Latest News

Thursday, June 21, 2018

တရုတ်နိုင်ငံနှင့် မဆုတ်မနစ်သော ရင်းနှီးမှု၊ စည်းလုံးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ထိန်းသိမ်းမည်ဟု ကင်ဂျုံအွန် ကြေညာ

တရုတ်နိုင်ငံနှင့် မဆုတ်မနစ်သော ရင်းနှီးမှု၊ စည်းလုံးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ထိန်းသိမ်းမည်ဟု ကင်ဂျုံအွန် ကြေညာ

ပေကျင်း ဇွန် ၂ဝ

မြောက်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် မဆုတ်မနစ်သော ရင်းနှီးမှု၊ စည်းလုံးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ကို ဆက်လက်ထိန်းသိမ်းမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ပေကျင်းမြို့သို့ ရောက်ရှိစဉ် ကြေညာသည်။ ကင်ဂျုံအွန်၏ တရုတ်နိုင်ငံသို့နှစ်ရက်ကြာ ခရီးစဉ်သည် ဇွန် ၂ဝ ရက်တွင်ပြီးဆုံးပြီး အဆိုပါ ခရီးစဉ်တွင် မြောက်ကိုရီးယား အနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို လျစ်လျူရှုမည် မ ဟုတ်ကြောင်း ကင်ဂျုံအွန်က ပြောသည်။

ထို့ပြင် နှစ်နိုင်ငံရှိပြည်သူများ၊ ပါတီနှစ်ခုတို့အကြား ရင်းနှီးကျွမ်းဝင်မှု၊ စည်းလုံးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တို့ကို ပိုမိုနီးကပ်စွာ ဖော်ဆောင်သွားမည်ဟု ကင်ဂျုံအွန်က ပြောကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်သည်။ အလားတူ မြောက်ကိုရီးယားက လုပ်ဆောင်နေသည့် နျူကလီးယားအရေး ဖြေရှင်းမှုတွင် တရုတ်နိုင်ငံက အပြုသဘောဆောင်သည့် ကဏ္ဍမှ ဆက်လက်ပါဝင် သွားမည်ဟု တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောသည်။

အဆိုပါ တရုတ်ခရီးစဉ်အတွင်း ကင်ဂျုံအွန်၏ ဆောင်ရွက်ချက်သည် အမေရိကန် ပြည်ထောင်စုနှင့် တရုတ် တို့အကြား အထိအခိုက်မခံသည့် ဟန်ချက်ညီရေး လုပ်ဆောင်ချက်ဖြစ်သည်ဟု အကဲဖြတ်သူများက ရှုမြင် သည်။ တရုတ်နှင့် အမေရိကန်အစိုးရတို့သည် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား လက်နက်များ ကင်းစင်ရေးကို ဆန္ဒရှိနေသော်လည်း မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန် အစိုးရနှင့် ပိုမိုရင်းနှီးမှုရှိလာပြီး ဒေသတွင်းရှိ ၎င်းတို့၏ အကျိုးစီးပွားအပေါ် ခြိမ်းခြောက်လာမည်ကို တရုတ်အစိုးရက စိုးရိမ်မကင်းဖြစ်လျက်ရှိ သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ယခုခရီးစဉ်သည် ၂ဝ၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ သုံးကြိမ်မြောက် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment