Latest News

Friday, June 15, 2018

ကမ္ဘာ့ဖလားပွဲစဉ်မျ စတင်ကျင်းပ အိမ်ရှင်​က ဆော်ဒီအာရေဗျကို ငါးဂိုးပြတ်နိုင်ပွဲရရှိ

ကမ္ဘာ့ဖလားပွဲစဉ်မျ စတင်ကျင်းပ အိမ်ရှင်​က ဆော်ဒီအာရေဗျကို ငါးဂိုးပြတ်နိုင်ပွဲရရှိ

ရုရှားနိုင်ငံက   အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို   ယနေ့စတင် လိုက်ပြီဖြစ်သည်။ ယင်းသို့စတင်ခဲ့ရာ တွင် အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်ရုရှား အသင်းနှင့် ဆော်ဒီအာရေဗျအသင်း တို့၏  ပွဲစဉ်ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး အိမ်ကွင်းအဖြစ်     မော်စကိုမြို့ရှိ လုဇ်နီကီကွင်းကို  ရွေးချယ်အသုံးပြုခဲ့ခြင်းဖြစ်သည်။

အဖွင့်ပွဲစဉ်မတိုင်မီ  ရုရှားသမ္မတ ဗလာဒီမာပူတင်က မိန့်ခွန်းပြောကြား ခဲ့ပြီး  ရုရှားအသင်းနှင့်  ဆော်ဒီ အာရေဗျအသင်းတို့ပွဲစဉ်ကို  ပူတင် နှင့်အတူ    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌ    အင်ဖန်တီနိုလည်း  တက်ရောက်    ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်ဖြစ်သည့် အိမ်ရှင်ရုရှားအသင်းနှင့် ဆော်ဒီအာရေဗျအသင်းတို့၏ ပွဲစဉ်တွင် ရုရှားအသင်းက ငါးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အိမ်ရှင်ရုရှားအသင်းအတွက် သွင်းဂိုးများကို ပွဲကစားချိန် ၁၂ မိနစ်တွင် ဂါဇင်စကီးကလည်းကောင်း၊ ပွဲကစားချိန် ၄၃ မိနစ်တွင် ချယ်ရီရှက်ဗ်ကလည်းကောင်း၊ ပွဲကစားချိန် ၇၁ မိနစ်တွင် ဒိုင်ယူဘာကလည်းကောင်း ၊ ပွဲကစားချိန် မိနစ် ၉ဝ တွင် ချယ်ရီရှက်ဗ်ကလည်းကောင်း၊ နာကျင်အချိန်ပိုတွင် ဂိုလိုဗင်ကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့ ခြင်းဖြစ်သည်။

လက်ရှိကမ္ဘာ့ဖလားချန်ပီယံအသင်းမှာ ဂျာမနီအသင်းဖြစ်ပြီး လက်ရှိကျင်းပလျက်ရှိသည့် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇူလိုင် ၁၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လေးနှစ်တစ်ကြိမ်ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလားပြိုင်ပွဲသည် ဘောလုံးလောကတွင် တန်ဖိုးအမြင့်ဆုံးပြိုင်ပွဲဖြစ် ပြီး အသင်းပေါင်း ၃၂ သင်း  ပါဝင်ယှဉ်ပြိုင်လျက်ရှိကာ အဖွင့်ပွဲစဉ်တွင် ပရိသတ် ၈ဝဝဝဝ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

Mirror

No comments:

Post a Comment