Latest News

Friday, June 8, 2018

ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေသည့် လက်စားချေ နတ်သမီးဇာတ်ကား ရုံတင်ပြသ

ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေသည့် လက်စားချေ နတ်သမီးဇာတ်ကား ရုံတင်ပြသ

ရန်ကုန် ဇွန် ၇

ပရိသတ်များ စိတ်ဝင်စားမှု မြင့်တက်နေသည့်အပြင် အွန်လိုင်းပေါ်၌ပါ စိတ်ဝင်စားမှု နှုန်းမြင့်တက်လာသော လက်စားချေနတ်သမီး ဇာတ်ကားကို ဇွန် ၈ ရက်တွင် ရုံတင် ပြသကြောင်း သိရသည်။

''သက်မွန်က ဒီဇာတ်ကားမှာ သြဘာရဲ့ ရည်းစားဖြစ်တဲ့အပြင် နန်းဆုဦးနဲ့ကလည်း သူငယ်ချင်းတွေပဲ။ သူငယ်ချင်း သုံးယောက်ပေါ့။ ဒါပေမဲ့ နန်းဆုဦးက သြဘာကို ပိုပြီးကပ်တယ်။ သြဘာကလည်း ချစ်သူထက် သူငယ်ချင်း ခိုင်းတာကိုပဲ ဦးစားပေးတယ်။ ကြာတော့ ချစ်သူနှစ်ဦးကြားမှာ အဆင်မပြေမှုတွေ ဖြစ်လာတယ်။ ကိုယ်ကတော့ ဘာမှမသိဘဲ အဖြူထည် သက်သက်ပေါ့။ နန်းဆုဦးကို သူငယ်ချင်း အရင်းဖြစ်လို့ သြဘာ ဂရုမစိုက်ချိန်မှာ အကုန်ရင်ဖွင့် ပြောပြတယ်။ ဒါပေမဲ့ ကိုယ်မသိလိုက်တဲ့ အချိန်မှာ ကိုယ့်သူငယ်ချင်းကရော ကိုယ့်ချစ်သူကပါ ကိုယ့်ကို လုပ်ကြံခဲ့တယ်ပေါ့။ အဲဒီမှာ လက်စားချေနတ်သမီး ဇာတ်ရုပ်နဲ့ သက်မွန်က ဆုတောင်းပြီး ကလဲ့စားချေခဲ့တယ်။ သြဘာရဲ့ အငြိုးအတေးတွေကြောင့် နောက်ပိုင်း သက်မွန်ဘာတွေ ဖြစ်လာမလဲဆိုတာက စိတ်ဝင်စားစရာ ဇာတ်ကားတစ်ကားပါ'' ဟု အကယ်ဒမီ သက်မွန်မြင့်က ပြောသည်။

ယင်းဇာတ်ကားတွင် နန်းဆုဦးက သူငယ်ချင်းများကို သစ္စာဖောက်သူ တစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး သြဘာကိုလည်း တစ်ဖက်သတ် စိတ်ဝင်စားသူ အဖြစ် ပါဝင်ထားသည်။ ''ဒီဇာတ်ကားမှာ ကျွန်တော်က မသက်မွန်နဲ့ ချစ်သူတွေပါ။ နန်းဆုဦးနဲ့က သူငယ်ချင်းတွေ။ မသက်မွန် သစ္စာဖောက်တယ်လို့ ထင်တာကြောင့် လက်စားချေ နတ်သမီး ရုပ်တုမှာ မသက်မွန်ပုံကို သွားထားပြီး လက်စားချေတယ်ပေါ့။ နောက်ကွယ်ကနေပြီး မသက်မွန် မသိအောင် အမျိုးမျိုးလုပ်တယ်။ ဒါကိုသူမသိဘူး။ နောက်ဆုံးလမ်းခွဲခဲ့တယ်။ နာမည်ပျက်နဲ့ ကျန်ခဲ့ရမယ် ဆိုတဲ့အတိုင်း လုပ်ခဲ့တယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်''ဟု သရုပ်ဆောင် သြဘာက ပြောသည်။

အဆိုပါဇာတ်ကားကို ဇာတ်လမ်းဒါရိုက်တာ ညိုမင်းလွင်က ရေးသား ရိုက်ကူးပြီး ဇာတ်ညွှန်း ဝင်းမြင့်ဦးက ရေးသားကာ သရုပ်ဆောင် ဖြိုးငွေစိုး၊ သြဘာ၊ သက်မွန်မြင့်နှင့် နန်းဆုဦး အပါအဝင် ဇာတ်ပို့များစွာ ပါဝင်သရုပ်ဆောင် ထားကြောင်း သိရသည်။

MWD

No comments:

Post a Comment