မာဆေးဆိုက် ဇွန် ၅
ပြီးခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ လီဗာပူး အသင်း ၃ ဂိုး - ၁ ဂိုး ဖြင့်ရှုံးနိမ့်ခဲ့ရာ ထိုပွဲတွင် လီဗာပူးဂိုးသမား ကာရီရက်စ်သည် ဆိုးရွားလွန်း သော အမှားနှစ်ခုကျူးလွန်မိခြင်းမှ နှစ်ဂိုးပေးခဲ့ရခြင်းအတွက် ဖြေမ ဆည်နိုင် အောင်ဖြစ် ခဲ့ရပြီး ကစားသမား ဘဝကို ဆိုးရွားစွာ ထိခိုက်စေမည့် ဝေဖန်မှုများခံခဲ့ရသည်။
ထိုပွဲတွင် ကာရီရက်စ်သည် လက်ပစ်ဘောကို ရီးယဲလ်တိုက်စစ်မှူးဘင်ဇီမာ၏ ခြေထောက်ထဲ ပစ်ထည့် မိခြင်းကြောင့် တစ်ဂိုး ပေး ခဲ့ရသလို ဂါရတ်ဘေးလ်၏ အဝေးကန်ချက်မှာ လည်း လက်နှစ်ဖက်ကြားမှ ချော်ထွက်ပြီး ဂိုးဝင် သွားခဲ့ခြင်းကြောင့် နောက်ထပ် လီဗာပူးတွင် ကစားရန် မသင့်တော့ဟု သုံးသပ်မှုများ ရှိနေသည်။
သို့သော် ကာရီရက်စ်ကို လီဗာပူးအသင်း ဆေးအဖွဲ့က မသင်္ကာခြင်းကြောင့် မက်ဆာချူးဆက် အထွေထွေ ဆေးရုံရှိ ဦးနှောက်နှင့် အာရုံကြော အထူးကု တစ်ဦးထံ စေလွှတ်ပြီး ဆေးစစ်ခိုင်းခဲ့ရာ စစ်ဆေးမှု ၃ဝ တွင် ၂၆ ခု၌ ထိုပွဲတွင် ကာရီရက်စ်သည် ထိခိုက်မှုကြောင့် သတိလက်လွတ် ဖြစ်နေခဲ့သည့် အခြေအနေများ တွေ့ခဲ့ ကြောင်း သိရသည်။
ကာရီရက်စ်မှာ ပြီးခဲ့သည့် ရက်ပိုင်းက အမေရိကန်သို့ အားလပ်ရက် အပန်းဖြေခရီး ထွက်စဉ် လီဗာပူး အသင်းအား ပိုင်ဆိုင်သော Fenway Sports Group မှအမေရိကန် ဘောလုံးသမားများ ဦးခေါင်း ထိခိုက်မှုများကို အထူးပြု စစ်ဆေးသည့် ဆရာဝန် ရော့စ်ဇာဖွန်တီထံ သွားပြစေခဲ့ရာမှ ထိုသို့ အနေအထားရှိကြောင်း သိခဲ့ရခြင်းဖြစ် သည်။
ဘင်ဇီမာ၏ခြေထောက်ထဲ ဘောလုံးပစ်မထည့် မီ နှစ်မိနစ်က ကာရီရက်စ်သည် ခံစစ်မှူး ဗန်ဒစ် တွန်းလွှတ် လိုက်သော ရီးယဲလ်ခံစစ်မှူး ရာမို့စ်၏ တံတောင်ဖြင့် ခေါင်းကို ထိခိုက်မိပြီး လဲကျသွားရာ ထို အရှိန်ကြောင့် အသိတရား ပျောက်ဆုံးသလိုရှိခဲ့ပြီး အမှားများ ဆက်တိုက် ကျူးလွန်မိခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ခဲ့ကြသည်။ ကာရီရက်စ်အပေါ် ရာမို့စ်၏ လုပ်ရပ်ကို ယူအီးအက်ဖ်အေက ပြန်လည် စစ်ဆေးအရေး ယူ ရန် မရှိဟု လည်း ထုတ်ပြန်ထားသည်။
MWD
No comments:
Post a Comment