Latest News

Wednesday, June 6, 2018

တပ်မတော်မှ တုန့်ပြန်လာနိုင်သော ကုလ နှင့် သဘောတူညီချက်


ဗုဒ္ဓဟူးနေ့က အစိုးရမှ ကုလသမဂ္ဂ အေဂျင်စီ နှစ်ခု နဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အဆိုပါ သဘောတူဘညီချက်အရ ကုလသမဂ္ဂ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ၀င်ထွက်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ အဆိုပါ အခမ်းအနားကို ရန်ကုန်ရှိ သံတမန် အကြီးအကဲ များ နှင့် လက်မှတ်ရေးထိုးမယ့် UNHCR. UNDP ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ စာချွန်လွှာ မှာ ပါတဲ့ အကြောင်းအရာ အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသော်လည်း ယခင် ဘင်္ဂါလီများ နေထိုင် သွားခဲ့သည့်နေရာများရှိ အခြေအနေများကို ကုလ အနေနဲ့ လွတ်လပ်စွာ ကြည့်ရှု့စစ်ဆေးခွင့် ရရှိသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

UNHCR အနေနဲ့ နေရပ်စွန့်ခွာသူများ မိမိတို့ သဘောဆန္ဒအလျောက် ပြန်လာရေး နဲ့ ပြန်လည်ဝင်ရောက်လာသူများ နေထိုင်ရေး ကို တာဝန်ယူမှာ ဖြစ်ပြီး UNDP အနေနဲ့ ၎င်းတို့ ပြန်လည် ထူထောင်ပေးရေး အစီအစဉ်များကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လက်မှတ် ရေးထိုး ဖြစ်မှုအပေါ် ပြင်သစ် မှ စကာ နိုင်ငံတကာ က ကြိုဆိုလာနေပြီ ဖြစ်ပါတယ်။

တပ်မတော် အနေနဲ့ ယခုထက်ထိ အဆိုပါ ဒေသ အရေးသည် သူတို့ နှင့် သာ ဆိုင်ပြီး ထိမ်းချုပ်ထားဆဲလို့ ယူဆနေတာ ဖြစ်တဲ့ အတွက် နိုင်ငံတော် အတိုင်ပင်ခံ အနေနဲ့ ၀င်ရောက် စွက်ဖက်လိုက်ရတာ ဖြစ်ပါတယ်။

ထို့အတွက် နဂိုကတည်းကမှ လှုပ်လှီလှုပ်လှဲ့ ဖြစ်နေတဲ့ စစ်တပ်နှင့် ဆက်ဆံရေးသည် ပိုမို ရှုပ်ထွေးနိုင်ဖွယ် ရှိတယ်လို့ သုံးသပ်နေကြပါတယ်။ တဖက်ကလည်း စစ်တပ်မှ ကုလ အဖွဲ့များ ၀င်ရောက်မှုကို ခွင့်မပြုပါက စီးပွာရေး ဒဏ်ခတ်မှု တွေ ပိုမို တိုးမြှင်လာဖွယ် ရှိနေပြန်ပါတယ်။

ယခုကဲ့သို့ ကုလနဲ့ လက်မှတ်ထိုးဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွင့်ပြုချက်သည် စစ်တပ်မှ တိုင်းပြည်ရဲ့ အရေးအရာများကို ၀င်ရောက်စွက်ဖက်လာနေခြင်းကို တွန်းထုတ်ပြစ်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ ထို့အပြင် လွတ်လပ်သော စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းခြင်းဖြင့် တပ်မတော်ရဲ့ စုံစမ်း စစ်ဆေးချက်အရ လူ့အခွင့်အရေး ချိုးဖေါက်မှု မရှိဟူသော ပြောဆိုချက်များ အတွက် မေးခွန်းထုတ်လာနိုင်စရာ ရှိနေပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဖက်ကလည်း မကြာမီက ပြုလုပ်ခဲ့တဲ့ အစိုးရ အဖွဲ့ဝင် အပြောင်းအလဲတွေကို ကြည့်ရင် သူမရဲ့ ခြေတံလက်တံများကို ပိုမိုဆန့်ထုတ်လာနေတာ ဖြစ်ပြီး စစ်တပ်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံထက်ကျော်လွန်ပြီး ဒီမိုကရေစီ အခွင့်အရေး များ ပိုမို ရရှိလာမှာကို စိုးရိမ်မကင်း ဖြစ်နေပါတယ်။

ယခုအရေးကိစ္စမှာလည်း စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိပဲ အောင်မြင်နိုင်မှာ မဟုတ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်အဖို့ ပြည်တွင်းရေးရာများကို ပိုမိုထိမ်းချုပ်ခွင့် ရရှိရေး ကြိုးပမ်းလာခဲ့သလို တဖက်ကလည်း စစ်တပ်နဲ့ ဆက်ဆံရေး မပျက်ပြားအောင် ထိမ်းချုပ်နေရတဲ့ အတွက် ကြိုးတန်း လမ်းလျှောက်သလို အင်မတန် သတိကြီးစွာ ထားပြီး ကိုင်တွယ်နေရပါတယ်။

ထိုကဲ့သို့ ဖြစ်လာရခြင်းမှာလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး နောက် တရုတ် အပါအ၀င် နိုင်ငံတကာ ရဲ့ အကြီးအကျယ် ထောက်ခံမှု ရနေခြင်း နဲ့ လူငါးသိန်း လောက်ကို နာရီဝက်အတွင်း ရန်ကုန် လမ်းများပေါ် ထွက်လာအောင် စွမ်းဆောင်နိုင်မှု တွေ အသုံးချပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကို ကြိုးပမ်းနိုင်တဲ့ အခွင့်အရေးကို လက်လွှတ်ခံပြီး အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေးခဲ့လို့ ဖြစ်တယ်ဟု သူမအား ဝေဖန်သူများ က ထောက်ပြခဲ့ကြောင်း နယူးစ်ဝိခ် မဂ္ဂဇင်းမှာ ဖေါ်ပြထားခဲ့ပါတယ်။
လှစိုးဝေ

ကိုးကား။ ။ Nikkei Asia Review

No comments:

Post a Comment