Latest News

Friday, June 29, 2018

ရန်ကုန်မှမူးယစ်ဆေးဝါးသယ်ဆောင်လာသူအားပုသိမ်တွင်ဖမ်းမိ


ပုသိမ် ဇွန်၂၉ရက်

ရန်ကုန်မှ ပုသိမ်သို့ပြေးဆွဲလာသောကံထူးအောင်ခရီးသည်တင်ကားပေါ်တွင် မူးရစ်ဆေးဝါးများသယ်ဆောင်လာသည်ဟုသတင်းအရ စစ်ဆေးခဲ့ရာ ဇွန်လ၂၉ရက်နေနံနက်၁နာရီအချိန်ကမူးယစ်ဆေးဝါးများရောင်းချရန် ရောက်လာသောလူငယ်၃ဦးကို ပုသိမ်တွင်ဖမ်းမိခဲ့ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်

ပုသိမ်ခရိုင်မူးယစ်တပ်ဖွဲ့မှ ရဲအုပ်သင်းအောင်အောင်မျိုး နှင့်မူးယစ်တပ်ဖွဲ့ဝင်များ ပုသိမ်မြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင်ရဲအုပ်မြင့်ထွန်းနိင်နှင့်
နယ်ထိန်းတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့များသည်
မူးယစ်သတင်းအရစောင့်စိုင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်

တရားခံ သုံးဦးမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် အမှတ်(၆)ရပ်ကွက် အင်းဝလမ်း တွင်နေထိုင်ကြသူများဖြစ်ပြီး အသက် ၁၈ နှစ် ရှိသူ နိုင်မင်း အောင် ခေါ် ထက်ထက်  ချစ်ကိုဦးခ ခေါ် ဖိုးချစ် နှင့် အသက် ၁၇ နှစ်ရှိသူ ဆန်းထူးအောင် ခေါ် အရိုး တို့ ၃ ဦးအား ကာလတန်ဘိုး ကျပ် ကိုးသိန်းခန့် တန်ဘိုးရှိ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၁၈၀ နှင့် အတူ ဖမ်းဆီး ရမိခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး မှဒုတိယရဲမှူးကြီးခင်မောင်လတ်ထံမှသိရသည်

"ရန်ကုန်ကနေ ပုသိမ်ကိုလာတဲ့ ကံထူးအောင် ခရီးသည်တင်ကားမှာ မူးယစ်ဆေးတွေသယ်ဆောင်လာတယ်သတင်းရလို့စောင့်ဖမ်းနေကြတာ ပုသိမ်မြို့ အမှတ် ၁၅ ရပ်ကွက် မြက်တိုကားမှတ်တိုင်အရောက်မှာ ကားပေါ်ကဆင်းလာချိန် စစ်ဆေးတွေ့ရှိခဲ့တာပါ သူတို့သုံးယောက်ကဝယ်လာပြီး ပုသိမ်မှာတစ်ဆင့်ပြန်ရောင်းချဖို့ယူဆောင်လာတယ်လို့သိရတယ်"ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး မှဒုတိယရဲမှူးကြီးခင်မောင်လတ်ကတိုင်းဧရာကိုပြောသည်

လက်ရှိတွင် ပုသိမ်မြို့မ ရဲစခန်းမှ မူးယစ်ဆေး နှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ က/၂၁ ဖြင့် အမှု ဖွင့်စစ်ဆေးအရေးယူထားလျက်ရှိသည်


သတင်းထောက်=ရွှေရည်ဝင်း

No comments:

Post a Comment