုပါေနရာ၌ အခန္း မ်က္ႏွာက်က္ မ်ားကြာက်၍ နံရံတြင္ကာရံထားသည့္
မွန္ကဲြစမ်ားလြင့္စင္ေနသည္ကိုေတြ႕ရွိရၿပီး ျဖစ္စဥ္အား စစ္ေဆး
ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာျဖစ္သည့္ ေစ်း၀ယ္စင္တာအတြင္း ပထမထပ္ရွိ Hong Bao
Dimsum Houseသို႔ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕မွဴး ရဲမွဴးခ်ဳပ္ ၀င္းႏိုင္၊
ဒုတိုင္းေဒသႀကီးရဲတပ္ဖဲြ႕မွဴး ရဲမွဴးႀကီး ၀င္းမင္းသိန္း၊ အမွတ္(၉၀၅)
စစ္ေျမျပင္အင္ဂ်င္နီယာ တပ္ရင္းမွဴးႏွင့္တပ္ဖဲြ႕၀င္မ်ား၊ အေနာက္ပိုင္းခရိုင္
ရဲတပ္ဖဲြ႕မွဴး၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး၊ မီးသတ္ဦးစီးဌာနမွ မီးသတ္တပ္ဖဲြ႕၀င္
မ်ားက အခင္းျဖစ္ရပ္အား စစ္ေဆးခဲ့ရာ ၎ဆိုင္သည္ ၂၀၁၇ ခုႏွစ္၊
စက္တင္ဘာလတြင္ ပိတ္သိမ္းခဲ့ၿပီးေနာက္ လုပ္ငန္းျပန္လည္အပ္ႏွံႏိုင္ရန္
အတြက္ မူလအတိုင္း ျပန္လည္ျပင္ဆင္ရန္ ရဲေက်ာ္ျမတ္ပါ အလုပ္
သမား(၁၃)ဦးတို႔မွာ အလုပ္လုပ္ကိုင္လ်က္ရွိေၾကာင္း၊ ထိုသို႔ျပင္
ဆင္ေနစဥ္ Extension ႀကိဳးေခြအား အသံုးျပဳ၍ လက္ကိုင္ဖုန္းကို
အားသြင္းေနစဥ္ မီးႀကိဳးေခြမွ ၀ါယာေရွာ့ျဖစ္၍ (Spark)ရရွိၿပီး အေဆာက္
အအံုမ်က္ႏွာက်က္ရွိ ေလေအးေပးစက္သို႔ သြယ္တန္းထားသည့္
Gas ပိုက္လိုင္းမွာ Gas ယိုစိမ့္ေနမႈေၾကာင့္ ထို(Spark)မွတစ္ဆင့္
မီးကူးစက္ကာ ေလာင္းကၽြမ္း ေပါက္ကဲြခဲ့ျခင္းျဖစ္ေၾကာင္းသိရွိ ရသည္။

ယင္းသို႔ ျဖစ္ပြားခဲ့သျဖင့္ အဆိုပါ ဆိုင္အတြင္းအလုပ္လုပ္ကိုင္လ်က္ရွိသည့္ ေက်ာ္စိုးမိုးပါ (၈)ဦးတို႔မွာ ခႏၶာကိုယ္တြင္ အပူေလာင္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္
ရန္ကုန္ျပည္သူ႔ေဆးရံုႀကီးတြင္ အတြင္းလူနာမ်ားအျဖစ္ ေဆးကုသမႈခံ
ယူလ်က္ရွိေၾကာင္းႏွင့္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ၎ေနရာတြင္ တာ၀န္ယူ
လုပ္ကိုင္ခဲ့သူ အလုပ္ သမားအဖဲြ႕ေခါင္းေဆာင္ ရဲေက်ာ္ျမတ္အား လိႈင္ၿမိဳ႕မ
ရဲစခန္း(ပ)၄၇၈/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၆/ ၃၃၈/ ၃၃၇ျဖင့္ အမႈဖြင့္
ကာ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
Yangon Police










