Latest News

Sunday, June 17, 2018

မြောင်းမြတွင် စာသင်သံဃာတစ်ပါး ဓာတ်လိုက်၍ ပျံလွန်တော်မူ

မြောင်းမြတွင် စာသင်သံဃာတစ်ပါး ဓာတ်လိုက်၍ ပျံလွန်တော်မူ

မြောင်းမြ ဇွန် ၁၇

       ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်ရှိ ဇေယျမေဒနီစာသင်တိုက်တွင် ယနေ့ညနေ (၅:၃၀)ခန့်၌ စာသင်သံဃာတစ်ပါး ဓာတ်လိုက်ပြီး ပျံလွန်တော်မူခဲ့သည်။

       အဆိုပါ သံဃာတော်သည် ဦးကုလပတိ(သက်တော် ၂၄) ဖြစ်ပြီး ကျောင်းတွင်းသန့်ရှင်းရေးပြုလုပ်ရင်း ဓာတ်လိုက်ခြင်းခံရပြီး အချိနိမီ ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း လမ်းခုလတ်တွင် ပျံလွန်တော်မူခဲ့သည်။ သက်ဆိုင်ရာမှ PR 048ဖြင့် လက်ခံခဲ့ပြီး မြောင်းမြမြို့နယ်ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ် တင်ကိုကိုလင်းမှ သေမှုသေခင်းအမှတ်စဉ် ၂၅/၂၀၁၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မိုးစက်(မြောင်းမြ ပြန်/ဆက်)

No comments:

Post a Comment