Latest News

Wednesday, June 6, 2018

ပီရက်ဇ်နှင့်စကားများပြီး ဇီဒန်းရာထူးမှထွက်ခြင်းဖြစ် ကာတာမှ ပေါင် ၁၇၆ သန်းဖြင့်ကမ်းလှမ်းဖွယ်ရှိ

ပီရက်ဇ်နှင့်စကားများပြီး ဇီဒန်းရာထူးမှထွက်ခြင်းဖြစ် ကာတာမှ ပေါင် ၁၇၆ သန်းဖြင့်ကမ်းလှမ်းဖွယ်ရှိ

မက်ဒရစ်     ဇွန်      ၅

ချန်ပီယံလိဂ်ဖလားကို  သုံးရာသီဆက်တိုက်ရယူပေးပြီနောက် ငါးရက်အကြာတွင်  ရာထူးမှနုတ်ထွက်သွားသော  ဇီဒန်း၏ နုတ်ထွက်ရခြင်း အကြောင်းကို The Sun သတင်းစာက ထုတ်ဖော်ခဲ့ရာ ဇီဒန်းသည် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီး အသင်းဥက္ကဋ္ဌပီရက်ဇ် နှင့်စကားများရာမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဇီဒန်းက ချယ်လ်ဆီး တောင်ပံကစားသမား  ဟာဇက်ကိုခေါ်ယူမည်ဟု ပီရက်ဇ်အားပြောဆိုခဲ့ရာ ပီရက်ဇ်က လက်မခံဘဲ မန်ယူဂိုးသမား ဒီဂီယာကိုသာ အသင်းအနာဂတ်ဂိုးသမားအဖြစ် ခေါ်ယူမည်ဟုဆိုခဲ့ရာ  ဇီဒန်းက  လက်ရှိ အသင်းဂိုးသမား ကေလာနာဗက်စ် အပေါ်တွင်  ယုံကြည်မှုအပြည့်ရှိပြီး ဒီဂီယာကိုမလိုအပ်ဟု တုံ့ပြန်ခဲ့သည်။

ထိုသို့ဖြစ် ရာမှ ဇီဒန်းက ''ပီရက်ဇ်ရေ ခင်ဗျားပဲ အသင်းကိုဆက်ပြီး  ဂရုစိုက်လိုက်ပါတော့''ဟု ပြောပြီး ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ဇီဒန်းသည် နည်းပြအဖြစ်မှ တစ်နှစ်ကြာ အနားယူမည်ဟု ဆိုထားသော်လည်း အီဂျစ် ဘီလျံနာ နာဂစ်ဆွာအစ်က ၂ဝ၂၂ကမ္ဘာ့ဖလား အိမ်ရှင် လုပ်ခွင့်ရထားသော ကာတာနိုင်ငံက ဇီဒန်းကို ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်ကမ္ဘာ့ ဖလား ပွဲပြီးချိန် အထိ နိုင်ငံအသင်းကို နည်းပြရန်  ပေါင်  ၁၇၆သန်းဖြင့် ကမ်းလှမ်းမည် ဖြစ်ကြောင်း ပြောဆိုခဲ့ရာ ထိုအ လုပ်ကို လက်ခံပါက ဇီဒန်းသည် တစ်ရက်လုပ်ခ ပေါင် ၁၂ဝဝဝဝ ရရှိမည်ဖြစ်သည်။

MWD

No comments:

Post a Comment