Latest News

Tuesday, June 5, 2018

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးမှာ ပါဝင်ခွင့်ဆုံးရှုံးခဲ့ရသည့် ကြယ်ပွင့်ကစားသမားများ

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးမှာ ပါဝင်ခွင့်ဆုံးရှုံးခဲ့ရသည့်
ကြယ်ပွင့်ကစားသမားများ



ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၂ဝ၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို ဇွန် ၁၄ ရက်မှာ စတင်တော့မှာဖြစ်လို့ ရက်သတ္တတစ်ပတ်ကျော်သာ လိုပါတော့တယ်။ နိုင်ငံ့လက်ရွေးစင်အသင်း ၃၂ သင်းရဲ့ ကြယ်ပွင့်ကစားသမားတချို့ဟာ ကိုယ်စားပြုအသင်းတွေမှာ ခြေစွမ်းပြခဲ့ပြီး ကမ္ဘာတစ်ဝန်းက ပရိသတ်တွေရဲ့အာရုံကို  ဖမ်းစားခွင့်ရရှိခဲ့ကြပေမယ့်လည်း  နာမည်ကြီးကြယ်ပွင့်ကစားသမားတချို့ကတော့  ကိုယ်စားပြုနိုင်ငံအသင်းတွေ  ကမ္ဘာ့ဖလားဝင်ခွင့်ဆုံးရှုံးခဲ့ ရတာရယ်၊ နိုင်ငံအသင်းနည်းပြများရဲ့ ရွေးချယ်ခြင်းမှ ချန်လှပ်ခံခဲ့ရတာရယ်တို့ကြောင့် အောက်ပါကြယ်ပွင့်ကစားသမားများဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို ပါဝင်ခွင့်ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။

မိုရက်တာ(စပိန်)

မိုရက်တာဟာ    ရီးယဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းက ပေါင်သန်း ၇ဝ ပေးပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကို ရောက်သွားချိန်မှာ မိုရက်တာရဲ့ ပုံမှန်ခြေစွမ်း ပျောက်ဆုံးခဲ့ရတာကြောင့် ရုရှားနိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့ဖလားကို သွားရောက် ယှဉ်ပြိုင်မယ့်   စပိန်အသင်းမှာ   ပါဝင်ကစားခွင့် ပျောက်ဆုံးခဲ့ရသူ ဖြစ်ပါတယ်။

အလက်ဇစ်ဆန်းချက်ဇ်(ချီလီ)

တိုက်စစ်မှူး    အလက်ဇစ်ဆန်းချက်ဇ်ဟာ နိုင်ငံအသင်းမှာရော ကလပ်အသင်းမှာပါ ခြေစွမ်းပြ ကစားနိုင်စွမ်းရှိခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ အဲဒီလိုခြေစွမ်းပြ  ကစားနိုင်ခဲ့လို့  မန်ယူအသင်း ကလည်း ဆန်းချက်ဇ်ကို အိုးထရက်ဖို့ဒ်အရောက် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီလိုခြေစွမ်းတွေ ရှိနေ ပေမယ့် ချီလီအသင်း ၂ဝ၁၈ ကမ္ဘာ့ဖလားဝင်ခွင့် ဆုံးရှုံးခဲ့တာကြောင့်   ဆန်းချက်ဇ်ရဲ့  ကမ္ဘာ့ဖလား ကန်ချင်တဲ့ မျှော်လင့်ချက်ကုန်ဆုံးခဲ့ရပါတယ်။ ချီလီ အသင်းဟာ ၂ဝ၁၅ နဲ့ ၂ဝ၁၆ မှာ အာဂျင်တီးနား အသင်းကို ကျော်ဖြတ်ပြီး ကိုပါအမေရိကချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့်  အခု ကမ္ဘာ့ဖလားမှာတော့ ဝင်ခွင့်မရရှိခဲ့ပါဘူး။

အီဘရာဟီမိုဗစ်(ဆွီဒင်)

ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိထား ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ နိုင်ငံတကာ လက်ရွေးစင်ကစားသမားအဖြစ်မှလည်း အနားယူ ထားခဲ့တာကြောင့် ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ  ပါဝင်ကစားခွင့်မရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ အီဘရာ ဟီမိုဗစ်ဟာ နိုင်ငံလက်ရွေးစင်အဖြစ်ကနေ အနားယူ ခဲ့ပေမယ့်    ကလပ်အသင်းကစားသမားဘဝမှ အနားယူခဲ့ခြင်းမရှိဘဲ     မန်ယူအသင်းကနေ အမေရိကန်ကလပ် အယ်လ်အေဂလက်ဆီအသင်း ကို ပြောင်းရွှေ့ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

အန်တိုနီမာရှယ်(ပြင်သစ်)

