Latest News

Friday, June 22, 2018

Mytel မှ စာသင်ကျောင်း ၅ဝဝဝ ကျော်အား အင်တာနက်အခမဲ့ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးမည်

Mytel   မှ စာသင်ကျောင်း ၅ဝဝဝ ကျော်အား အင်တာနက်အခမဲ့ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးမည်


ရန်ကုန်   ဇွန်     ၂၂

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အော်ပရေ တာ တစ်ခုဖြစ်သည့်Telecom Inter-national Myanmar Company Limited (Mytel)မှ    တစ်နိုင်ငံလုံး တွင် ဆက်သွယ်ရေးတာဝါတိုင်  ၅ဝဝဝ ကျော်   တပ်ဆင်တည်ဆောက်ထားပြီးMytel  သုံးစွဲသူ  တစ်သန်းကျော် ရှိသွားပြီဖြစ်ကာ   ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်   ဆောင် ရွက်လျက်ရှိကြောင်း Mytel မှ  ပြင်ပ ဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောသည်။
ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ပတ်ခ်ရွိုင်ရယ်ဟိုတယ်တွင် ကျင်းပသည့် Mytel  က နိုင်ငံတော်သို့   အခွန်ပေး ဆောင်နေမှု၊    လူမှုအကျိုးပြုလုပ်ငန်း များ ဆောင်ရွက်နေမှု၊ သုံးစွဲသူCusto-mer များအား   ဝန်ဆောင်မှုပေးနေ ခြင်းတို့နှင့်စပ်လျဉ်းပြီး    စာနယ်ဇင်း ရှင်းလင်းပွဲတွင် Mytel မှ ပြင်ပဆက်ဆံ ရေးအရာရှိချုပ်     ဦးဇော်မင်းဦးက  ထိုသို့ပြောကြားခြင်းဖြစ်သည်။
ထပ်မံ၍ ပြင်ပတွင် Mytel  နှင့် ပတ်သက်ပြီးထွက်ပေါ်နေသည့်  သတင်း များနှင့်စပ်လျဉ်းပြီး   ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက ''Mytel က အခွန်မပေးဘဲ      ဈေးလျှော့ရောင်း နေတယ်ဆိုပြီးပြောကြတယ်၊     တခြား ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့  ကုမ္ပဏီတွေ အတိုင်းပဲ  အခွန်ပေးရပါတယ်၊   ဈေး လျှော့ရောင်းတယ်        ဆိုတာကလည်း ဈေးကွက်ကို အခုမှစဝင်လာတဲ့အတွက် အော်ပရေတာအသစ်ဝင်လာရင်   ဈေး လျှော့ရောင်းချခွင့်ပေးထားတဲ့အတွက် ဈေးလျှော့ရောင်းတာပါ၊  ဈေးကွက်ကို မထိခိုက်နိုင်တဲ့ ဈေးပဲရောင်းတာပါ''ဟုMytel မှ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦး က ပြောသည်။
Mytel  အနေဖြင့်    ဝ၉၆၉   နှင့် စသည့်      ဖုန်းနံပါတ်ဂဏန်းများကို လည်း ကိုယ်တိုင်ရွေးချယ်ထားခြင်းမရှိဘဲ    နောက်ဆုံးဝင်ရောက်လာသည့်  အော်ပရေတာတစ်ခု ဖြစ်သည့်အတွက် ကျန်ရှိနေသည့် နံပါတ်များကိုသာ  ရယူ ခြင်းဖြစ်ကြောင်း Mytel  မှ   ပြင်ပ ဆက်ဆံရေးအရာရှိချုပ်   ဦးဇော်မင်းဦးက ပြောသည်။
Mytel မှ လူမှုအကျိုးပြုလုပ်ငန်း အနေဖြင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ အပါအဝင်    ပညာရေးနှင့်နှီးနွှယ်သည့် စာသင်ကျောင်း    ၅ဝဝဝ  ကျော်အား အင်တာနက်      အခမဲ့အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်ရှိ အချိန်အထိ စာသင်ကျောင်း ၁၃ ကျောင်း အား  အင်တာနက်အသုံးပြုနိုင်ရန် တပ် ဆင်ပေးပြီးဖြစ်ကြောင်း   ယနေ့အခမ်း အနားမှ သိရသည်။
''Mytel   အနေနဲ့   CSRကဏ္ဍ မှာ ပညာရေးကို     အထူးအာရုံစိုက်ထား တယ်၊  အဓိက ဘတ်ဂျက်မတတ်နိုင်တဲ့ ကျောင်းတွေ     အင်တာနက်အခမဲ့ လုပ်ပေးမယ်၊ ကျန်းမာရေးနဲ့ပတ်သက် တဲ့ ကျောင်းတွေကိုလည်း အင်တာနက် အခမဲ့တပ်ဆင်ပေးသွားမယ်'' ဟု   ပြင်ပ ဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောသည်။
Mytel သည် 2G  နှင့်4G စနစ်ကို အထောက်အပံ့ပေးထားပြီး တစ်နိုင်ငံလုံး     အတိုင်းအတာအနေဖြင့်  4G ကွန်ရက် ကိုပံ့ပိုးပေးနိုင်သည့်    တစ်ခုတည်းသော အော်ပရေတာဖြစ်ကာ   တစ်နိုင်ငံလုံး ဖိုက်ဘာကေဘယ်လ် ကီလိုမီတာ ၃ဝဝဝဝ တပ်ဆင်နိုင်ခဲ့၍  မြန်မာတစ်နိုင်ငံလုံးရှိ Fiber  Optic  အခြေခံအဆောက် အအုံ တပ်ဆင်မှုအားလုံး၏ ၅ဝရာခိုင်နှုန်း ခန့်ကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်းMytel မှ သိရသည်။

မြန်​မာ့အလင်း၊သတင်း-မင်းသစ်(MNA)
ဓာတ်ပုံ-နေလင်း

No comments:

Post a Comment