Latest News

Thursday, June 21, 2018

ပရိသတ်အကြိုက် ပြိုင်ဆိုင်မှု ပြင်းထန်မည့် ONE SPIRIT OF A WARRIOR ပြိုင်ပွဲ

ပရိသတ်အကြိုက် ပြိုင်ဆိုင်မှု ပြင်းထန်မည့် ONE SPIRIT OF A WARRIOR ပြိုင်ပွဲ

MMA အားကစားပြိုင်ပွဲများ ဦးစီးကျင်းပလျက်ရှိသည့် ONE Championship သည် ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ ONE SPIRIT OF A WARRIOR ပြိုင်ပွဲ ကျင်းပမည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် ဝိတ်တန်းနှစ်ခုကမ္ဘာ့ ချန်ပီယံ အောင်လအန်ဆန်သည် မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဆက်လက်ကာကွယ်ရေးအတွက် ဂျပန်နိုင်ငံမှ Ken Hasegawa နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ အလားတူ တခြားတွဲဆိုင်းများမှာ ဘရာဇီးနိုင်ငံသား ဂျူဂျစ်ဆုခါးပတ်နက် ကမ္ဘာ့ချန်ပီယံ Leandro Issa သည် ဂူအမ်ကစားသမား Roman Alvarez နှင့်လည်းကောင်း၊ မွေထိုင်းခါးပတ် လေးကြိမ်ချန်ပီယံ Sagetdao Petpayathai သည် တရုတ်နိုင်ငံမှ သိုင်းပေါင်းစုံကိုယ်ခံပညာ ကစားသမား Ma Jia Wen နှင့်လည်းကောင်း၊ ဘရာဇီးနိုင်ငံမှ သိုင်းပေါင်းစုံကိုယ်ခံပညာကစားသမား Rafael Nunes သည် ဂျပန်နိုင်ငံ သိုင်းပေါင်းစုံကိုယ်ခံပညာကစားသမား Tetsuya Yamada နှင့်လည်းကောင်း၊ အာဖဂန် နစ္စတန်မှ ဘန်ဒယ်ဝိတ်တန်း ကစားသမား Ahmad Qais Jasoor သည် တရုတ်နိုင်ငံသား သိုင်းပေါင်းစုံ ကိုယ်ခံပညာကစားသမား Chen Lei နှင့်လည်းကောင်း၊ မွေထိုင်းကိုယ်ခံပညာ နယ်ပယ်တွင် နာမည်ကြီး ကစားသမား Tukkatatong Petpayathai သည်ဗြိတိသျှ မွေထိုင်းကစားသမား Panicos Yusuf နှင့် လည်း ကောင်း၊ ဖိလစ်ပိုင်နိုင်ငံမှ သိုင်းပေါင်းစုံကိုယ်ခံပညာကစားသမား Jeremy Miado သည် ထိုင်းနိုင်ငံသား ကိုယ်ခံပညာကစားသမား Kritsada Kongsrichai နှင့်လည်းကောင်း၊ သြစတြေးလျ နိုင်ငံသား ကမ္ဘာ့ မွေ ထိုင်းချန်ပီယံခါးပတ်ကို လေးကြိမ်ရရှိထားသူ Elliot Compton သည် အမေရိကန်ကစားသမား Matthew Semper  နှင့်လည်းကောင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းတွင် ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံသား အောင်လအန်ဆန်သည် ၎င်း၏နာမည်ကျော် ချုပ်ကွက်ပညာ ကျွမ်းကျင်မှုကြောင့် မြန်မာ့စပါးအုံး မြွေအဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ၎င်းသည် မြစ်ကြီးနားမြို့၌ မွေးဖွားပြီး ကချင်တိုင်းရင်းသား တစ်ဦးဖြစ်သည်။၂ဝ၁၇ ခုနှစ် ဇွန်လက Vitaly Bigdash ကိုအလဲထိုးကာ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ အလားတူ ပြီးခဲ့သည့်ပြိုင်ပွဲ တွင် ၎င်းသည် ဘရာဇီးနိုင်ငံသား Alexandre Machado ကိုအနိုင်ယူခဲ့ပြီး လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံခါးပတ်ကိုရယူခဲ့သည်။ ယခု အောင်လအန်ဆန်သည် ၎င်း၏မစ်ဒယ်ဝိတ်တန်း ခါးပတ်ကာကွယ်ကို Ken Hasegawa နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ Ken Hasegawa သည် ဂျပန်နိုင်ငံမှ သိုင်းပေါင်းစုံ ကိုယ်ခံ ပညာရှင်တစ်ဦးဖြစ်ကာ ONE Championship တွင် ပထမဆုံးအကြိမ် ပွဲဦးထွက်အဖြစ် ပါဝင်ယှဉ်ပြိုင် လာသူ ဖြစ်သည်။ Ken Hasegawa သည်ဂျပန်နိုင်ငံ၏ သိုင်းပေါင်းစုံကိုယ်ခံပညာပွဲ Deep နှင့် Rizin ပွဲများတွင် ပြိုင်စံရှားခြေချုပ် စွမ်းပကားနှင့် ပြင်းထန်သောကန်ချက်များဖြင့် လူသိများလာသူဖြစ်သည်။ ၎င်းသည် ပြိုင် ဘက်ငါးဦးတွင် လေးဦးကို အလဲထိုးအနိုင်ယူခဲ့သည်။ ၎င်းသည် ချုပ်ကွက်နှင့် အလဲထိုးကွက်များကို ပိုင်နိုင် ပြီးပရော်ဖက်ရှင်နယ်မှတ်တမ်းတွင် ၁၆ ပွဲနိုင်၊ နှစ်ပွဲရှုံး၊ တစ်ပွဲသရေ ရရှိထားသူဖြစ်သည်။

