Latest News

Friday, June 8, 2018

ဟာသဇာတ်လမ်း ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်နေသည့် သရုပ်ဆောင် ဖြိုးငွေစိုး

ဟာသဇာတ်လမ်း ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်နေသည့် သရုပ်ဆောင် ဖြိုးငွေစိုး

သရုပ်ဆောင် ဖြိုးငွေစိုး အနေဖြင့် ဟာသပညာကို လေ့လာဆည်းပူးခဲ့ခြင်း မရှိသော်လည်း ပရိသတ်များ လက်ခံအားပေးသည့်အတွက် ဟာသသရုပ်ဆောင် ကျော်ထူးနှင့် တွဲဖက်၍ ဟာသဇာတ်လမ်း ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

“ ကျွန်တော် ကိုယ်တိုင်က ဟာသဥာဏ် ရှိကောင်းရှိမယ်။ ဟာသပညာနဲ့ ပတ်သက်ပြီးတော့ အနည်းငယ် လေ့လာဖူးတယ်။ ဟာသသရုပ်ဆောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငယ်ငယ်ကတည်းက လေ့လာဆည်းပူးခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်က ဇာတ်လမ်းကို ဦးစားပေးတယ်။ ဇာတ်လမ်းက ကျွန်တော့်အတွက် ရယ်စရာဖြစ်နေမယ် ဆိုရင် သဘာဝကို ရိုက်လို့ရတာပေါ့။ အဲဒီထဲမှာ ကျွန်တော် ဟာသလည်း မလုပ်တတ်ဘူး။ ကျွန်တော် လုပ်တတ်တာက ဟာသကို အမူအရာ ဇာတ်လမ်းလေးနဲ့ လုပ်လို့ရတယ် ဆိုတဲ့အပိုင်းကို ရွေးချယ်လိုက်တာပါ'' ဟု သရုပ်ဆောင် ဖြိုးငွေစိုးကပြောသည်။

သာသသရုပ်ဆောင် ကျော်ထူးနှင့် နှစ်ယောက်တွဲ ဟာသလုပ်ထားသည့် ဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ် တင်လိုက်ရာတွင် ပရိသတ်များ၏ ကြိုက်နှစ်သက်မှုရှိကြောင်း၊ ကလော့ချိန်ဘာ နာမည်နှင့် Page ကိုထောင်ပြီး ဟာသဇာတ်လမ်း တိုများအပါအဝင် တခြားသော ဇာတ်လမ်းများကိုလည်း ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

ပထမဆုံးအနေဖြင့် ပရိတ်သတ်များကို ....အရာကို အချစ်ဟုခေါ်သည် ဟာသဇာတ်လမ်း တိုကို ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ကလော့ချိန်ဘာ Page ကိုဇွန်လအတွင်း ကြေညာမည် ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment