Latest News

Thursday, June 21, 2018

မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

နန်းမား ဇွန် ၂ဝ

ကချင်ပြည်နယ် မိုးညှင်းခရိုင် နန်းမားမြို့တောင်အင်းကျေးရွာအုပ်စု အောင်မြေကျေးရွာ၌ ယနေ့နံနက် ၆ နာရီခွဲတွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကချင်ပြည်နယ် မိုးညှင်းခရိုင် နန်းမားမြို့ နယ်မြေရဲတပ်ဖွဲ့စခန်း၏ မယ(ပ)၂၁/၂ဝ၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူ အောင်ဝင်းထွန်း(ခ)ထွန်းထွန်းဆိုသူသည် နန်းမားမြို့ တောင်အင်းကျေးရွာအုပ်စု အောင်မြေကျေးရွာအနီး ယာခင်းရှိ ၎င်း၏နေအိမ်တွင် ရောက်ရှိနေထိုင်ကာ မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ မိုးညှင်းခရိုင်မှုခင်း နှိမ်နင်းရေး ဌာနစိတ်မှ ဒုတိယ ရဲ အုပ်ဇော်လွင် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် ပူးပေါင်း၍ ၎င်းနေအိမ်အား သွားရောက် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာ၌ အောင်ဝင်းထွန်း(ခ)ထွန်းထွန်းမှာ ထွက်ပြေး တိမ်းရှောင်သွားပြီး ၎င်း၏ ဇနီး ဖြစ်သူ မဆိုင်းပန်အား တွေ့ရှိ၍ ဆက်လက်ရှာဖွေစစ်ဆေးရာ အိမ်သာဘေးမြေပြင်ပေါ်တွင် အဝါရောင် အဖုံး ပိတ်လျက် အဖြူရောင်ကော်ဘူးအတွင်း ဘိန်းဖြူ သုည ဒသမ ၂ ဂရမ်ကို ရှာဖွေတွေ့ရှိပြီး နေအိမ် အတွင်း ရှာဖွေရာ အိပ်ရာဘေးရှိ အနက်ရောင်ခါးပတ်အတွင်းမှ M-20 အမျိုးအစား ပစ္စတိုသေနတ်နှစ် လက်နှင့် ၎င်းကျည် အိမ်နှစ်ခု၊ ပစ္စတိုကျည် ၂၄ တောင့်၊ ၇ ဒသမ ၆၂ ကျည်ငါးတောင့်၊ ရေဘူးအိတ်အတွင်းမှ တရုတ်နိုင်ငံလုပ်  MG-1 အမျိုးအစား လက်ပစ်ဗုံးသုံးလုံး၊ ၎င်းလက်ပစ်ဗုံးအတွင်း ထည့်သွင်း အသုံးပြုသည့် ဖြူးသုံးချောင်းတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မဆိုင်းပန်နှင့် အောင်ဝင်းထွန်း (ခ)ထွန်းထွန်းတို့နှစ်ဦးကို နန်းမားနယ်မြေ ရဲတပ်ဖွဲ့ စခန်းက မယ(ပ) ၆/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၂(ခ)/၂၁ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရ သည်။

MWD

No comments:

Post a Comment