ဂူအမ်ကစားသမား Roman Alvarez နှင့်ယှဉ်ပြိုင်မည့် Leandro Issa သည် ဘရာဇီးနိုင်ငံမှ ဂျူဂျစ်ဆုခါးပတ် နက်ကမ္ဘာ့ချန်ပီယံဖြစ်ပြီး စင်ကာပူနိုင်ငံ၌ လူသိများသည့် Evolve Fight အဖွဲ့တွင် ပါဝင်လေ့ကျင့်နေသူ ဖြစ်သည်။ ကစားသမား သက်တမ်းတစ်လျှောက် ချုပ်ကွက်ဖြင့် ကိုးပွဲအနိုင်၊ အလဲထိုးကွက်ဖြင့် နှစ်ပွဲအနိုင် အပါအဝင် နိုင်ပွဲ ၁၅ ပွဲ၊ ရှုံးပွဲခြောက်ပွဲ မှတ်တမ်းတင်ထားသူဖြစ်သည်။ Issa သည် ONE Championship ဘင်ဒယ်ဝိတ်တန်းတွင် ရှေ့ဆောင်ကစားသမားတစ်ဦး ဖြစ်သည်။

ဂူအမ်ကစားသမား Roman Alvarez သည် ကစားသမား သက်တမ်းတစ်လျှောက် နိုင်ပွဲရှစ်ပွဲ၊ ရှုံးပွဲတစ်ပွဲ မှတ်တမ်းရှိထားကာ အာရှ-ပစိဖိတ်ဒေသတွင်း ဘင်ဒယ်ဝိတ်တန်း ကစားသမားကောင်းများထဲတွင် တစ်ဦး အပါအဝင်ဖြစ်သည်။ ၎င်းအနိုင်ရခဲ့သည့်ပွဲရှစ်ပွဲမှ ငါးပွဲကို ပွဲသိမ်းကွက်များဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ Alvarez သည် ONE Championship တွင် ၎င်း၏ပထမဆုံးသော ပြိုင်ပွဲကို ဘရာဇီးကစားသမား Leandro Issa နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသား Ma Jia Wen နှင့် ယှဉ်ပြိုင်မည့် Sagetdao Petpayathai သည် မွေထိုင်းကစားသမား တစ်ဦးဖြစ်ပြီး မွေထိုင်းခါးပတ်ကို လေးကြိမ်မြောက် ရယူထားသည့် ချန်ပီယံတစ်ဦးဖြစ်သည်။ မွေထိုင်း ကစား နည်းမျိုးစုံဆိုင်ရာ အဆင့်မြင့်နည်းပညာ ဗဟုသုတ ရရှိသူအဖြစ် လူသိများသည်။ ယခုပွဲတွင် Ma Jia Wen နှင့်ယှဉ်ပြိုင်မည်ဖြစ်သည်။

Ma Jia Wen သည် နပန်းသမားကောင်း တစ်ဦးဖြစ်ကာ သိုင်းပေါင်းစုံကိုယ်ခံပညာ ကစားသမားတစ်ဦး ဖြစ်သည်။ ၎င်းယှဉ်ပြိုင်ခဲ့သော နောက်ဆုံးပွဲစဉ်တွင် ပြိုင်ဘက် ပါကစ္စတန် ကစားသမား Ahmed Mujtada ကို ဒုတိယအချီတွင် ချုပ်ကွက်ဖြင့် အနိုင်ယူထားသည်။ ယခုယှဉ်ပြိုင်မည့်ပွဲတွင်လည်း ၎င်းသည် နာမည်ကြီး မွေထိုင်းကစားသမား Sagetdao Petpayathai နှင့်ယှဉ်ပြိုင်မည် ဖြစ်သည်။

