Latest News

Tuesday, June 5, 2018

မြန်အောင်မှ ငါးတန်းကျောင်းသူလေးအားဓမ္မတာဆန့်ကျင် သတ်ဖြတ်သူတရားခံကို သေဒဏ်ချမှတ်

မြန်အောင်မှ ငါးတန်းကျောင်းသူလေးအားဓမ္မတာဆန့်ကျင် သတ်ဖြတ်သူတရားခံကို သေဒဏ်ချမှတ်

ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင်တရားရုံးက  မြန်အောင်မြို့နယ် လက်ပံကွင်းအထကမှ  ငါးတန်းကျောင်းသူလေးအား  ဓမ္မတာဆန့်ကျင် သတ်ဖြတ်သူ တရားခံကို မေ ၃၁ ရက်တွင် ပြစ်မှုထင်ရှားကြောင်း စစ်ဆေး သိရသဖြင့် သေဒဏ်အပြစ်ပေးလိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၂ဝ ရက် ညနေ ၄ နာရီခန့်တွင် မြန်အောင်မြို့နယ် အင်ပင်နယ်မြေရဲစခန်းအပိုင် မျှင်ဝါးတောင်ကျေးရွာအုပ်စု  ညောင်ခုံကျေးရွာနေ မ------- ငါးတန်းကျောင်းသူသည် လက်ပံကွင်းအထကမှ ညနေကျောင်းဆင်း၍ နေအိမ်သို့ပြန်လာစဉ် ငါးဘတ်ချောင်းကျေးရွာနှင့် စာနီစုကျေးရွာ ချောင်းကူးအနီးလမ်းမပေါ်တွင် စက်ဘီးလဲကျနေပြီး အနီးရှိ စပါးခင်းထဲတွင် မှောက်လျက်အနေအထားဖြင့် မျက်နှာ၊ နှာခေါင်း၊  ပါးစပ်တို့ တွင် ရွှံ့များဝင်နေပြီး သတိလစ်နေသည်ကို ရွာသားသုံးဦးက မြင်တွေ့ရသည် ဟု ဆို၏။ ထိုမှ မ-------- ၏ အဒေါ်က ဟင်္သာတဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားသဖြင့်  အင်ပင်နယ်မြေရဲစခန်းသို့  တိုင်တန်းခဲ့ရာ  စခန်းမှူး ရဲအုပ်ဟန်ဇော်ထွန်းက အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူတရားခံကို စုံစမ်းရှာဖွေ ခဲ့ပြီး လေးရက်မြောက်နေ့တွင် တစ်ရွာတည်းနေ အုန်းဌေး (၃၇)နှစ်ဖြစ် ကြောင်း၊ ဓမ္မတာဆန့်ကျင်စွာ ပြုလုပ်မှုဖြင့် သေဆုံးခြင်းဖြစ်ကြောင်း၊ ပြစ်မှုပုဒ်မ ၃ဝ၂/၃၇၇ ဖြင့် အမှုကို ဟင်္သာတခရိုင်တရားရုံးတော်၌ တရားစွဲဆိုထားခဲ့ရာ မေ ၃၁ ရက်တွင် ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။          

ပုသိမ်လှကြည်
ပြန်​/ဆက်

No comments:

Post a Comment