Latest News

Friday, June 8, 2018

၂ဝ၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမေရိကန်ဒေါ်လာ ၇ သန်းခန့်သုံးစွဲမည်

၂ဝ၁၈ ခုနှစ်အတွက်  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမေရိကန်ဒေါ်လာ  ၇ သန်းခန့်သုံးစွဲမည်

ရန်ကုန်  ဇွန်  ၇

မြန်မာနိုင်ငံ   ဘောလုံးအဖွဲ့ချုပ်သည် ၂ဝ၁၈ ဘောလုံးရာသီအတွက် အသုံးစရိတ် အနေဖြင့် အမေရိကန်ဒေါ်လာ ၇ သန်းခန့် သုံးစွဲမည်ဖြစ်ကြောင်း  အဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်ကပြောသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းများ လေ့ကျင့်မှု၊  နိုင်ငံတကာ ပြိုင်ပွဲများ ယှဉ်ပြိုင်မှု၊ နိုင်ငံ တကာပြိုင်ပွဲ များအား အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှု၊  အမျိုးသား ဘောလုံးအကယ်ဒမီ များအတွက် ကုန်ကျစရိတ်များနှင့်  အထွေထွေ အသုံးစရိတ်များအတွက်  ၂ဝ၁၈ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၇ သန်းခန့် သုံးစွဲရန် လျာထားကြောင်း  သိရသည်။

''ဒီနှစ်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အမေရိကန်ဒေါ်လာ ၇ သန်းလောက်ကုန်ကျနိုင်တယ်။ အကယ်ဒမီအတွက် အဲဒီထဲက ၁ဝ ရာခိုင်နှုန်းသုံးရတယ်။   မြန်မာငွေနဲ့ဆိုရင် သိန်းပေါင်းတစ်သောင်းလောက်ရှိမယ်။ အခု ဆိုရင် အကယ်ဒမီ သုံးခုစလုံးကို အဆင့်မြှင့်ထားတော့  အစားအသောက်ပိုင်းက အစ အခန်းတွေမှာလည်း   အဲယား ကွန်းတွေ တပ်ပေးထားတော့ ကုန်ကျစရိတ်ပိုလာတယ်။ နောက်ပြီး ၄၆ ရာခိုင်နှုန်းက မြန်မာ့ လက်ရွေးစင် အသင်းတွေ အတွက် ကုန်ကျမယ်။ ဒီထဲမှာ  အမျိုးသား၊  အမျိုးသမီး သက်တမ်းအလိုက်၊  စီနီယာအသင်းတွေရဲ့ ပြင်ဆင်မှု၊ ပြိုင်ပွဲဝင်မှုတွေ အကုန်ပါတယ်။    ကျန်တဲ့ရာခိုင်နှုန်းကတော့    အထွေထွေ အသုံးစရိတ်၊ မြို့နယ်ဘောလုံး အဖွဲ့ချုပ်တွေ ဖွဲ့စည်းတာ၊ လူငယ်စီမံ ကိန်း တွေ  စတဲ့နေရာတွေမှာ အသုံးပြုနေပါတယ်'' ဟု   ဦးဘုန်းနိုင်ဇော်က ပြောသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည်၂ဝ၁၈ ခုနှစ်အတွက် အသုံးစရိတ်မှာ ၂ဝ၁၇ ခုနှစ်ထက် ပိုများမည်ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment