Latest News

Friday, June 29, 2018

ပုသိမ်မြို့တွင် အိမ်ဖော်အမျိုးသမီးတစ်ဦးအား နှိပ်စက်ညှင်းပန်းသဖြင့် ဖမ်းဆီးအရေးယူမူ့ပြုလုပ်


ပုသိမ် ဇွန်လ ၂၉ရက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၆)ရပ်ကွပ်တွင် ရေကြည်မြို့နယ် ဓာတ်တော်ကုန်းကျေးရွာ မှ အိမ်ဖော်အလုပ်လာရောက်လုပ်ကိုင်ခဲ့သူအသက်(၁၉)နှစ်ခန့် ရှိသည့် မနော်ဘွေဒီးဝါးအား အိမ်ရှင် များမှ နှိပ်စက်ညှင်းပန်းခဲ့ကြသဖြင့် ဇွန်လ၂၈ရက်နေ့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များမှ ဖမ်းဆီးအရေးယူလိုက်ကြောင်း သတင်းရ ရှိသည်။

ပုသိမ်မြို့ အမှတ်(၆)ရပ်ကွက် တဂေါင်းဘုရားလမ်း အိမ်အမှတ် ၁၁/ကတွင်ဖွင့်လှစ်ထားသော Design King အထည်ဆိုင်ပိုင်ရှင်လင်မယားနှင့်အလုပ်သမား အမျိုးသားတစ်ဦးက နှိပ်စက်ခဲ့ကြောင်းဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲရုံး မှသိရသည်။

တရားလို ဖြစ်သူ အိမ်ဖော်အမျိုးသမီးမှာ အသက်(၁၉)နှစ်သာရှိပြီးအဆိုပါအိမ်တွင် ၂နှစ် လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း တရားခံဖြစ်သူ ဆိုင်ပိုင်ရှင် ကိုထက်လင်းသော်မှာအသက်(၂၉)နှစ် ဖြစ်ပြီး မဇင်မင်းသူ မှာအသက်(၂၈)နှစ် ဆိုင်အလုပ်သမားကိုအောင်အောင်က အသက်(၂၁)နှစ်ဖြစ်ကြောင်း ယင်းတရားခံများအား ဖမ်းဆီး စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်ကပြောသည်။

"အိမ်ဖော်ကောင်မလေးက အဲအိမ်မှာအလုပ်လုပ်နေတာ ၂နှစ်ရှိပြီ နှိပ်စက်တာတွေများလာတော့ ထွက်ပြေးလာပြီးပတ်ဝန်းကျင်ကိုအကူအညီတောင်းပြီး မိဘတွေကိုဆက်သွယ်ပြီး ခုလို အမူဖွင့်လာတိုင်ကြားခဲ့တာပါ"ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်ကတိုင်းဧရာကို ပြောသည်။

အိမ်ရှင်များက နှိပ်စက်ညှင်းပန်းခဲ့သည့်အတွက် ဝဲဘက် ပေါင်ညိုမဲဒဏ်ယာ၊ ယာဒူးခေါင်း ညှိမဲဒဏ်ရာ ဝဲနံစောင်းညှိမဲဒဏ်ယာ၊ ဝဲဘက်နှူတ်ခမ်းအပေါ်ပေါက်ပြဲဒဏ်ရာ အမာရွတ် (၄)ခုရှိ ၊ဝဲ/ယာပါးနာကျင်ဒဏ်ရာ ယာလက်မောင်း ဝဲနို့ အုံပေါ် ယာလက်ဖျံပေါ် ယာပါးပေါ်မီးပူဖြင့်ထိုးထားသောအမာရွတ်ဟောင်းများရ ရှိခဲ့ကြောင်းရဲတပ်ဖွဲ့များ၏စစ်ဆေးချက်အရသိရသည်။

လက်ရှိတွင်အိမ်ဖော်အမျိုးသမီးအား ပုသိမ်ဆေးရုံကြီးသို့ရဲဆေးစာနှင့်အတူ  သွားရောက်ပို့ဆောင်ထားပြီးတရားခံသုံးဦးအား ပုသိမ်နယ်မြေရဲစခန်းမှဖမ်းဆီးကာ (ပ) ၂၉၇/ ၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ -၃၅၄/၃၂၄/၃၂၃/၂၉၄/၅၀၀/၁၀၄တို့ဖြင့်အမူ့ဖွင့်အရေးယူထားလျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

သတင်းထောက် =ရွှေရည်ဝင်း
ဓာတ်ပုံ-ရွှေဘိုဝဠာ





No comments:

Post a Comment