ဖီဖာရွှေဘောလုံးဆုဆိုတာကတော့ ပြိုင်ပွဲ တစ်ခုလုံးရဲ့ အကောင်းဆုံးကစားသမားကို ပေးအပ်ချီးမြှင့်တဲ့ဆုဖြစ်ပြီး ပြီးခဲ့တဲ့ ၂ဝ၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာတော့ လီယွန်နယ်မက်ဆီက ဆွတ်ခူးရရှိခဲ့တာပါ။ ၂ဝ၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ဂျာမနီအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ထိပ်တိုက်တွေ့ဆုံ ခဲ့ကြတာဖြစ်ပြီး အာဂျင်တီးနားအသင်းက ရှုံးနိမ့်ခဲ့ပေမယ့် အကောင်းဆုံး ဆုကိုတော့ မက်ဆီကို ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ဂျာမနီက ဂေါ့ဇီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ရွှေဘောလုံးဆုဆိုတာကတော့ ကမ္ဘာ့ ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ အကောင်းဆုံး ကစားသမားကို ပေးအပ်တာဖြစ်ပြီး အဲဒီဆု ကိုတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က နည်းစနစ်ကော်မတီနှင့် မီဒီယာကိုယ်စားလှယ် တွေက အဆိုပြုရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒါကို ရွှေဖိနပ်ဆုနဲ့ မကွဲပြားဖြစ်နေ တတ်ပြီး ရွှေဖိနပ်ဆုဆိုတာကတော့ ပြိုင်ပွဲ အတွင်း ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားကို ပေးအပ်ချီးမြှင့်တာ ဖြစ်ပါ တယ်။ အဲဒီဆုကိုတော့ ၂ဝ၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ကိုလံဘီယာတိုက်စစ်မှူး ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ရရှိခဲ့တာဖြစ်ပါတယ်။
အခုရွှေဘောလုံးဆုကိုတော့ အက်ဒီးဒက်စ် က စပွန်ဆာပေးပြီး ၁၉၈၂ ခုနှစ်က စတင် ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနှစ် မှာတော့ ရွှေဘောလုံးဆု (အကောင်းဆုံး ကစားသမားဆု)ကို အီတလီလက်ရွေးစင် ကစားသမား ပါအိုလိုရော့စီက ရရှိခဲ့တာ ဖြစ်ပါတယ်။
ရွှေဘောလုံးဆု (အကောင်းဆုံးကစား သမားဆု)အပြင် ဒုတိယနဲ့ တတိယ အကောင်းဆုံးဆု ရရှိသူတွေကိုလည်း ငွေဘောလုံးဆုနဲ့ ကြေးဘောလုံးဆုဆိုပြီး ချီးမြှင့်ခဲ့ပါတယ်။
တိုက်စစ်မှူး မက်ဆီကတော့ လက်ရှိ ရွှေဘောလုံးဆုရှင်ဖြစ်ပြီး ကမ္ဘာ့ဖလားချန်ပီယံ အဖြစ်နဲ့တော့ အောင်ပွဲခံခဲ့ဖူးခြင်းမရှိပါဘူး။ ဒါပေမယ့် တစ်ဦးချင်းစွမ်းဆောင်ရည်ကတော့ ထက်မြက်တဲ့ကစားသမားတစ်ဦးဖြစ်ပြီး ၂ဝ၁၄ ဘရာဇီးကမ္ဘာ့ဖလားမှာဆိုရင် ခုနစ်ပွဲကစား ခဲ့ရာမှာ လေးဂိုးသွင်းယူနိုင်ပြီး တစ်ဂိုး ဖန်တီး ပေးထားနိုင်ခဲ့ပါတယ်။
သောမက်မူလာကတော့ ဂျာမနီအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပေမယ့် ငွေဘောလုံး ဆုရရှိခဲ့တာဖြစ်ပြီး အာဂျန်ရော်ဘင်ကတော့ ဘရာဇီးကမ္ဘာ့ဖလားမှာ နယ်သာလန်အသင်း တတိယနေရာ ရပ်တည်နိုင်ခဲ့တာကြောင့် ကြေးဘောလုံးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
