Latest News

Friday, June 29, 2018

အမ္းၿမိဳ႕နယ္တြင္ ေတာ႐ိုင္းတိရစာၦန္မ်ား၏ အစိတ္အပိုင္းမ်ား ဖမ္းဆီးရမိ


ေနျပည္ေတာ္၊ ဇြန္ ၃၀
၂၀၁၈ ခုႏွစ္၊ ဇြန္လ ၂၉ ရက္ေန႔ ညေန ၄ နာရီ ၃၀ မိနစ္ခ်ိန္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္၊ မႈခင္းစုံစမ္းေဖာ္ထုတ္ေရးအဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား၊ အမ္းၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား ၿမိဳ႕နယ္သစ္ေတာ ဦးစီးဌာနမွ ဝန္ထမ္းမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ သက္ေသမ်ားႏွင့္အတူ အမ္း ၿမိဳ႕နယ္၊ ပ်ဥ္းေတာ႐ြာေန ဦးေအာင္ေဝ(၄၂)ႏွစ္၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြခဲ့ရာ ေနအိမ္၌ ဦးေအာင္ေဝ အား ဝက္ဝံအ႐ိုး(၂)ပိႆာ၊ လိပ္ခြံ(၉)ခု၊ သင္းေခြခ်ပ္(ခြံ)(၈၀)သား၊ ေတာဝက္(အစြယ္/အံ) (၆၀)သား၊ ဝက္ဝံအစြယ္(၁၅)ခု၊ ဝက္ဝံေခါင္း(၁)ခု၊ ေတာင္ဆိတ္ဂ်ိဳ(၁)စုံ၊ ေျပာင္ဂ်ိဳ(၅)ခု၊ ဆတ္ဂ်ိဳ (၇)ခု၊ ေတာဝက္သည္းေျခ(၅)ခု၊ ေတာေၾကာင္(အစြယ္/အံ)(၁၀)သားခန္႔တို႔ႏွင့္အတူ ေတြ႕ရွိ ဖမ္းဆီး ရမိခဲ့ေသာေၾကာင့္ ၎အား အမ္းၿမိဳ႕မရဲစခန္း (ပ)၆၀/၂၀၁၈၊ ဇီဝမ်ိဳးစုံကြဲႏွင့္ သဘာဝထိန္းသိမ္း နယ္မ်ားကာကြယ္ေစာင့္ေရွာက္ျခင္းဆိုင္ရာဥပေဒပုဒ္မ ၄၀(က)/၄၁(က)ျဖင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။
ရဲဇာနည္

အမ်းမြို့နယ်တွင် တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် ၃၀
၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းစုံစမ်းဖော်ထုတ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ မြို့နယ်သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အမ်း မြို့နယ်၊ ပျဉ်းတောရွာနေ ဦးအောင်ဝေ(၄၂)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်၌ ဦးအောင်ဝေ အား ဝက်ဝံအရိုး(၂)ပိဿာ၊ လိပ်ခွံ(၉)ခု၊ သင်းခွေချပ်(ခွံ)(၈၀)သား၊ တောဝက်(အစွယ်/အံ) (၆၀)သား၊ ဝက်ဝံအစွယ်(၁၅)ခု၊ ဝက်ဝံခေါင်း(၁)ခု၊ တောင်ဆိတ်ဂျို(၁)စုံ၊ ပြောင်ဂျို(၅)ခု၊ ဆတ်ဂျို (၇)ခု၊ တောဝက်သည်းခြေ(၅)ခု၊ တောကြောင်(အစွယ်/အံ)(၁၀)သားခန့်တို့နှင့်အတူ တွေ့ရှိ ဖမ်းဆီး ရမိခဲ့သောကြောင့် ၎င်းအား အမ်းမြို့မရဲစခန်း (ပ)၆၀/၂၀၁၈၊ ဇီဝမျိုးစုံကွဲနှင့် သဘာဝထိန်းသိမ်း နယ်များကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၀(က)/၄၁(က)ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment