Latest News

Wednesday, June 13, 2018

ဘယ်သူတွေက ရွှေဘောလုံးဆုနဲ့ ရွှေဖိနပ်ဆုရယူသွားနိုင်မလဲ

ဘယ်သူတွေက ရွှေဘောလုံးဆုနဲ့ ရွှေဖိနပ်ဆုရယူသွားနိုင်မလဲ

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုအပြင် တစ်ဦးချင်းစွမ်းဆောင်ရည်အလိုက် ပေးအပ်တဲ့ ရွှေဘောလုံးဆု (အကောင်းဆုံးကစားသမားဆု)၊    ရွှေဖိနပ်ဆု(ဂိုးသွင်းဘုရင်ဆု)နဲ့ ရွှေလက်အိတ်ဆု (အကောင်းဆုံးဂိုးသမားဆု)၊ အကောင်းဆုံးလူငယ်ကစားသမားဆု တွေကို ပေးအပ်လေ့ရှိပါတယ်။ ရွှေဘောလုံးဆုအတွက် ရေပန်းအစားဆုံး နံပါတ်(၁)နေရာမှာ ရှိနေတာက ဘရာဇီးတိုက်စစ်မှူး နေမာဖြစ်ပြီး သူ့နောက်မှာတော့ အာဂျင် တီးနားတိုက်စစ်မှူး မက်ဆီ၊  ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်လ်ဒိုတို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ရွှေဘောလုံးဆုရှင် မက်ဆီက ဒီနှစ်မှာလည်း အကောင်းဆုံးကစားသမားဆု ထပ်ရဖို့ ရေပန်းစားနေတာဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းကစားသမားတွေ အပြိုင်ကြဲကြမယ့် ကမ္ဘာ့ဖလားမှာ ဘယ်သူတွေက အကောင်းဆုံးကစားသမားဆုကို ရယူသွားမလဲဆိုတာ စိတ်ဝင်စားစရာအကောင်းဆုံး အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။

ရွှေဖိနပ်ဆုအတွက် ရေပန်းစားမှုမှာတော့ မက်ဆီက နံပါတ်(၁)၊ နေမာက နံပါတ် (၂)အဖြစ် ပြောင်းသွားခဲ့ပြီး တတိယနေရာမှာတော့ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက ရှိနေပါတယ်။ ရွှေဖိနပ်ဆုကို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုရှင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့  ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းစားမှုအဆင့် ထိပ်တန်း ၁ဝ ဦးစာရင်းတောင် ဝင်ရောက် ခဲ့ခြင်းမရှိပါဘူး။  ဒါ့အပြင်  ဂျာမနီ၊  စပိန်တို့လို အသင်းလိုက်စုစည်းမှုနဲ့ ကစားတဲ့ ကစားသမားတွေဟာ ရေပန်းစားမှုအဆင့်မှာ  ထိပ်တန်းနေရာမှာ ပါဝင်ခြင်းမရှိခဲ့တာကို တွေ့ရပါတယ်။ ရွှေလက်အိတ်ဆုအတွက်တော့ ယမန်နှစ်ဆုရှင် နျူအာကသာ ဆက်လက် ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ နျူအာဟာ ဒီနှစ်ဘောလုံးရာသီမှာ ကာလရှည် အနားယူ နေရပြီး ဘာစီလိုနာဂိုးသမား တာစတီဂန်ကိုပဲ ဂျာမနီနည်းပြ ဂျိုအာချင်လို ပွဲထွက် အသုံးပြုသွားမလား စဉ်းစားစရာရှိပေမယ့်  ရွှေလက်အိတ်ဆုအတွက် ရေပန်းစားမှုမှာတော့ နျူအာကသာ ထိပ်ရောက်နေတာ ဖြစ်ပါတယ်။

The Mirror

No comments:

Post a Comment