Latest News

Tuesday, June 12, 2018

ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရေး 5 MVAထရန်စဖော်မာတစ်လုံး မြောင်းမြ၌ တပ်ဆင်မည်

ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရေး
5 MVAထရန်စဖော်မာတစ်လုံး မြောင်းမြ၌ တပ်ဆင်မည်

မြောင်းမြ ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး  မြောင်းမြမြို့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရေးအတွက် တိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာဦးဆောင်သော လျှပ်စစ်ဝန်ထမ်းများက ပုသိမ်မြက်တို ဓာတ်အား ခွဲရုံမှ သယ်ဆောင်လာသော 10-MVA ထရန် စဖော်မာသစ်ကြီးတစ်လုံးမှာ ဇွန် ၁၁ ရက် နံနက် ၁၁နာရီခန့်က မြောင်းမြ- ကွယ်လွယ်  ဇက်ဆိပ်ကမ်း  မှတစ်ဆင့်  မြောင်းမြဘက်ကမ်းသို့ ပို့ဆောင်သည်။

''ပြည်သူတွေ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရေး အတွက် ဖြစ်ပါတယ်၊ ဝါးခယ်မ၊ ရွှေလောင်း၊ ကျုံမငေး မြို့သုံးမြို့အတွက် 10-MVA  တစ်လုံး တိုးချဲ့တပ်ဆင်ပေးသွားဖို့ဖြစ်ပါတယ်'' ဟု     ဧရာဝတီတိုင်း ဒေသကြီး  လျှပ်စစ်အင်ဂျင်နီယာ  ဦးစဝင်းနိုင်က ပြောသည်။

အဆိုပါ ထရန်စဖော်မာသစ်ကြီးကို မြောင်းမြ မြို့ထောင်ကုန်းရပ်ရှိ    (၆၆)  ဓာတ်အားခွဲရုံသို့ ပို့ဆောင်ကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြောင်းမြမြို့အတွက်လည်း     လက်ရှိလျှပ်စစ် ဓာတ်အားသုံးစွဲမှုမှ ပိုမိုသုံးစွဲနိုင်ရေးအတွက် 20-MVA  ထရန်စဖော်မာတစ်လုံး အမြန်ဆုံး တပ်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ  ဦးလှဟန်၏ ပြောကြားချက်အရ  သိရသည်။                

အောင်မင်း(မြောင်းမြ)ပြန်​/ဆက်

No comments:

Post a Comment