Latest News

Friday, June 8, 2018

ညောင်ဦးတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပုဂံမြို့ဟောင်းရှိ ဘုရားအမှတ် ၁၃၇၈ စေတီတစ်ဆူ ပြိုကျပျက်စီးမှုဖြစ်ပွား

ညောင်ဦးတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပုဂံမြို့ဟောင်းရှိ ဘုရားအမှတ် ၁၃၇၈  စေတီတစ်ဆူ ပြိုကျပျက်စီးမှုဖြစ်ပွား

ညောင်ဦး     ဇွန်     ၈

မ္တလေးတိုင်းဒေသကြီး  ပုဂံညောင်ဦး  ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင်  ဇွန် ၈ ရက်   ညနေ ၄ နာရီခွဲခန့်က  မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး  အဆိုပါမိုးသည်း ထန်စွာရွာသွန်းမှုကြောင့်  ပုဂံမြို့ဟောင်း   မြင်းကပါကျေးရွာ အခြေခံပညာအထက် တန်းကျောင်း အရှေ့ဘက်ရှိ  ဘုရားအမှတ်  ၁၃၇၈  စေတီတစ်ဆူ မိုးဒဏ်ကြောင့် ယနေ့ ညနေ  ၅ နာရီက ပြိုကျပျက်စီး သွားခဲ့ကြောင်း  ရှေးဟောင်းသုတေသန နှင့်   အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ)မှ သိရသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်း မှုကြောင့်   ပြိုကျပျက်စီးသည့်  ဘုရား အမှတ် ၁၃၇၈ စေတီပြိုကျပျက်စီးရာ နေရာသို့   ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး   ဦးအောင်အောင် ကျော်၊      ဒုတိယညွှန်ကြားရေးမှူး ဦးမြင့် သန်းနှင့် ခရိုင်သာသနာရေးဦးစီးဌာန  ဦးစီးမှူး   ဦးနေလင်းသိန်းနှင့်  တာဝန်ရှိ သူများအဖွဲ့က   သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေး   ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

'' ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုရားပြိုကျတယ်ဆိုတာ  မှန်ပါတယ်၊ ပြိုကျတဲ့နေရာက       ပုဂံမြို့ဟောင်း မြင်းကပါကျေးရွာ     အခြေခံပညာ           အထက်တန်းကျောင်း အရှေ့ဘက်မှာ ရှိတဲ့  ဉာဏ်တော်အမြင့် ၂၇ ပေခန့်ရှိ ဘုရားအမှတ် ၁၃၇၈ စေတီပါ၊ မိုးဒဏ် ကြောင့်     ပြိုကျပျက်စီးသွားတာပါ၊ ကျွန်တော်တို့ဆီမှာ မိုးကလည်း ရွာလိုက် ရင်   တအားသည်းတာ  ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့လ မေ ၃ဝ ရက်က မိုးရေချိန် ၄ ဒသမ ၇၆ လက်မ   ရွာသွန်းသွားခဲ့ပြီး     အခု  ဒီလထဲမှာဆိုရင်လည်း   ဇွန် ၃           ရက်က မိုးရေချိန် ၁ ဒသမ ၂၂ လက်မ၊ ဇွန် ၅  ရက်က မိုးရေချိန် ဝ ဒသမ ၇၁ လက်မ၊ ဇွန် ၆ ရက်က   မိုးရေချိန် ၂         ဒသမ ၆၄ လက်မ ၊ ဒီနေ့ ဇွန် ၈ ရက်                   က   မိုးရေချိန်  ဝ ဒသမ၂ဝ လက်မတို့ အသီးသီး  ရွာသွန်းသွားခဲ့ပါတယ်၊ အဲဒီလို မိုးတွေ ဆက်တိုက်သည်းထန်စွာရွာသွန်း ခဲ့လို့     ဘုရားပြိုကျ ပျက်စီးသွားတာ              ဖြစ်ပါတယ်'' ဟု ရှေးဟောင်းသုတေ သနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောပြသည်။

ရဲဝင်းနိုင် (ညောင်ဦး)
ပြန်​/ဆက်

No comments:

Post a Comment