တိုက်စစ်မှူး   အန်တိုနီမာရှယ်ဟာ   မန်ယူ အသင်းမှာ  ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့်  ပြီးခဲ့တဲ့ ဘောလုံးရာသီက လူကာကူနဲ့ ဆန်းချက်ဇ် ရောက်ရှိ လာခဲ့ချိန်မှာ နည်းပြ မော်ရင်ဟိုရဲ့ မျက်နှာသာမပေးမှု နဲ့အတူ ပုံမှန်ကစားခွင့်ပျောက်ဆုံးခဲ့ရပါတယ်။ အဲဒီလို ပုံမှန်ပွဲထွက်ကစားခွင့် ပျောက်ဆုံးခဲ့ရခြင်းရဲ့ရလဒ်က နည်းပြ  ဒက်ချမ့်ရဲ့  ပြင်သစ်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်မရရှိခဲ့ခြင်းအထိ   ဖြစ်လာစေခဲ့ပါတယ်။ နည်းပြ ဒက်ချမ့်ဟာ မာရှယ်ကို ရုရှားမြေသို့ ခေါ်ယူ သွားခဲ့ခြင်းမရှိခဲ့ဘဲ    တိုက်စစ်ပိုင်းအတွက်  ဂျရူး၊ ဂရစ်ဇ်မန်း၊ မက်ပီနဲ့ ဒမ်ဘီလီတို့ကိုသာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဂေါ့ဇီ(ဂျာမနီ)

ဂေါ့ဇီဟာ   ဂျာမနီအသင်းကို   ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူပါ။ ၂ဝ၁၄ ဘရာဇီးကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ဂေါ့ဇီရဲ့ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့်သာ ဂျာမနီ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ တာပါ။  ဒါပေမယ့်  ဒေါ့မွန်အသင်းမှာ   ခြေစွမ်း ပျောက်ဆုံးမှုနဲ့အတူ     ကမ္ဘာ့ဖလားမှာလည်း ဂျိုအာချင်လိုရဲ့ ချန်ထားခဲ့ခြင်းကို ခံခဲ့ရသူပါ။

ချန်ဘာလိန်(အင်္ဂလန်)

လီဗာပူးကွင်းလယ်ကစားသမား ချန်ဘာလိန်ဟာ အင်္ဂလန်အသင်း  ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိခဲ့ပေမယ့် ဒဏ်ရာပြဿနာကြောင့် လွဲခဲ့ရတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။  ချန်ဘာလိန်ဟာ  ဧပြီလအတွင်းက ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နည်းပြ ဆောက်ဂိတ် ကစားသမားရွေးချယ်ချိန်မှာ ဒဏ်ရာမသက်သာခဲ့လို့   ချန်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ချန်ဘာလိန်အတွက် ကမ္ဘာ့ဖလား ကစားခွင့် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

ဖာဘရီဂတ်စ်(စပိန်)

ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ဟာ စပိန် အသင်းနဲ့အတူ ကမ္ဘာ့ဖလားရယူခဲ့ဖူးတဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် ပြင်သစ်မြေမှာ ကျင်းပခဲ့တဲ့ ယူရို ၂ဝ၁၆ ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ပျောက်ဆုံးခဲ့ရသလို အခု ရုရှားမြေမှာ ကျင်းပမယ့် ၂ဝ၁၈ ကမ္ဘာ့ဖလားမှာ လည်း ပါဝင်ခွင့်မရခဲ့ပြန်ပါဘူး။

ဘင်ဇီမာ(ပြင်သစ်)

ရီးယဲလ်မက်ဒရစ်အသင်းရဲ့   တိုက်စစ်ပိုင်းမှာ အားထားရတဲ့ တိုက်စစ်မှူး ဘင်ဇီမာဟာ ပြင်သစ် လက်ရွေးစင်အသင်းနဲ့အတူ     ပွဲထွက်ကစားခွင့် ပျောက်ဆုံးခဲ့တာဆိုရင် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ကတည်းက ဖြစ်ပါတယ်။ အခု ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ လည်း ပြင်သစ်အသင်းဝင်ခွင့်ရရှိခဲ့ပေမယ့် ဘင်ဇီမာကို ချန်ထားခဲ့ပြန်ပါတယ်။ ဘင်ဇီမာကတော့ ကမ္ဘာ့ဖလား ကစားခွင့်ရဖို့ မျှော်လင့်နေဆဲဖြစ်ပြီး  ဘယ်အချိန်မှာ ပါဝင်ကစားခွင့်ရမလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဘတ်ဖွန်(အီတလီ)

အသက် ၄ဝ အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်ဂိုးသမားကြီး ဘတ်ဖွန်ဟာ  အီတလီအသင်းနဲ့အတူ  ကမ္ဘာ့ဖလား ချန်ပီယံဆုဖလားကို  ကိုင်မြှောက်အောင်ပွဲခံခဲ့ဖူးတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အဲဒါကြောင့် အခု ၂ဝ၁၈ ကမ္ဘာ့ဖလားမှာလည်း အီတလီအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို  ကစားသမားဘဝ နောက်ဆုံး ကစားဖို့ ရည်ရွယ်ခဲ့သူတစ်ဦးပါ။ ဒါပေမယ့် အီတလီ အသင်းဟာ ဝင်ခွင့်ဆုံးရှုံးခဲ့ရတာကြောင့် ဘတ်ဖွန်ရဲ့ ကမ္ဘာ့ဖလားကစားခွင့် မျှော်လင့်ချက် ကုန်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ခရစ္စတီယန်ပူလီဆစ်(အမေရိကန်)