(Unicode)
လှိုင်မြို့နယ်ရှိ ဈေးဝယ်စင်တာတစ်ခုအတွင်းရှိ ပြင်ဆင်နေသည့်ဆိုင်တွင်
ဖုန်းအားသွင်းစဉ် ဝါယာရှော့ဖြစ်ရာမှ တစ်ဆင့် Gas ပိုက်လိုင်း
ယိုစိမ့်သည့်နေရာသို့ မီးကူးစက်ကာ လောင်ကျွမ်းပေါက်ကွဲမှုဖြစ်

ရန်ကုန်၊ ဇွန် ၃

၂.၆.၂၀၁၈ ရက်နေ့ ည ၂၁း၃၀ နာရီအချိန်တွင် လှိုင်မြို့နယ်၊ (၁၁)ရပ်ကွက်၊ ပြည်လမ်း၊ အမှတ်(၆၉/အေ)ရှိ Market Place ဈေးဝယ်စင်တာ၏
ပထမထပ်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်မြို့နယ်
ရဲတပ်ဖွဲ့မှူးဦးဆောင်သောရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ
အဆိုပါနေရာ၌ အခန်း မျက်နှာကျက် များကွာကျ၍ နံရံတွင်ကာရံထားသည့်
မှန်ကွဲစများလွင့်စင်နေသည်ကိုတွေ့ရှိရပြီး ဖြစ်စဉ်အား စစ်ဆေး
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာဖြစ်သည့် ဈေးဝယ်စင်တာအတွင်း ပထမထပ်ရှိ Hong Bao
Dimsum Houseသို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်၊
ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းမင်းသိန်း၊ အမှတ်(၉၀၅)
စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်
များက အခင်းဖြစ်ရပ်အား စစ်ဆေးခဲ့ရာ ၎င်းဆိုင်သည် ၂၀၁၇ ခုနှစ်၊
စက်တင်ဘာလတွင် ပိတ်သိမ်းခဲ့ပြီးနောက် လုပ်ငန်းပြန်လည်အပ်နှံနိုင်ရန်
အတွက် မူလအတိုင်း ပြန်လည်ပြင်ဆင်ရန် ရဲကျော်မြတ်ပါ အလုပ်
သမား(၁၃)ဦးတို့မှာ အလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ ထိုသို့ပြင်
ဆင်နေစဉ် Extension ကြိုးခွေအား အသုံးပြု၍ လက်ကိုင်ဖုန်းကို
အားသွင်းနေစဉ် မီးကြိုးခွေမှ ဝါယာရှော့ဖြစ်၍ (Spark)ရရှိပြီး အဆောက်
အအုံမျက်နှာကျက်ရှိ လေအေးပေးစက်သို့ သွယ်တန်းထားသည့်
Gas ပိုက်လိုင်းမှာ Gas ယိုစိမ့်နေမှုကြောင့် ထို(Spark)မှတစ်ဆင့်
မီးကူးစက်ကာ လောင်းကျွမ်း ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရှိ ရသည်။

ယင်းသို့ ဖြစ်ပွားခဲ့သဖြင့် အဆိုပါ ဆိုင်အတွင်းအလုပ်လုပ်ကိုင်လျက်ရှိသည့် ကျော်စိုးမိုးပါ (၈)ဦးတို့မှာ ခန္ဓာကိုယ်တွင် အပူလောင်ဒဏ်ရာများရရှိခဲ့သဖြင့်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် ဆေးကုသမှုခံ
ယူလျက်ရှိကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းနေရာတွင် တာဝန်ယူ
လုပ်ကိုင်ခဲ့သူ အလုပ် သမားအဖွဲ့ခေါင်းဆောင် ရဲကျော်မြတ်အား လှိုင်မြို့မ
ရဲစခန်း(ပ)၄၇၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၆/ ၃၃၈/ ၃၃၇ဖြင့် အမှုဖွင့်
ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment