ရန်ကုန် ဇွန် ၁၉
ဦးကိုနီလုပ်ကြံခံရမှု နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ နှစ်ဖက်ရှေ့နေများ ရာဇဝတ်ပြင်ဆင်မှု ရှစ်မှုကို တိုင်းတရားသူကြီး ဦးအောင်နိုင် တရားခွင် ၇ ၌ မေ ၂၅ ရက်တွင် အပြီးသတ်ကြားနာခဲ့ပြီး၍ ရာဇဝတ်ပြင်ဆင်ချက်အမိန့်ကို ဇွန် ၁၈ ရက်က ဤတရားခွင်၌ပင် ချမှတ်ခဲ့ကြောင်း သိရသည်။
မူလအထူးတရားခုံရုံးစွဲချက်အမိန့်
ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ရာဇဝတ်ကြီးအမှု အမှတ် ၄၅/ ၂ဝ၁၇ တရားလို ရဲအုပ်မိုးနိုင်၊ တရားခံ ကြည်လင်း(ခ)ဖိုးထူး ပါ-၄ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၂/၃၄/၂၁၂ အရ လူသတ်မှုနှင့် ရာဇဝတ် ကြီးအမှု အမှတ် ၄၆/၂ဝ၁၇ တရားလို ရဲမှူး မြတ်ထွန်းကျော်၊ တရားခံ ကြည်လင်း(ခ)ဖိုးထူး ပါ-၂ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(ဃ)(စ)အရ စွဲဆိုထားမှု စစ်ဆေးရန် တရားလိုပြသက်သေ ၈ဝ တင်ပြ ထားရာမှ ရှစ်ဦးကိုပယ် ၇၂ ဦး စစ်ဆေးပြီးနောက် မြောက်ပိုင်းခရိုင် အထူးတရားခုံရုံး၏ စွဲချက်အမိန့်ချမှတ်ခဲ့ရာတွင် သေနတ်သမား ကြည်လင်း(ခ)ဖိုးထူးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၂(၁)(ခ)/ ၃၄ နှင့် ပုဒ်မ ၃ဝ၂(၂) အရ လည်းကောင်း၊ အမှုနှင့် ပါဝင်ပတ်သက်သူ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၂ (၁)(ခ)/၃၄ အရလည်းကောင်း၊ အချုပ်လွတ် အာမခံရရှိထားသူ အောင်ဝင်းထွန်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၂ အရ လည်း ကောင်း၊ သေနတ်သမားကြည်လင်း(ခ)ဖိုးထူးနှင့် အမှု၌ပါဝင်ပတ်သက် သူ အောင်ဝင်းဇော် တို့အား လက်နက်များအက်ဥပဒေပုဒ်မ ၁၉(ဃ)(စ)အရ လည်းကောင်း မြောက်ပိုင်းခရိုင် အထူးတရားခုံရုံးက စွဲချက် တင်အမိန့်များ အသီးသီးချမှတ်ခဲ့သည်။
ပြင်ဆင်မှုတက်ရောက်သည်ကို နှစ်ဖက်ကြားနာ
အမှုနှင့် သက်ဆိုင်သူများက မြောက်ပိုင်းခရိုင် အထူးတရားခုံရုံး စွဲချက်အမိန့်အား ကျေနပ်မှုမရှိ၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ် တော်သို့ ရာဇဝတ်ပြင်ဆင်မှုများ တင်လျှောက်ထားရာ၌ တိုင်းတရား လွှတ်တော် အမှုအမှတ် ၁၄၃(ခ)/၂ဝ၁၈ အယူခံတရားလို ဦးကိုနီ ၏ ဇနီး ဒေါ်တင်အေး၊ ¤င်း၏ရှေ့နေ ဦးခင်မောင်ဌေး၊ အမှုအမှတ် ၅၇ (ခ)/၂ဝ၁၈ အယူခံတရားလွှိုဗဌှု ယာဉ်မောင်း ဦးနေဝင်း၏ ဇနီး ဒေါ်စုသက်ခိုင်၊ ¤င်း၏ရှေ့နေ ဦးရောဘတ်စန်းအောင်၊ အမှုအမှတ် ၆၁(ခ)/၂ဝ၁၈ နှင့် အမှုအမှတ် ၆၅(ခ)/၂ဝ၁၈ အယူခံတရားလို ကြည်လင်း(ခ)ဖိုးထူး၊ အမှုအမှတ် ၆၂(ခ)/၂ဝ၁၈ နှင့် အမှုအမှတ် ၆၄ (ခ)/၂ဝ၁၈ အယူခံတရားလို အောင်ဝင်းဇော်၊ အမှုအမှတ် ၅၄(ခ)/ ၂ဝ၁၈ အယူခံတရားလို ဇေယျာဖြိုး၊ အမှုအမှတ် ၆၃(ခ)/၂ဝ၁၈ အယူခံတရားလို အောင်ဝင်းထွန်း၊ အားလုံးတို့၏ရှေ့နေ ဦးကျော်ကျော် ထိုက်က ရာဇဝတ်ပြင်ဆင်မှု ၆ မှု စုစုပေါင်း ရာဇဝတ်ပြင်ဆင်မှု ၈ မှု၊ တက်ရောက်ရာပြင်ဆင်မှု ၈ မှုအား မေ ၂၅ ရက်တွင် တိုင်းတရားသူကြီး ဦးအောင်နိုင် တရားခွင် ၇ ၌ နှစ်ဖက်အကျိုးဆောင်ရှေ့နေများ၏လျှောက်လဲချက်ကို ကြားနာခဲ့သည်။
တရားခွင်၌ပြောကြား
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တိုင်းတရားသူကြီး ဦးအောင်နိုင်က ''ဒီအမှုဟာ အများစိတ်ဝင်စားတဲ့ အမှုဖြစ်တယ်၊ ဦးရောဘတ်စန်းအောင်ရဲ့ ဖေ့စ်ဘွတ်ခ်မှာတင်တဲ့ အချက်အလက်တွေ၊ ဇေယျာဖြိုးက သတင်းစာအပေါ်ပြောပြချက်တွေနဲ့မဆိုင်ဘူး၊ ဖိအားတွေ မရှိဘူး၊ ဒါကြောင့် ကျွန်တော်မြင်တဲ့အတိုင်း တိတိကျကျ အမိန့်ချမှာ၊ ဒီအမှုကိစ္စနဲ့ ပတ်သက်လို့ အပြင်မှာပြောကြမယ်၊ ပြန်ကြားကြမယ် ဆိုရင် ကျွန်တော်က ဘယ်ပုဒ်မ ဘာကိုတော့ အတည်ပြုတယ်၊ ဘယ်ပုဒ်မက ဘယ်လိုရှိတယ်ဆိုတာကို အကြောင်းပြချက်တွေနဲ့ တင်ပြကြဖို့ မေတ္တာရပ်ခံချင်ပါတယ်''ဟု တရားခွင်၌ ပြောကြား သည်။
ပြင်ဆင်မှုအမိန့်ချမှတ်
တိုင်းဒေသကြီးတရားလွှတ်တော် သတင်းနှင့် ပြန်ကြားရေးအရာရှိ ဒုတိယòန်ကြားရေးမှူး ဒေါ်မြသွေးက''ဒီကနေ့ ကြည်လင်း(ခ)ဖိုးထူး ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂(၁)(ခ)/၃၄ အရ ပုဒ်မ ၃ဝ၂(၂) အရလည်းကောင်း၊ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၂(၁)(ခ)/၃၄ အရလည်းကောင်း၊ အောင်ဝင်းထွန်း ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၂ အရ လည်းကောင်း၊ မူလက မြောက်ပိုင်းခရိုင် အထူးတရားခုံရုံး စွဲချက်အမိန့်အပြင် လုပ်ကြံခံရသူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီရဲ့ဇနီးဒေါ်တင်အေး၊ TAXIယာဉ်မောင်း သေနတ်ထိမှန်သေဆုံးသူ ဦးနေဝင်းရဲ့ ဇနီး ဒေါ်စုသက်ခိုင်တို့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၄၁)(၄၉)(၅၄)အရပါ ထပ်မံစွဲချက်လျှောက်တာကို ပလပ်ခဲ့တာပါ၊ နောက် အောင်ဝင်းဇော်၊ ကြည်လင်း(ခ)ဖိုးထူး၊ အောင်ဝင်းထွန်း ပြင်ဆင်ချက် သုံးမှုအား သက်သေခံပေါ်ပေါက်ချက်အရ ပလပ်ခဲ့ပါတယ်၊ ဇေယျာဖြိုး ပြင်ဆင် ချက် မူလကစွဲချက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂(၁)(ခ)/၃၄ အရ ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၂(၁)(ခ)/၁ဝ၉ အရ နဲ့ ပြောင်းလဲ ပြင်ဆင်မိန့် ချမှတ်ခဲ့ပါတယ်၊ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(ဃ)(စ)အရဖြင့် မူလ စွဲချက်အမိန့် ကြည်လင်း(ခ)ဖိုးထူးနဲ့ အောင်ဝင်းဇော် တို့ မကျေနပ်မှုပြင်ဆင်ချက်မှာ အမှုတွဲများ ပေါ်ပေါက်ချက်များ သက်သေခံချက်များအရ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ အရ ကြည်လင်း(ခ)ဖိုးထူး ပြင်ဆင်လျှောက်ထားချက်အား ပလပ်ပါတယ်၊ အောင်ဝင်းဇော်ရဲ့ မူလစွဲချက်တင်အမိန့်ကို ပယ်ဖျက်ပြီး တရားရှင်လွှတ် ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်''ဟု ပြောကြားသည်။
မြန်မာ့အလင်း၊မျိုးမင်းသိန်း(မရမ်းကုန်း)
No comments:
Post a Comment