Latest News

Wednesday, June 6, 2018

မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်တွင် အမျိုးသားတစ်ဦးအား ၎င်း၏နေအိမ်အရှေ့၌ ဓားထာက်၍ လုယက်မှုဖြစ်ပွား

မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်တွင် အမျိုးသားတစ်ဦးအား
၎င်း၏နေအိမ်အရှေ့၌ ဓားထာက်၍ လုယက်မှုဖြစ်ပွား

မြစ်ကြီးနား   ဇွန် ၆

မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်၊ နယ်မြေ ၁၂ အိမ်အမှတ် (၆၀၆)၏နေအိမ်အရှေ့တွင် အမျိုးသားတစ်ဦးအား ဓါးထောက်၍ ကျပ်သိန်း(၅၀၀)ခန့်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လုယက်မှုသည် ဇွန် ၅ရက်  ညနေ၆နာရီခန့်တွင်
ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လုယက်ခံရသူ ကိုကျော်ဝေ(၂၆)နှစ်သည်
ဟွန်ဒါဖစ်ကားဖြင့် မောင်းနှင်ပြီး အပြင်မှပြန်လာခဲ့ရာ ၎င်း၏အိမ်ရှေ့တွင်ကားရပ်ထားစဉ် မျက်နှာတွင်နှာခေါင်းစည်းတပ်ဆင်လျှက် လူနှစ်ဦးမှ ဓားထာက်၍လုယက်သွားခဲ့ခြင်းဖြစ်ကြောင်း ကျွန်းပင်သာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုင်းက ပြောသည်။

``လာလုတဲ့လူတွေကလည်း တိုရိုတာခဲရောင်ကားနဲ့ပဲ
ကားပေါ်မှာလူနှစ်ယောက်ကထိုင်နေတယ် ကားစက်ကရယ်ဒီနိုးထားတယ်သူကသူ့အိမ်ရှေ့ရောက်တော့ အိမ်တံခါးကိုဖွင့်ပြီး ကားသွင်းမယ်လို့လုပ်နေတဲ့အချိန်မှာ လူနှစ်ယောက်ကဓါးထောက်ပြီး ကားထဲကပိုက်ဆံကိုယူသွားတာလို့ ပြောပါတယ် စုစုပေါင်း လူလေးယောက်ပါကားနံပါတ်ကိုလည်းမမှတ်မိဘူးလို့ ပြောပါတယ် ´´ဟု ၎င်းကပြောသည်။

လုယက်ခံရသူ ကိုကျော်ဝေသည် ပြင်ပငွေလွှဲလုပ်ကိုင်သူဖြစ်ပြီး ဇွန်လ ၅ရက်မွန်းလွှဲ ၃နာရီ ခန့်တွင် မြစ်ကြီးနားမြို့ရှိ KBZဘဏ်တွင်
ငွေသိန်း၅၀၀ထုတ်ပြီး မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက် အတွင်းရှိ
ပြည်လုံးချမ်းသာ ဘုရားဘုန်းကြီးကျောင်း၏ အရှေ့အမက(၂)ကျောင်း၏ ဘေးတွင်၎င်းဖွင့်လှစ်ထားသည့် လပ်ကီးမုန့်ဆိုင်တွင် ငွေ၁၀သိန်းကိုထုတ်၍  ထားခဲ့ပြီးကျန်ငွေကျပ်သိန်းပေါင်း (၄၉၀) ကို ၎င်း၏ကားထဲတွင်ထည့်၍ ပြန်လာရာကျွန်းပင်သာရပ်ကွက် အိမ်အမှတ်(၆၀၆)နေအိမ်အရှေ့တွင် လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါလုယက်မှုအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ဇွန်(၆)ရက် ညနေအထိအမှုလာရောက် ရေးဖွင့်ထားခြင်း မရှိကြောင်း အဆိုပါစခန်း၏စခန်းမှူးရဲမှူးဇော်လင်းကပြောသည်။

မြန်​မာ့အလင်း၊မင်းမင်းဦး

No comments:

Post a Comment