Latest News

Saturday, June 23, 2018

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားတွင် တွေ့ဆုံကြမည့် အနုပညာရှင်များ

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားတွင် တွေ့ဆုံကြမည့် အနုပညာရှင်များ

၇ှနညျန ရုပ်ရှင်ထုတ်လုပ်ရေးမှ ဇာတ်လမ်း၊   ဇာတ်òန်း မိုးနီလွင်၊ ဒါရိုက်တာ ဝင်းလွင်ထက်၊ ဗမအ ဒါရိုက်တာ သြရသ တို့ ရိုက်ကူးမည့် ''ဒဏ္ဍာရီမိုး''    ရုပ်ရှင်ဇာတ်ကားကြီးတွင် စွယ်စုံရအနုပညာရှင်များ အားဖြည့်ဖန်တီးထားပြီး ပရိသတ် များ ကြည့်ရှုရကျိုးနပ်စေရန်အတွက် ရည်ရွယ်ထားကြောင်း သိရသည်။

 ဇွန် ၂၅ ရက်၌  ရန်ကုန်မြို့ရှိ ကော်ဖီဆိုင်တစ်ခုအတွင်း ရိုက်ကူးရေးများစတင်မည်ဖြစ်ပြီး မကြာမီ နယ်ရိုက်ကူးရေး များကိုလည်း စတင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဇာတ်ကားတွင်  ရဲတိုက်၊   ဒေါင်း၊   ရွှေထူးနှင့် အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့က    အဓိကသရုပ်ဆောင်များ အဖြစ် ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်ကြောင်းသိရပြီး ရိုက်ကူး မှုအပိုင်းကို သက်ဆိုင်သူများထံ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
ဝေမင်းမောင် Media 7 ထုတ်လုပ်ရေး
ကျွန်တော်တို့စိတ်ကူးက ရဲတိုက်၊ ဒေါင်းနဲ့ ရွှေထူးတို့က ခပ်ကြမ်းကြမ်းခပ်စွာစွာ ပုံစံတွေဆိုတော့  သူတို့ကို ပေါင်းစပ် ပေးလိုက်ရင် ပရိသတ်လည်း   အမြင်တစ်မျိုးထူးစေမယ်လို့ ယူဆပါတယ်။ မင်းသားသုံးလက်နဲ့ မင်းသမီးတစ်လက်ဆိုတာ ကတော့ နည်းနည်းဆန်းသွားအောင် ကြိုးစားပေါင်းစပ်ပေး တာ။  ဇာတ်လမ်းကတော့   ပရိသတ်ကြိုက်မယ်လို့ ယူဆရပါ တယ်။

ဒါရိုက်တာ ဝင်းလွင်ထက်

ဝတ္ထုကို စပြီးရိုက်မယ်ရည်စူးတော့    အားလုံးသေသေ ချာချာ တိုင်ပင်ပြီးမှ ဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကောင်တွေကို ဘယ်သူက   ဘယ်နေရာမှာ  လိုက်ဖက် မလဲဆိုတာ ရွေးချယ်ပါတယ်။ ဇာတ်လမ်းက ရိုမန့်တစ်ဆန်ပြီး ဒရာမာဘက်ကိုလည်း သက်ရောက်နေတယ်။

ဒေါင်း

ကျွန်တော်က ဒီကားထဲမှာ     သူဌေးသားတစ်ယောက် အဖြစ် သရုပ်ဆောင်ရမယ်။  သိပ်ချမ်းသာတဲ့သူ၊   လိုချင်တာ ရှိရင် မရရအောင်ယူတတ်တဲ့ ခပ်ဆိုးဆိုးလူငယ်တစ်ယောက် နေရာက သရုပ်ဆောင်ထားပါတယ်၊ ဇာတ်လမ်းဆိုတာကလည်း အပြိုင်သရုပ်ဆောင်ကြမှ ဆွဲဆောင်မှုရှိမှာဆိုတော့ ကျွန်တော် ကတော့ ဒီကားမှာ ဇာတ်ကောင်ပိုင်းကို အပျော့၊   အမာဆိုပြီး နှစ်မျိုးသရုပ်ဆောင်ရမှာဆိုတော့ သဘောကျပါတယ်။

ရွှေထူး

ရင်ခုန်တာတော့အမှန်ပဲ။ ကျွန်တော်နဲ့   တွဲရိုက်မယ့်သူ တွေက ကိုရဲတိုက်၊  ကိုဒေါင်း၊  မဝတ်မှုန်ရွှေရည်တို့ဆိုတော့ ကိုယ့်ထက်အများကြီး  သရုပ်ဆောင်ကျွမ်းကျင်သူတွေပေါ့။ အခုဇာတ်လမ်းက ကျွန်တော်ရဲ့ တတိယမြောက်ဇာတ်ကား ဖြစ်ပါတယ်။ အရှေ့မှာရိုက်ထားတဲ့  ဇာတ်ကောင်စရိုက်က ပုံစံတစ်မျိုးပါ။     အခုက     ဇာတ်ကောင်စရိုက်    အသစ်တစ်မျိုး ဆိုတော့    ကျွန်တော်အတွက်    စိန်ခေါ်မှုတစ်ခုဆိုလည်းမမှား ပါဘူး။ ရှိန်နေတာတော့အမှန်ပဲ။ မဝတ်မှုန်ရွှေရည်နဲ့က အရင်က ကြော်ငြာတွေရိုက်ဖူးတော့       အတွေ့အကြုံရှိထားပေမယ့် ကိုဒေါင်းနဲ့ ကိုရဲတိုက်တို့ကိုတော့ ရှိန်နေသေးတယ်။

အကယ်ဒမီဝတ်မှုန်ရွှေရည်

ဒါရိုက်တာက ဒီကားနဲ့ပတ်သက်ပြီး ဇာတ်ကို မပြောပြဖို့   ပြောထားတော့ ပရိသတ်ကြီးအတွက်   အံ့သြသွားမှာပါ။ ဒါပေမယ့် တကယ်ကိုကောင်းတဲ့ ဇာတ်အိမ်လေးပါ။   ဒီလို ဇာတ်လမ်းမျိုးလေးတွေက  ရှားလာပြီလို့   ကျွန်မကတော့ ထင်တယ်လေ။ ပရိသတ်အကြိုက်တွေ့စေမယ့်ကားဖြစ်လာ မယ်လို့ထင်ပါတယ်။  ဒေါင်းနဲ့ကလည်း ရှေ့မှာ သရဲကားလောက် ပဲရိုက်ခဲ့ဖူးတာပါ။   ရွှေထူးနဲ့ဆို    ကစ်အတွက်  ဇာတ်ကား ရိုက်ရာမှာ ပထမဆုံးတွေ့ရတာ။ ကိုရဲတိုက်ကတော့ အရင်က ကျွန်မနဲ့ အများကြီးရိုက်ထားတာတွေရှိပါတယ်။ ဇာတ်ညွှန်းကို ဖတ်ကြည့်တော့ ဇာတ်ရဲ့အသွားအလာက အင်မတန်ကောင်း ပါတယ်။

မြန်​မာ့အလင်း၊ကိုလင်း

No comments:

Post a Comment