Tetsuya Yamada နှင့် ယှဉ်ပြိုင်မည့် Rafael Nunes သည် သိုင်းပေါင်းစုံကိုယ်ခံပညာ ကစားသမား တစ်ဦးဖြစ်သည်။ ၎င်းသည် Premier FC လိုက်ဝိတ်တန်းချန်ပီယံဟောင်း တစ်ဦးဖြစ်ကာ ၎င်း၏မွေးရပ်မြေ တွင်ပင် ပွဲသိမ်းကွက်တစ်ခုဖြင့် နိုင်ပွဲရယူထားသူဖြစ်သည်။ Nunes ၏ နိုင်ပွဲ ၁၁ ပွဲတွင် တစ်ပွဲမှလွဲ၍ ကျန်ပွဲ များအားလုံးကို အနိုင်ယူထားခြင်းဖြစ်သည်။ ၎င်းသည် ယခုပွဲတွင် ဂျပန်ကစားသမား Tetsuya Yamada နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

Tetsuya Yamada သည် ဂျပန်နိုင်ငံသိုင်းပေါင်းစုံ ကိုယ်ခံပညာ ကစားသမားဖြစ်ပြီး ပွဲသိမ်းကွက်များဖြင့် တိုက်ခိုက်တတ်သော အရည်အချင်းရှိသူဖြစ်သည်။ ၎င်းသည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် ဖိလစ်ပိုင် နိုင်ငံသား Eduard Folayang နှင့်အဆင့်မြင့် နပန်းပွဲကြီးတစ်ပွဲ ယှဉ်ပြိုင်ခဲ့ကာ ONE Championship ကြိုးဝိုင်းတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ ယခုပွဲတွင် Rafael Nunes နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

Chen Lei နှင့်ယှဉ်ပြိုင်မည့် Ahmad Qais Jasoor သည် အာဖဂန်နစ္စတန်မှ ဘင်ဒယ်ဝိတ်တန်း ကစားသမား တစ်ဦးဖြစ်ပြီး ကစားသမားဘဝ၏ ပထမဆုံးပွဲနှစ်ပွဲကို ချုပ်ကွက်ဖြင့်အနိုင်ယူကာ မှတ်တမ်းတင်ထား သည်။ ယခုပြိုင်ပွဲတွင် ဘင်ဒယ်ဝိတ်တန်း၌ Chen Lei နှင့်ယှဉ်ပြိုင်မည်ဖြစ်သည်။ Shanghai Open BJJ သည် သိုင်း ပေါင်းစုံကိုယ်ခံပညာကစားသမားဖြစ်ပြီး ဘရာဇီးဂျူဂျစ်ဆု ကစားသမားဖြစ်ကာ Shanghai Open BJJ ချန်ပီယံတစ်ဦးဖြစ်သည်။ ၎င်း၏ချုပ်ကွက်ပညာကြောင့်ပင် ကစားသမားဘဝ တစ်လျှောက် နိုင်ပွဲခုနစ်ပွဲ ဆက်တိုက် ရရှိထားခြင်း ဖြစ်သည်။ Chen သည် ၎င်းနောက်ဆုံးယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ဖိလစ် ပိုင်နိုင်ငံသား Burn Soriano ကို တတိယအချီတွင် ပွဲသိမ်းကွက်ဖြင့် အနိုင်ယူထားဖူးသည်။ Chen သည် ယခုပွဲတွင် အာဖဂန် နစ္စတန်နိုင်ငံသား Ahmad Qais Jasoor နှင့်ယှဉ်ပြိုင်မည်ဖြစ်သည်။ Panicos Yusuf နှင့် ယှဉ်ပြိုင်မည့် Tukkatatong Petpayathai သည် မွေထိုင်းကိုယ်ခံပညာနယ်ပယ်၌ လူကြိုက်အများဆုံး လက်ဝှေ့ကစား သမားများတွင် တစ်ဦးအပါအဝင်ဖြစ်ကာ အသက် ၁ဝ နှစ်အရွယ်ကတည်းက ကစား သမားဘဝကို စတင်ခဲ့သည့် Tukkatatong သည် မွေထိုင်းပြိုင်ပွဲပေါင်း ၂ဝဝ ကျော်ယှဉ်ပြိုင်ထားပြီးဖြစ်ကာ Lumpinee နှင့် Rajadamnern အားကစားရုံတို့တွင် အဆင့်မြင့် ကစားသမားအဖြစ် သတ်မှတ်ခံထားရ သူဖြစ်သည်။ ၎င်းသည်ကြိုးဝိုင်းအတွင်း နည်းပညာကစားနည်းနှင့် ကြမ်းတမ်းသော ကစားနည်းတို့ကို ပိုင်နိုင်ကျွမ်းကျင်စွာ လှည့်ပြောင်းကစားနိုင်သူအဖြစ် ထင်ရှားသည်။ Tukkatatong သည် ONE Super Series တွင် ပထမဆုံး Panicos Yusuf နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

