Latest News

Sunday, June 17, 2018

တရားမဝင်တင်ဆောင်လာသော နိုင်ငံခြားအရက် ၊ ဘီယာနှင့်ဝိုင် များဖမ်းဆီးရမိ

တရားမဝင်တင်ဆောင်လာသော နိုင်ငံခြားအရက် ၊ ဘီယာနှင့်ဝိုင် များဖမ်းဆီးရမိ


နမ့်စန် (တ) ဇွန် ၁၇

 ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ဇွန် ၁၆ ရက် နံနက်၃ နာရီအချိန်ခန့်က နမ့်စန်-မိုးနဲ မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်တွင် ၁၂ ဘီးယာဉ်ဖြင့် တရားမဝင် တင်ဆောင်လာသော နိုင်ငံခြားအရက်များ ၊ ယိုးဒယားနိုင်ငံထုတ် ဘီယာနှင့်ဝိုင်များ (စုစုပေါင်းကာလတန်ဖိုး ၁၂၇၈၆၆၀၀၀ ကျပ်)ဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။

 နမ့်စန်မြို့မရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များ နှင့် အမှတ်(၇၀၁၄) သံချပ်ကာတပ်မှ တပ်မတော်သား များပါဝင်သော ပူးပေါင်း အဖွဲ့သည် မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်တွင် ရှောင်တခင်ပိတ်ဆို့ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် မိုးနဲမြို့ မှ နမ့်စန်မြို့သို့ ရွှေညောင်မြို့နေ ယာဉ်မောင်း သန်းထိုက် မောင်းနှင်ပြီး မြတ်မင်းသူ နှင့် တင်ဆန်းဦး တို့လိုက်ပါလာသော NISSAN DIESE အဖြူရောင် (၁၂)ဘီးယာဉ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ရာ တရားမဝင်တင်ဆောင်လာသော နိုင်ငံခြားအရက် BLACK LABEL တစ်လီတာဝင်ပုလင်း ၁၂ ပုလင်းပါ ၁၃၀ ဖာ ၊ ၀.၇၅လီတာဝင်ပုလင်း ၁၂ပုလင်းပါ ၅၀ ဖာ ၊ ၀.၃၇၅ လီတာဝင် ပုလင်း ၂၄ ပုလင်းပါ ၂၄ ဖာ ၊ ၀.၂ လီတာဝင် ပုလင်း ၂၄ ပုလင်းပါ ၂၈ ဖာ ၊ JOHNNIE WALKER AGED 18 YEAR တစ်လီတာပုလင်း ၆ ပုလင်းပါ ၃၀ ဖာ ၊ ယိုးဒယားနိုင်ငံထုတ် SPY ဝိုင်အရက် ၂၄ ပုလင်းပါ ၄၁၁ ဖာ ၊ ယိုးဒယားနိုင်ငံထုတ် DIABLO BEER ၂၄ ဗူးပါ ၁၃၄၄ ဖာ တို့ကိုဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

 အဆိုပါ တရားမဝင်အရက် ၊ ဘီယာနှင့်ဝိုင်များတင်ဆောင်လာသူ သန်းထိုက် ၊ မြတ်မင်းသူ ၊တင်ဆန်းဦး နှင့် မော်တော်ယာဉ်ဖြင့် တင်သွင်းပို့ဆောင်ရန်စေခိုင်းသူ ပစ္စည်းပိုင်ရှင် လင်းခေးမြို့နယ် ဝမ်ဟတ်ကျေးရွာအုပ်စု ၊ နားကုန်းကျေးရွာနေ မနန်းခမ်းအောင် တို့ ၄ ဦးအား နမ့်စန်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးအရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

သူရအောင်(ပြန်/ဆက်)

No comments:

Post a Comment