ကျေးရွာ ချင်းဆက် ချောင်းလှချောင်းတံတား ရေစီးကြမ်းသဖြင့် တံတားအလယ်တိုင်(၂)တိုင် နှိမ့်ကျ ကာ တိုင်ခြေယိုင်မှုဖြစ်ပွား
ပုလော ဇွန် ၁၇
ပုလောမြို့နယ်၊ ရှမ်းဒွတ်ကျေးရွာ အုပ်စု၊ မင်းဝင်းကျေးရွာနှင့် ချောင်းလှကျေးရွာသို့ ဆက်သွယ် ထား သော ချောင်းလှချောင်း ဘေလီသံ ဘောင်တံတားမှာ မိုးသည်ထန်စွာ ရွာသွန်းပြီး၊ တောင်ကျရေစီး သန်မှု ကြောင့် ဇွန်လ (၁၇)ရက်နေ့က အလယ်(၂)ဂွင်မှာ (၅)ပေခန့် နိမ့်ကျ ကာ တိုင်ခြေယိုင်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
အဆိုပါ ချောင်းလှ ဘေလီ သံဘောင် ၊ ပျဉ်ခင်း တံတားမှာ အလျား(၁၆၀)ပေ၊ အနံ (၆)ပေ ရေမျက်နှာ ပြင် အမြင့် ပေ(၂၀) ရှိပြီး၊ တံတား(၄)ဂွင်ရှိသည့် အနက် အလယ်(၂)ဂွင်တွင် (၅)ပေခန့် နှိမ့်ကျကာ တိုင်ခြေများ ယိုင်ပြီး၊ ကမ်းကပ်ခုန် (၁)ဘက်စီ ကျန်ခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားကို ကျေးလက် ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း ဧပြီလ တွင် ဆောက်လုပ်ပြီးစီးကြောင်းနှင့် တံတား အလယ်ပိုင်း နှိမ့်ကျ ကာ တိုင်ခြေ ယိမ်းယိုင်မှု ဖြစ်ပွားခဲ့သော ချောင်းလှချောင်း တံတားအား ကျေးရွာနေ ပြည်သူများ သွားလာမှု အဆင်ပြေ ချောမွေစေရေးအတွက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်လမ်း ဦးစီးဌာနမှ သိရှိရသည်။
မြို့နယ် ပြန်/ဆက်
Sunday, June 17, 2018
ကျေးရွာ ချင်းဆက် ချောင်းလှချောင်းတံတား ရေစီးကြမ်းသဖြင့် တံတားအလယ်တိုင်(၂)တိုင် နှိမ့်ကျ ကာ တိုင်ခြေယိုင်မှုဖြစ်ပွား
ကျေးရွာ ချင်းဆက် ချောင်းလှချောင်းတံတား ရေစီးကြမ်းသဖြင့် တံတားအလယ်တိုင်(၂)တိုင် နှိမ့်ကျ ကာ တိုင်ခြေယိုင်မှုဖြစ်ပွား
Reviewed by Ar Ti
on
6:36 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment