Latest News

Friday, June 29, 2018

ONE: SPIRIT OF A WARRIOR MMA ပြိုင်ပွဲကြီးတွင် အောင်လအန်ဆန်က ဂျပန်နိုင်ငံသား ဟာစီဂါဝါကို အလဲထိုးအနိုင်ယူ

ONE: SPIRIT OF A WARRIOR MMA ပြိုင်ပွဲကြီးတွင် အောင်လအန်ဆန်က ဂျပန်နိုင်ငံသား ဟာစီဂါဝါကို အလဲထိုးအနိုင်ယူ

ရန်ကုန် ဇွန် ၂၉

ONE Champion အဖွဲ့အစည်းကကြီးမှူး၍ ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံ လေလုံအားကစားရုံ၌ ကျင်းပသောONE: SPIRIT OF A WARRIOR MMA ပြိုင်ပွဲကြီး၏ အဓိက စိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်သည့် အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား ဟာစီ ဂါဝါတို့ပွဲစဉ်တွင် အောင်လအန်ဆန်က ပညာစုံ ထုတ်သုံးယှဉ်ပြိုင်ထိုးသတ်ပြီး ငါးချီမြောက်တွင် ဟာစီဂါဝါကို အလဲထိုး အနိုင်ယူခဲ့သည်။

အဆိုပါပွဲကြီးတွင် MMA ပွဲစဉ်ပေါင်း၁ဝ ပွဲပါဝင်ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ ပွဲစဉ်(၁)အဖြစ် ယှဉ်ပြိုင် ထိုးသတ်သော LIGHTWEIGHT ပွဲစဉ်တွင် သြစတြေးလျနိုင်ငံသား ELLIOT COMPTONနှင့် အမေရိကန်နိုင်ငံသား MATTHEW SEMPERတို့ပွဲစဉ်၌ ELLIOT COMPTON က အနိုင်ရရှိသည်။ ပွဲစဉ်(၂)ဖြစ်သည့် FLYWEIGHT ပွဲတွင် မိုက်ရိုင်း(မြန်မာ)နှင့် စောဒါဝိတ် (မြန်မာ) တို့ ယှဉ်ပြိုင်ထိုးသတ်ရာ၌ မိုက်ရိုင်းက အနိုင်ရပြီး ပွဲစဉ်(၃)ဖြစ်သည့် SUPER SERIES ပွဲတွင်  ထိုင်းနိုင်ငံသား TUKKATATONG PETPAYATHAIနှင့် ပြင်သစ်နိုင်ငံသား MEHDI ZATOUT တို့ ထိုးသတ်ရာ TUKKATATONG PETPAYATHAIက အနိုင်ရရှိခဲ့သည်။ ပွဲစဉ်(၄) ဖြစ် သည့် STRAWWEIGHT ပွဲတွင် ဖိလစ်ပိုင် နိုင်ငံသား JEREMY MIADO နှင့် ထိုင်းနိုင်ငံသား KRITSADA KONGSRICHAI တို့ ထိုးသတ်ရာတွင်KRITSADA KONGSRICHAI က အနိုင်ရ ရှိခဲ့သည်။ ပွဲစဉ်(၅)ဖြစ်သည့် BANTAMWEIGHT ပွဲတွင် တရုတ်နိုင်ငံသား  CHEN LEI နှင့် အာဖဂန်နစ္စတန်နိုင်ငံသား AHMAD QAIS JASOOR တို့ထိုးသတ်ရာတွင် CHEN LEI က အနိုင်ရရှိခဲ့သည်။ပွဲစဉ်(၆)ဖြစ်သည့် FEATHER WEIGHTပွဲတွင် ဘရာဇီးနိုင်ငံသား RAFAEL NUNES နှင့် ဂျပန်နိုင်ငံသား TETSUYA YAMADA တို့ TETSUYA YAMADA ထိုးသတ်ရာတွင် ကအနိုင်ရရှိခဲ့သည်။ပွဲစဉ်(၇)ဖြစ်သည့် FEATHERWEIGHT ပွဲတွင် ထိုင်းနိုင်ငံသား SAGETD AO PETPAYATHAI နှင့်တရုတ်နိုင်ငံသား MA JIA WEN တို့ ထိုးသတ်ရာတွင် SAGETDAO PETPAYATHAIက အနိုင်ရရှိခဲ့သည်။

ပွဲစဉ်(၈)ဖြစ်သည့် Super Series Kickboxing ပွဲတွင် ထိုင်းနိုင်ငံသား SORGRAW PETCHY INDEE ACADEMYနှင့် ပြင်သစ်နိုင်ငံသား SAMY SANAတို့ ထိုးသတ်ရာတွင် SO RGRAW PETCHYINDEE -ACADEMYက အနိုင်ရရှိခဲ့သည်။ပွဲစဉ်(၉)ဖြစ်သည့် BANTAM WEIGHTပွဲ တွင် ဘရာဇီးနိုင်ငံသားနှင့် ဂူအမ်နိုင်ငံသား LEANDRO ISSA တို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာတွင် LEANDRO ISSA က အနိုင်ရရှိခဲ့သည်။

၎င်းပွဲကြီး၏ အဓိကပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သော ONE MIDDLE WEIGHT WORLD CHAMPIONSHIP ပွဲတွင် အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား ဟာစီဂါဝါတို့ ယှဉ်ပြိုင်ထိုး သတ်ခဲ့ရာ နှစ်ဦးစလုံးမှာ လက်ရည် ညီနေခြင်း ကြောင့် တစ်ဦးကိုတစ်ဦး အလဲထိုးအနိုင်ယူရန် ပညာစုံ ထုတ်သုံးပြီး ယှဉ်ပြိုင် ထိုးသတ်ခဲ့သည်။ နှစ်ဦးစလုံးမှာလည်း အနိုင်ရရှိရန်အတွက် ယှဉ်ပြိုင် ထိုးသတ်ခဲ့ခြင်းကြောင့် ဒဏ်ရာများစွာရရှိခဲ့သည်။ ယင်းပွဲ၏ ငါးချီအရောက်တွင် အောင်လ၏ ထိုးချက်ကို ဟာစီဂါဝါမှာ တောင့်မခံနိုင်တော့ဘဲ အောင်လအန်ဆန်က ဟာစီဂါဝါကိုအလဲ ထိုးပြီး အနိုင်ရရှိခဲ့သည်။

MWD

No comments:

Post a Comment