Latest News

Tuesday, June 12, 2018

Congratulations !

Congratulations !

သမ္မတထရမ့်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေ မေးခွန်း မမေးခင် စတင်ခဲ့တဲ့ စကားက Congratulations လို့ ဆိုပါတယ်။

The two countries would “leave the past behind . . . The world will see a major change.”  [Kim Jong Un after his meetings with Donald Trump]

မြောက်ကိုရီးယား ဥက္ကဌ ကင်ရဲ့ စကားက "အတိတ်ကို နောက်မှာ ချန်ထားခဲ့ပါ။ .... ကမ္ဘာကြီးဟာ ကြီးကျယ်တဲ့ အပြောင်းအလဲကို မြင်တွေ့ကြရပါလိမ့်မယ်" လို့ ဆိုပါတယ်။

"We are ready to write a new chapter of history between our nations."

“They have great beaches ,... Wouldn't that make a great condo? ...You could have the best hotels hotels in the world right there. Think of it from a real estate perspective. It's great" [Donald Trump at his press conference]

သမ္မတ ဒေါ်နယ်ထရမ့်ကတော့ "ကျွန်တော်တို့နှစ်နိုင်ငံအကြားမှာ သမိုင်းဝင် စာမျက်နှာအသစ်ကို ရေးထိုးဖို့ အဆင်သင့် ဖြစ်နေပါပြီ" လို့ ဆိုပါတယ်။

ကမ္ဘာကြီးတစ်ခုလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြရတဲ့ သမိုင်းဝင် ထိပ်သီး တွေ့ဆုံပွဲကတော့ ရလဒ်ကောင်းတွေနဲ့ ရလဒ်ကောင်းတွေ ဆောင်ကြဉ်း ပေးနိုင်ခဲ့ပါပြီ။

ငြိမ်းချမ်းသွားမယ့် မြောက်ကိုရီးယားကို မြင်ယောင်ကြည့်ရင် သမ္မတထရမ့်ရဲ့ စကားအရ လှပတဲ့ မြောက်ကိုရီးယားကမ်းခြေမှာ ခေတ်မီကွန်ဒိုတွေ၊ ဟိုတယ်တွေနဲ့ ဖွံ့ဖြိုးလာမယ့် မြင်ကွင်းကို တွေ့မြင်မိကြပါလိမ့်မယ်။ ပြီးတော့ မြောက်ကိုရီးယားကို ရောက်ဖူးသူ ရှားလှတာမို့ ခရီးသွားတွေ လက်ခံရင်ကိုပဲ တဖွဲဖွဲ သန်းနဲ့ချီပြီး လာကြမှာ သေချာပါတယ်။

သမိုင်းတွင်သွားပြီ ဖြစ်တဲ့ ဒီအစည်းအဝေးကို အရောက်လှမ်းဖို့ မြောက်ကိုရီးယားဟာ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပါတယ်။ အခက်အခဲတွေ၊ ဖိအားတွေကြားက ရဲရင့်တဲ့ ခြေတစ်လှမ်းဟာ မြောက်ကိုရီးယားပြည်သူတွေအတွက် မျှော်လင့်ချက်တွေ ပိုမိုလင်းလက် တောက်ပလာခဲ့ပါပြီ။

အမေရိကန် သမ္မတအဆက်ဆက် မဟာဗျူဟာမျိုးစုံနဲ့ ခင်းကျင်းခဲ့ရပြီးတော့ ဒေသတွင်း ရင်တမမ အခြေအနေတွေဟာလည်း တစ်ခဏအတွင်းမှာ ပြောင်းပြန် လှန်ပစ်လိုက်သလို ပြောင်းလဲခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

လတ်တလောမှာ ဆန်ရှင် ဆက်ရှိနေမှာ ဖြစ်ပြီး နျူကလီးယားဖျက်သိမ်းရေးကို နိုင်ငံတကာနဲ့ အမေရိကန်ကျွမ်းကျင်သူတွေ စစ်ဆေးမှာ ဖြစ်ပါတယ်။ Freeze For Freeze လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးဆိုတာ တစ်ကယ်တမ်းမှာတော့ ခေါင်းဆောင်တွေရဲ့ စဉ်းစားသုံးသပ်ချက်၊ စိတ်ပိုင်းဖြတ်ချက်၊ နိုင်ငံရေးစိတ်ရင်းစေတနာအပေါ် မူတည်နေတာပါပဲ။ အထူးသဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ဥက္ကဌ ကင်အတွက် မလွယ်ကူလှတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

မှန်းဆပြီး တွေးကြည့်ရင် နိုင်ငံ့လုံခြုံရေးနဲ့ Power Balance အတွက် ခေတ်အဆက်ဆက် တွယ်ဖက်ထားခဲ့ရတဲ့ (နျူကလီးယား) လက်နက်ကို စွန့်ပစ်ဖို့ အရေးမှာ Hardliner တွေ၊ အတိုက်အခံတွေ သေချာပေါက် ရှိနေမှာပါ။ ဒီအတွေးအမြင်တွေကို သေချာပေါက် ဖောက်ထွက်ခဲ့ရမှာ သေချာပါတယ်။

နှစ်ဘက် သဘောတူညီတဲ့အတိုင်း အကောင်အထည်ပေါ်လာပြီ ဆိုရင် စစ်မက် ရင်ဆိုင်ရတာထက် ငြိမ်းချမ်းရေးက အများကြီး ကွာတယ် ဆိုတာကို အထင်အရှား မြင်တွေ့လာရမှာပါ။

တစ်ကယ်တမ်းမှာ ရုရှားမှာ အဆင့်မြင့်နည်းပညာတွေ သင်ယူခဲ့တဲ့ မြောက်ကိုရီးယား လူ့အရင်းအမြစ်တွေဟာ ဆန်ရှင်ကြောင့် စစ်လက်နက်တွေကိုပဲ ဖန်တီးထုတ်လုပ်ခဲ့ကြရတာပါ။ စည်းကမ်းရှိပြီး နည်းပညာအရ အဆင့်မြင့်မားတဲ့ ဒီအင်အားစုတွေဟာ ပုံစံအသစ် မြောက်ကိုရီးယားကို ခုန်ပျံကျော်လွှား တွန်းတင်နိုင်ကြမှာပါ။

ကမ္ဘာကြီးတစ်ခုလုံးက မြောက်ကိုရီးယားအရေး မုဒိတာပွား၊ ဝမ်းမြောက်နေကြချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးခရီးကရော ?

စေ့စပ်ညှိနှိုင်းခြင်းအနုပညာမှာ "ရင်းနှီးမှု၊ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရေး" သီအိုရီတွေ အတွက် ဒေါ်နယ်ထရမ့် ဒီနေ့ ပြောသွားတာက "We don't know much about Kim Jong Un. We know plenty." ဆိုတာပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဖြစ်စဉ်က ညွှန်းဆိုနေတာကတော့  ငြိမ်းချမ်းရေးအတွက်  နိုင်ငံရေးစိတ်ရင်းစေတနာ အရေးကြီးတယ်၊ တစ်ကယ့်ကို ငြိမ်းချမ်းရေးကို လိုချင်တဲ့ ဆန္ဒသာ အဓိကကျတယ် ဆိုတာပါပဲ။

Credit - ဦး​ဇော်​​ဋ္ဌေး ( နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံး)

No comments:

Post a Comment