အရင်က ရွှေဘောလုံးဆုကိုရရှိခဲ့ဖူးတဲ့ကစားသမားတွေကို ပြန်ကြည့်ရင် ဒီယေဂို ဖော်လန် (၂ဝ၁ဝ)၊ ဇီဒန်း (၂ဝဝ၆)၊ အိုလီဗာခန်း (၂ဝဝ၂)၊ ရိုနယ်လ်ဒို (၁၉၉၈)၊ ရိုမာရီယို (၁၉၉၄)၊ ချီလ်လာစီ (၁၉၉ဝ)၊ ဒီယေဂိုမာရာ ဒိုနာ (၁၉၈၆)နှင့် ပါအိုလို (၁၉၈၂)တို့ပဲ ဖြစ်ပါတယ်။
အခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ အကောင်းဆုံးပြိုင်ဘက် ကစားသမားတစ်ဦး ဖြစ်လာဖို့ရှိနေတာကတော့ အီဂျစ်လက်ရွေးစင် ကစားသမား မိုဟာမက်ဆာလာပဲ ဖြစ်ပါတယ်။
မိုဟာမက်ဆာလာဟာ ပရီမီယာလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ်နဲ့ ပရီမီယာလိဂ် ရွှေဖိနပ်ဆုကိုသာမက ကစားသမားတွေက ပေးတဲ့ တစ်နှစ်တာအကောင်းဆုံးဆုနဲ့ ဘောလုံး ကလောင်ရှင်တွေကပေးတဲ့ အကောင်းဆုံးဆု တွေကိုလည်း ရယူဆွတ်ခူးနိုင်ခဲ့တဲ့ ကစား သမားတစ်ဦး ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားဝင်ခွင့်ယှဉ်ပြိုင်စဉ်ကလည်း အီဂျစ်အသင်းနဲ့ ကွန်ဂိုအသင်းတို့ပွဲစဉ်မှာ မိုဟာမက်ဆာလာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိပြီး အီဂျစ်အသင်းဟာ ဆယ်စုနှစ်သုံးခုအကြာမှာ ကမ္ဘာ့ဖလားဝင်ခွင့် ပထမဆုံး ပြန်လည်ရရှိလာခဲ့တာလည်း ဖြစ်ပါတယ်။
မိုဟာမက်ဆာလာနဲ့အပြိုင် ရွှေဘောလုံး ဆုအတွက် အဓိကပြိုင်ဘက်ဖြစ်လာနိုင်တာ ကတော့ ကီဗင်ဒီဘရိုင်းဖြစ်ပြီး ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံအသင်းနဲ့အတူ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်းကလည်း တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်တာ ကြောင့် ချန်ပီယံဖြစ်ဖို့တောင် ရေပန်းစား နေတဲ့ အသင်းတစ်သင်းပါ။ ဒီဘရိုင်းဟာ မန်စီးတီးအသင်း ပရီမီယာလိဂ်ချန်ပီယံဖြစ်ခဲ့ ရာမှာ အဓိက ကွင်းလယ်မောင်းနှင်အားတစ်ခု ဖြစ်ခဲ့ပြီး ကမ္ဘာမှာလည်း အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူတစ်ဦး လည်းဖြစ်ပါတယ်။
မက်ဆီအနေနဲ့ ရွှေဘောလုံးဆုကို နောက်တစ်ကြိမ် ရယူနိုင်ဖို့အတွက်ဆိုရင်တော့ အာဂျင်တီးနားအသင်းကို ရုရှားမြေမှာ ဗိုလ်လု ပွဲအထိ ခေါ်ဆောင်သွားနိုင်မှသာ ဖြစ်နိုင် မှာပါ။ အဲဒါဟာလည်း မက်ဆီအတွက်တော့ ကမ္ဘာ့ဖလားရယူပေးနိုင်မယ့် နောက်ဆုံး အခွင့်အရေးလည်း ဖြစ်ပါတယ်။
မက်ဆီရဲ့ပြိုင်ဘက် စီရိုနယ်လ်ဒိုကလည်း ရွှေဘောလုံးဆုအတွက် ရေပန်းစားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ယူရို ၂ဝ၁၆ ပြိုင်ပွဲမှာတုန်းက ပေါ်တူဂီအသင်းကို ချန်ပီယံဖြစ်စေခဲ့တာပါ။ ဒါကြောင့် ရုရှားနိုင်ငံမှာ ဇွန် ၁၄ ရက်ကနေ ဇူလိုင် ၁၅ ရက်အထိ ကျင်းပမယ့် ၂ဝ၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ့် အသင်း ဘယ်အသင်းဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေသလို ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံးခြေစွမ်းတွေနဲ့အတူ ရွှေဘောလုံးဆုကို ဘယ်ကစားသမား ရယူ ဆွတ်ခူးသွားမလဲဆိုတာကလည်း စိတ်ဝင်စား စရာ ကောင်းနေပါတယ်။
Mirror
No comments:
Post a Comment