Latest News

Thursday, June 21, 2018

အနိုင်ရခြင်းတွင် ပြင်ဆင်မှုသာ အဓိက ကျကြောင်း အောင်လအန်ဆန် ပြော

အနိုင်ရခြင်းတွင် ပြင်ဆင်မှုသာ အဓိက ကျကြောင်း အောင်လအန်ဆန် ပြော

ရန်ကုန် ဇွန် ၂ဝ

ရန်ကုန်မြို့၌ ဇွန် ၂၉ ရက်တွင် မစ်ဒယ်ဝိတ်တန်းချန်ပီယံ ကာကွယ်ပွဲယှဉ်ပြိုင်ရန်ရှိသော MMA ဝိတ်တန်းနှစ်ခု ချန်ပီယံဆုရှင် အောင်လအန်ဆန်က မိမိ၏ပွဲစဉ်များမှာ ရန်ကုန်၌ ယှဉ်ပြိုင်ရသည့်အတွက် အနိုင်ရခြင်း မဟုတ်ဘဲ ပြင်ဆင်မှုကြောင့်သာ အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

''ရန်ကုန်မှာ ယှဉ်ပြိုင်ရတဲ့ပွဲတွေမှာ အနိုင်ရခဲ့တယ်ဆိုတာက ပြင်ဆင်မှုကောင်းလို့ပါ။ ရန်ကုန်မှာယှဉ်ပြိုင်တိုင်း အနိုင်ရမယ်ဆိုရင် ဘာကြောင့်လေ့ကျင့်ဖို့ လိုတော့မလဲ၊ ပြင်ဆင်မှု ဘယ်လုပ်တော့မလဲ၊ ရန်ကုန်မှာ ပြိုင်ရတဲ့ပွဲမှမဟုတ်ဘူး၊ ဘယ်ပြိုင်ပွဲအတွက်ပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ကျွန်တော်လုပ်တယ်။ ကြိုးစား အားထုတ်မှုကြောင့်ပဲ အနိုင်ရတာလို့ ကျွန်တော်ယုံကြည်ပါတယ်'' ဟု အောင်လအန်ဆန်က ပြော သည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအတွက် ဂျပန်နိုင်ငံသား Ken Hasegawa နှင့် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။''ပြိုင်ဘက် အပြောင်းအလဲဖြစ်သွားလို့ နည်းစနစ်ပိုင်း အပြော င်းအလဲ လုပ်ထားတာမျိုးမရှိဘူး။ နည်းဗျူဟာပိုင်းတော့ ပြောင်းလဲပြီး လေ့ကျင့်ထားပါတယ်'' ဟု အောင်လအန်ဆန် ကပြောသည်။ အောင်လအန်ဆန်သည် ယခုချန်ပီယံစိန်ခေါ်ပွဲကို မူလက ဘရာဇီး MMA ကစား သမားနှင့် ယှဉ်ပြိုင်ရန်စီစဉ်ခဲ့သော်လည်း ပျက်သွားပြီး ဂျပန်ကစားသမားနှင့် ယှဉ်ပြိုင်ရန် ပြောင်းလဲစီစဉ်ခဲ့ခြင်းဖြစ်သည်။

ယခုပွဲစဉ်သည် အောင်လအန်ဆန်၏ ပထမဆုံး ချန်ပီယံ ကာကွယ်ပွဲဖြစ်ပြီး ယခုနှစ်အတွင်း ရန်ကုန်မြို့၌ ဒုတိယ အကြိမ်လက်ခံ ကျင်းပသောပြိုင်ပွဲဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment