Latest News

Friday, June 15, 2018

ဟုမ္မလင်းမြို့နယ်တွင် ငွေနှင့် ရွှေထည်များ လုယက်ယူဆောင်သူများကို ဖမ်းဆီးရမိ

ဟုမ္မလင်းမြို့နယ်တွင် ငွေနှင့် ရွှေထည်များ လုယက်ယူဆောင်သူများကို ဖမ်းဆီးရမိ

နေပြည်တော်  ဇွန်  ၁၄

စစ်ကိုင်းတိုင်းဒေသကြီး   ကနီမြို့နယ် ဒဟတ်တောကျေးရွာနေ ဒေါ်ရီရီဝင်း (၄၃ နှစ်) နှင့်    ¤င်း၏မောင်  ဇော်မင်းထွန်း  (၂၈ နှစ်) တို့သည်  နံသာကျေးရွာအုပ်စု ဟွေ့ချောင်းရွှေမှော်ရှိ နေအိမ်ဈေးဆိုင်၌  အိပ်နေစဉ်   ဇွန် ၈ ရက် နံနက် ၁ နာရီက  မျက်နှာတွင်     အဝတ်များစည်းလျက် လက်နက်များ    ကိုင်ဆောင်ထားသော အမျိုးသား   ၁၂   ဦး  (စိစစ်ဆဲ) သည် ဈေးဆိုင်အတွင်း ဝင်ရောက်၍ ဇော်မင်း ထွန်းအား      ဓားဖြင့်ခုတ်သည့်အပြင်  ငွေကျပ် သိန်း ၅ဝ ခန့်၊ ရွှေ ၂ဝ  ကျပ်သား၊  လက်ကိုင်ဖုန်းတစ်လုံး၊ ဃဗြီဗ-၁၂၅ ဆိုင်ကယ်တစ်စီးတို့အား  လုယက်ယူ ဆောင်သွားသဖြင့်   မိုင်းကိုင်းနယ်မြေ ရဲစခန်းက အမှုဖွင့်စုံစမ်းခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီး ရမိရေးအတွက် မိုင်းကိုင်းနယ်မြေရဲစခန်းမှ  ရဲအုပ် မျိုးမင်းညွန့် ဦးစီးသည့် ရဲတပ်ဖွဲ့ ဝင်များ၊ တပ်မတော်သားများပါဝင်သည့်  ပူးပေါင်းအဖွဲ့က လိုက်လံစုံစမ်းဆောင်ရွက် နေစဉ် ဇွန် ၁၃ ရက်က စေတီဆိပ်ကျေးရွာ အနီး နန်းစားကျေးရွာနေ ကျော်ရွှေ (၄၂ နှစ်)   ၏  တဲကို    ဝင်ရောက်ရှာဖွေရာ တဲတွင်း၌ ကျော်ရွှေနှင့်အတူ ဗန်းမောက် မြို့နယ် မံနားကျေးရွာနေ ဘထွန်း (၁၉ နှစ်)၊     တစ်ရွာတည်းနေ     ထွန်းချို (၁၉နှစ်) တို့ကို တွေ့ရှိသဖြင့်  စစ်ဆေးခဲ့ သည်။

စစ်ဆေးချက်အရ ¤င်းတို့နှင့်အတူ  ပြစ်မှုကျူးလွန်သူများမှာ   ကောလင်း မြို့နယ် တောင်စိမ်းကျေးရွာနေ စိုးအောင် (၄ဝနှစ်)၊ ပင်လည်ဘူးမြို့နယ် မြေကုလား ကျေးရွာနေ ခင်ထူး(၃၄နှစ်)၊ ဗန်းမောက် မြို့နယ် နန်းဇားကျေးရွာနေ ခင်ရွှေ(၃၅ နှစ်)၊ တစ်ရွာတည်းနေ ဖေဉာဏ် (၃ဝ နှစ်)၊ ထွန်းမြင့်ဦး(၁၉နှစ်)၊ ဖောင်းပြင် မြို့နယ် ကရာစုကျေးရွာနေ ကိုကိုချစ် (ခ)ချစ်မိုးဦး  (၂၅ နှစ်)   တို့ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ပြစ်မှုကျူးလွန်သူ  ကျော်ရွှေထံမှ ပြစ်မှုကျူးလွန်စဉ်က ရရှိခဲ့သည့် ငွေကျပ်  ငါးသိန်းနှင့်    သက်သေခံပစ္စည်းများ သိမ်းဆည်းရမိခဲ့သောကြောင့် ကျော်ရွှေ ပါ  သုံးဦးတို့ကို  အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်းနှင့် ကျန်ပြစ်မှုကျူးလွန်သူများ အား   လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။        
                         
ကိုရဲ(ပြန်​/ဆက်​)

No comments:

Post a Comment