Panicos Yusuf သည် ဗြိတိသျှမွေထိုင်းလောက၏ နာမည်ကြီး ကစားသမားများထဲတွင် တစ်ဦးအပါ အဝင်ဖြစ်သည်။ Panicos Yusuf သည် ၎င်း၏မွေးရပ်မြေတွင်ပင် မွေထိုင်းကစားနည်းကို စတင်သင်ယူခဲ့ပြီး အသက်၂ဝ အရွယ်တွင် ဗြိတိန်သို့ရောက်ရှိပြီးနောက် ဆက်လက်လေ့ကျင့်ခဲ့သည်။ ၎င်းသည် Tukkatatong Petpayathai နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

Kritsada Kongsrichai နှင့် ယှဉ်ပြိုင်မည့် Jeremy Miado သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှ ကစားသမား တစ်ဦးဖြစ်သည်။ ၎င်းသည် မွေထိုင်းနှင့် လက်ဝှေ့အားကစားတို့ကို လေ့လာ လိုက်စားထားသူဖြစ်သည်။ ပြီးခဲ့သည့်မတ်လက ဝမ်းစတောဝတ် ကမ္ဘာ့ချန်ပီယံဟောင်း Dejdamrong Sor Amnuaysirichoke အား တစ်ချီတည်းနှင့် အနိုင်ယူကာ ကမ္ဘာ ကိုတုန်လှုပ်စေခဲ့သူဖြစ်သည်။ Miado သည် ယခုပွဲတွင် ထိုင်းကစား သမား Kritsada Kongsrichai နှင့်ယှဉ်ပြိုင်မည်ဖြစ်သည်။

Kritsada Kongsrichai သည် ထိုင်းနိုင်ငံသား ဖြစ်သည်။ ၎င်းယှဉ်ပြိုင်ခဲ့သည့် သုံးပွဲအနက် ပွဲနှစ်ပွဲစလုံး၌ ပထမအချီတွင် အနိုင်ယူထားသည်။ Matthew Semper နှင့် ယှဉ်ပြိုင်မည့် Elliot Compton သည် သြစ တြေးလျနိုင်ငံမှ လာရောက်ယှဉ်ပြိုင်သူဖြစ်ပြီး ကမ္ဘာ့မွေထိုင်း ချန်ပီယံခါးပတ်ကို လေးကြိမ်မြောက်အထိ ရရှိထားသူဖြစ်သည်။ ၎င်း၏ပထမဆုံး အောင်ပွဲကိုရယူရန် ပြိုင်ဘက် Matthew Semper ကို အနိုင်ယှဉ်ပြိုင် မည်ဖြစ်သည်။

Matthew Semper သည် ထိုင်းနိုင်ငံဖူးခက်ရှိ Tiger မွေထိုင်းနှင့် MMA သင်တန်းကျောင်းရှိ အားကစားပွဲများ တွင်ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပြီး ၎င်း၏ တိုက်ခိုက်မှုစွမ်းရည်ကြောင့် ယှဉ်ပြိုင်ရာ ဝိတ်တန်း တွင် ပြိုင်ဘက်ကင်းသူဖြစ်သည်။ ၎င်းသည် ပြိုင်ဘက် Elliot Compton နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ ONE Championship သည် ကိုယ်ခံပညာသိုင်းပေါင်းစုံရှင်သန်ရာ နေရာတစ်ခုဖြစ်ပြီး ကမ္ဘာ့စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံအဖွဲ့ဖြစ်သည်။

ယခုပြိုင်ပွဲတွင် မြန်မာပရိသတ်များ၏ သူရဲကောင်းတစ်ဦးဖြစ်သည့် အောင်လအန်ဆန်သည် ဂျပန်နိုင်ငံသား Ken Hasegawa နှင့် ယှဉ်ပြိုင်မည့်ပွဲတွင် ပရိသတ်များကို စိတ်လှုပ်ရှားမှု အကောင်းဆုံး ပေးစွမ်းနိုင်မည် ဟု မျှော်လင့်မိပါသည်။ ဝန်းရံခ

MWD

No comments:

Post a Comment