ယူဆရသည့်ညောင်ရွက်ပုံတွေ့ရှိ၍အပ်နှံ
ကျိုက်ထို ဇွန် ၁၂
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တော်၌ဇွန် ၁၁ ရက်ညနေ ၃နာရီခန့်တွင်မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့ရာမှန်လုံဆောင်ရှေ့တွင်တာဝန်ထမ်းဆောင်နေသည့်ရဲတပ်ဖွဲ့ ၂၂ မှရဲတပ်သားရှဲပိုင်နှင့်လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းကိုစည်သူရွှေကိုစိုးလင်းနိုင်တို့ကဆံတော်ရှင်ကျိုက်ထီးရိုးစေတီတာ်၏စိန်ဖူးတော်မှပြုတ်ကျလာသည်ဟုယူဆရသည့်ရွှေဟုထင်ရသောအလေးချိန် ၂ကျပ် ၄ပဲ၅ရွေး ၁ခြမ်းရှိညောင်ရွက်ပုံတွင်မြတ်စွာဘုရားထိုင်တော်မူပုံနှင့်တိံကြားစာတမ်းပါညောင်ရွက်ပုံပစ္စည်းတစ်ခုကိုတွေ့ရိ ရ၍ရင်ပြင်တော်ဂေါပကအဖွဲ့ဝင်ဦးမြသောင်းနှင့်ဦးတင်ဝင်းတို့ထံအပ်နှံပေးခဲ့သည်။
အဆိုပါပစ္စည်းအားကင်မွန်းစခန်းဘဏ္ဍာတော်ထိန်းဂေါပကရုံးသို့ဆက်လက်ပေးပို့အပ်နှံ၍စိန်ဖူးတော်မှပြုတ်ကျမှုရှိမရှိကိုပြန်လည်စီစစ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)ပြန်/ဆက်
No comments:
Post a Comment