ခရစ္စတီယန်ပူလီဆစ်ဟာ      ငယ်ရွယ်ပြီး တောက်ပတဲ့ ဘောလုံးကြယ်တစ်ပွင့်ပါ။  အဲဒါကြောင့် အမေရိကန်ဘောလုံးအသင်းရဲ့   အားကိုးအားထား ပြုရတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရတာပါ။  ဒါ့အပြင်  ဒေါ့မွန်အသင်းမှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့တဲ့  ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားဝင်ခွင့်ဆုံးရှုံးခဲ့ရတာကြောင့် ခရစ္စတီယန် ပူလီဆစ်အတွက် ရုရှားမြေကို သွားရောက်ကစားခွင့် မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပါတယ်။

ဂါရတ်ဘေးလ်(ဝေးလ်)

ဂါရတ်ဘေးလ်ဟာ လီဗာပူးအသင်းနဲ့ ကစား ခဲ့တဲ့  ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ   နှစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပြီး   ရီးယဲလ်မက်ဒရစ်အသင်းကိုလည်း ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့သူပါ။ ဒါ့အပြင် ဝေးလ်လက်ရွေးစင်အသင်းကိုလည်း ယူရို ၂ဝ၁၆ ပြိုင်ပွဲမှာ    ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းခွင့်ရရှိအောင်     ကူညီပေးခဲ့သူပါ။ ဒါပေမယ့် ဝေးလ်အသင်းက  ကမ္ဘာ့ဖလားဝင်ခွင့် ဆုံးရှုံးခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်ကစားဖော်တွေ ဖြစ်တဲ့ စီရိုနယ်လ်ဒို၊ လူကာမိုဒရစ်၊ ရာမို့စ်တို့လို  ကစားသမားတွေ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားနေတဲ့ အချိန်   ကိုယ်တိုင်ပါဝင်ကစားခွင့်    မရခဲ့တာမို့ ဂါရတ်ဘေးလ်အနေနဲ့   အိမ်မှာပဲ   ကမ္ဘာ့ဖလား ကြည့်ရှုခံစားရတော့မှာပါ။

ဝီရှိုင်းယား(အင်္ဂလန်)

အာဆင်နယ်ကွင်းလယ်ကစားသမား ဝီရှိုင်းယား ဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့်ရရှိထားသူ ဖြစ်ပါတယ်။ ဒါကြောင့် ဝီရှိုင်းယားအနေနဲ့ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ ဖလား ပါဝင်ကစားဖို့ ရုရှားမြေကို ခေါ်သွားပါလို့ တောင်းဆိုခဲ့သူတစ်ဦးပါ။ ဒါပေမယ့် အင်္ဂလန်အသင်း နည်းပြ  ဆောက်ဂိတ်က မတူညီတဲ့လားရာတစ်ခု အပါအဝင် ဒဏ်ရာပြဿနာ ကြုံတွေ့နေတာကြောင့် ဝီရှိုင်းယားကို ချန်ထားခဲ့တာဖြစ်ပါတယ်။

အိုင်ကာဒီ(အာဂျင်တီးနား)

အာဂျင်တီးနား    ကြယ်ပွင့်ကစားသမား အိုင်ကာဒီဟာ အီတလီစီးရီးအေပြိုင်ပွဲမှာ အင်တာ မီလန်အသင်းနဲ့အတူ   ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈  အီတလီစီးရီးအေပြိုင်ပွဲမှာဆိုရင် အိုင်ကာဒီလို ဂိုးသွင်းစံချိန်တင်နိုင်ခဲ့တဲ့ ကစားသမား မရှိခဲ့ပါဘူး။  ဒါပေမယ့်  အိုင်ကာဒီရဲ့   အီတလီ စီးရီးအေသွင်းဂိုး ၂၉ ဂိုးသွင်းယူနိုင်မှုဟာ အာဂျင် တီးနားအသင်းမှာ ပါဝင်ကစားခွင့်ရရှိဖို့အတွက်  မလုံလောက်ခဲ့ပါဘူး။ အဲဒါကြောင့် အာဂျင်တီးနား အသင်းဟာ လီယွန်နယ်မက်ဆီ၊ အဂူရို၊ ဒိုင်ဘာလာနဲ့ ဟီဂူအင် တို့ကိုသာ  ရုရှားမြေမှာ  ပါဝင်ကစားဖို့ ထည့်သွင်းခဲ့တာဖြစ်ပြီး       အိုင်ကာဒီကိုတော့ ချန်ထားခဲ့တာပါ။


Mirror

No comments:

Post a Comment