Latest News

Friday, June 22, 2018

ဆန်မန်းနီးနှင့် ယှဉ်ပြိုင်မည့် ပွဲစဉ်အတွက် မိမိ အဆင်သင့်ဖြစ်နေ ကြောင်း စိုးလင်းဦးဖွင့်ဟ

ဆန်မန်းနီးနှင့် ယှဉ်ပြိုင်မည့် ပွဲစဉ်အတွက် မိမိ အဆင်သင့်ဖြစ်နေ
ကြောင်း စိုးလင်းဦးဖွင့်ဟ

မန္တလေး ဇွန် ၂၁

မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးသည် မွေထိုင်းလက်ဝှေ့သမား ဆန်မန်းနီးနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်အတွက် မိမိ အဆင်သင့်ဖြစ် နေပြီဖြစ်ကြောင်း ပြောသည်။

အဆိုပါပွဲစဉ်ကို ဇွန် ၂၃ ရက်တွင် မန္တလေးမြို့ရှိ ဒိုင်းမွန်းပလာဇာ၌ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ''ဒီပွဲစဉ်အတွက် ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီ။ လေ့ကျင့်မှုတွေကိုလည်း အကောင်းဆုံးဖြစ်အောင် ပြုလုပ် နေပါတယ်။ အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ ပြိုင်ဘက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုလည်း လေ့လာထား ပါတယ်'' ဟု စိုးလင်းဦးကပြောသည်။

ယခု ပွဲစဉ်ကို မြန်မာ-ထိုင်း မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ် ပွဲစဉ်ဟု အမည်ပေးထားပြီး စိုးလင်းဦးနှင့် ဆန်မန်းနီးတို့၏ ပွဲစဥ်အပါအဝင် တွဲဆိုင်း စုစုပေါင်း ရှစ်ဆိုင်း ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပြီး မန္တလေးမြို့ခံ လက်ဝှေ့သမား အများစု ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။

ဆန်မန်းနီးသည် စိုးလင်းဦးနှင့် ယှဉ်ပြိုင်ခွင့်ရရန် တောင်းဆို ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့မှ ဦးဒဿက စီစဉ်ပေး ခြင်းဖြစ်သည်။ ယခုပွဲစဉ်အတွက် လက်မှတ်များကို မန္တလေး မြို့ရှိ ဒိုင်းမွန်းပလာဇာ၌ ရောင်းချနေပြီဖြစ်ပြီး CANAL+ ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ပါဝင်သော တွဲဆိုင်းများမှာ စိုးလင်းဦး (မြန်မာ)နှင့် ဆန်မန်းနီး(ထိုင်း)၊ ကျော်ထက်နှင့်  ထွန်းတောက်ကြယ်၊ ထွန်းလင်းခန့်နှင့် ပိုက်ထွေး၊ အောင်နေထူးနှင့် စွမ်းထက်နိုင်၊ ကျော်စွာဝင်းနှင့် စောမင်းနိုင်၊ ဂျိုကာနှင့် ဗျဂ္ဃ၊ နိုင်ဗိုလ်နှင့် အောင်ဟိန်း၊ အောက်ချင်းလေးနှင့် ဟိန်းထွန်းအောင်တို့ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment