လတ်တလော ပြည်သူများစိတ်ဝင်စားနေတဲ့ အောင်လအန်ဆန် (မြန်မာစပါးအုံးမြွေ)ရဲ့ MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲကြီး နီးလာပြီဖြစ်ပါတယ်။ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲကြီးဖြစ်တဲ့ Mixed Mar-tial Arts(ကိုယ်ခံပညာပေါင်းစုံအတိုက်ပြိုင်ပွဲကြီး)ကို ယခုလ ဇွန် ၂၉ ရက် ည ၆ နာရီခွဲမှာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ ကျင်းပတော့မှာပါ။ အမိမြေမှာ ယှဉ်ပြိုင်ထိုးသတ်ရမယ့် အောင်လအန်ဆန်ဟာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံခါးပတ်နဲ့ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်တို့ကို လတ်တလော ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ ယခုယှဉ်ပြိုင်ထိုးသတ်မယ့် ချန်ပီယံခါးပတ်ကာကွယ်ပွဲကတော့ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ပွဲပဲဖြစ်ပါ တယ်။
မှတ်တမ်းကောင်း
MMAရဲ့ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ခါးပတ်လုပွဲကြီးကို စိန်ခေါ်သူ ဂျပန်နိုင်ငံသား ကမ်ဟာဆီဂါဝါက လက်ရှိချန်ပီယံ အောင်လအန်ဆန်ကို စိန်ခေါ်ယှဉ်ပြိုင်ထိုးသတ် မှာဖြစ်ပါတယ်။ ဟာဆီဂါဝါဟာ အသက် ၃၁ နှစ်သာရှိသေးပြီး လက်ရှိချန်ပီယံ အောင်လအန်ဆန်ထက် နှစ်နှစ်ငယ်ရွယ်သူပါ။ လက်ရှိMMA ယှဉ်ပြိုင်ထိုးသတ် ခဲ့တဲ့ပွဲပေါင်း ၁၉ ပွဲမှာ ၁၆ ပွဲနိုင်၊ တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားတဲ့ လက်ဝှေ့ကျော်တစ်ဦးဖြစ်ပါတယ်။ အထူးသဖြင့် ဆီဂါဝါဟာ ဂျူဒို၊ နပမ်းနဲ့ ဂျူဂျစ်စု တို့ကို တိုက်ခိုက်ရာမှာ ကျွမ်းကျင်ပိုင်နိုင်သူတစ်ဦးဖြစ်ပြီး လျင်မြန်သွက်လက်မှုရှိ သလို ကစားရာမှာလည်း တစ်ဖက်ပြိုင်ဘက်အပေါ် ပါဝါအပြည့်သုံးကာ ကောင်တာ၊ ဖိုက်တာမျှကာ အသုံးပြုကစားတတ်သူတစ်ဦးပါ။ အရပ်အမောင်း ၅ ပေ ၁၁ လက်မ ရှိကာ လက်ရှိချန်ပီယံ အောင်လအန်ဆန်နဲ့ အရပ်အမောင်း အနည်းငယ်ကွာဟမှု ရှိနေပါတယ်။ ကီလိုဝိတ်တန်းအားဖြင့် ၁၈၅ ပေါင်ရှိပြီး လက်ရှိ Independent မှာ လေ့ကျင့်နေသော လက်ဝှေ့ကျော်တစ်ဦးဖြစ်ကာ ပြီးခဲ့သော ဖေဖော်ဝါရီ ၂၄ ရက်က မစ်ဒယ်ဝိတ်တန်းမှ ဂျပန်နိုင်ငံသား Genpei Hayashi ကို ပထမအချီ ၃ မိနစ် ဝ၉ စက္ကန့်မှာ အလဲထိုးနဲ့ နိုင်ထားသူတစ်ဦးဖြစ်သလို အနိုင်ရသော ပြိုင်ပွဲတိုင်း ပထမအချီ မှာပင် ပြိုင်ဘက်တိုင်းကို ပွဲသိမ်းအနိုင်ယူထားသော လက်ဝှေ့မှတ်တမ်းကောင်း ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။
ငါးကြိမ်မြောက်အနိုင်ရ
စိန်ခေါ်သူကို အမိမြေမှာ လက်ခံယှဉ်ပြိုင်ထိုးသတ်မယ့် ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်ကတော့ အမိမြေမှာ ခြောက်ကြိမ်မြောက် ယှဉ်ပြိုင် ထိုးသတ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ၂ဝ၁၅ ခုနှစ်ကတည်းက စတင်ခြေချခဲ့တဲ့ MMA ပြိုင်ပွဲကြီးဟာ စင်ကာပူနိုင်ငံအခြေစိုက် One Championship အဖွဲ့က ဦးဆောင်ပြီး ကမ္ဘာ့နိုင်ငံများဆီသို့ လစဉ်နီးပါးလှည့်လည်ကျင်းပနေတာပါ။ ယခု သုံးနှစ်ကျော်၊ လေးနှစ်တာ ကာလအတွင်းMMA ပြိုင်ပွဲတွေကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပခဲ့တာ စုစုပေါင်း ခုနစ်ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၃ ရက်က ငါးကြိမ်မြောက် ကျင်းပခဲ့ပြီး ၂ဝ၁၈ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်ကတော့ မြန်မာနိုင်ငံအနေဖြင့် ဆဋ္ဌမအကြိမ်မြောက် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့တာပါ။ အိမ်ရှင်အဖြစ် ဆဋ္ဌမအကြိမ်မြောက် ကျင်းပခဲ့တဲ့ MMA ပြိုင်ပွဲရဲ့ ဟဲဗီးဝိတ်ရွှေခါးပတ်လုပွဲမှာ အောင်လအန်ဆန်ဟာ ဘရာဇီးနိုင်ငံသား အလက် ဇန်ဒရီမချာဒိုနှင့် စိန်ခေါ်ယှဉ်ပြိုင်ထိုးသတ်ရာ ပထမအချီ ၅၆ စက္ကန့်မှာပဲ အလဲထိုး နဲ့အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ အောင်လအန်ဆန်(မြန်မာစပါးအုံြးေ>ွမ)ရဲ့ ဒုတိယမြောက် ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ခဲ့သလို အမိမြန်မာနိုင်ငံမှာ ငါးကြိမ်မြောက် အနိုင်ရလိုက် တာလည်း ဖြစ်ပါတယ်။
စံချိန်တင်များပြား
မြန်မာပြည် ကချင်ပြည်နယ်ဖွား အောင်လအန်ဆန်ဟာ ၂ဝ၁၆ခုနှစ် မတ် ၁၈ ရက်က မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်ကျင်းပတဲ့MMA ပြိုင်ပွဲမှာ အီဂျစ်နိုင်ငံသား မိုဟာမက်အလီနဲ့ စတင်ယှဉ်ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲမှာ အီဂျစ်နိုင်ငံ သား မိုဟာမက်အလီကို ဂျူဂျစ်စုနည်းနဲ့ အနိုင်ရခဲ့ပြီး နောက်ငါးလအကြာ စက်တင်ဘာ ၆ ရက်မှာ ပိုလန်နိုင်ငံသား မိုက်ကယ်ပတ်စတာနက်နဲ့ ဒုတိယမြောက်ယှဉ်ပြိုင် ထိုးသတ်ရာမှာလည်း အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် အောင်လအနေနဲ့ မြန်မာနိုင်ငံမှာ တတိယမြောက် ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာတော့ လက်ရှိချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို စိန်ခေါ်ယှဉ်ပြိုင်ထိုးသတ်ရာမှာ အမှတ်နဲ့အနိုင်ရခဲ့ပြီး လက်ရှိ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ယင်းMMAမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံလုပွဲကြီးကို ၂ဝ၁၇ ခုနှစ် ဇွန် ၃ဝ ရက်မှာ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံမှာကျင်းပခဲ့ရာ မြန်မာနိုင်ငံ ကချင်ပြည်နယ်ဖွား အောင်လ အန်ဆန်ကို အားပေးသူပရိသတ် သုံးသောင်းကျော်အထိ စံချိန်တင်များပြားခဲ့ ပါတယ်။
အားပြုကစား
အောင်လအန်ဆန် ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ MMA ပြိုင်ပွဲ ၃၂ ပွဲမှာ ၂၂ ပွဲနိုင် ၁ဝ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသလို MMA ရဲ့ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းနဲ့ ကမ္ဘာ့ဟဲဗီး ဝိတ်တန်းတို့ရဲ့ လက်ရှိချန်ပီယံတစ်ဦးလည်း ဖြစ်ပါတယ်။ အရပ်အမောင်းအားဖြင့် ယခုစိန်ခေါ်ယှဉ်ပြိုင်ထိုးသတ်သူ ဆီဂါဝါထက် အနည်းငယ်မြင့်ပြီး ဂျူဂျစ်စု နည်းကို အားပြုကစားတတ်သော်လည်း ပြိုင်ဘက်ကစားသမားပေါ်မူတည်ကာ လက်သီး နှင့် ခြေကန်ချက်တို့ဖြင့်လည်း ပွဲသိမ်းအနိုင်ယူတတ်တဲ့ လက်ဝှေ့ကျော်တစ်ဦးပါ။ လတ်တလော Crazy 88 Brazilian Jiujitsuကလပ်တွင် လေ့ကျင့်နေသူတစ်ဦး ဖြစ်ပြီး ယခုချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ အတတ်နိုင်ဆုံးကာကွယ်ကာ အနိုင်ယူယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သော်လည်း ယခင်ပွဲများကဲ့သို့ လွယ်ကူမည်မဟုတ်ကြောင်း အောင်လအန်ဆန်ကိုယ်တိုင် ရင်ဖွင့်ထားပါတယ်။
အမှန်တကယ်
One Championship အဖွဲ့က ကြီးမှူးကျင်းပနေတဲ့ MMAပြိုင်ပွဲတွေကို မြန်မာနိုင်ငံမှာ၂ဝ၁၅ ခုနှစ် ဇူလိုင် ၁၈ ရက်ကတည်းက စတင်ကျင်းပခဲ့ရာမှာ ယခု အကြိမ်ဟာ သတ္တမအကြိမ်မြောက် ကျင်းပမှာဖြစ်ပြီး အောင်လအန်ဆန်အနေနဲ့ ယခင်ပွဲများကဲ့သို့ လွယ်လင့်တကူအနိုင်ရဖို့တော့ ခက်ခဲမှာဖြစ်ပါတယ်။ အောင်လ အန်ဆန် ယှဉ်ပြိုင်ထိုးသတ်မယ့်ပြိုင်ဘက်ဟာ ဂျူဒိုကစားသမားကောင်းတစ်ဦးဖြစ် သလို လျင်မြန်မှုအပိုင်းမှာလည်း သူမတူလက်ဝှေ့ကျော်တစ်ဦးဖြစ်တာကြောင့် ယခု ရွှေခါးပတ်ကာကွယ်ပွဲကတော့ အောင်လအနေနဲ့ အမိမြေမှာ အမှန်တကယ်ရုန်းကန် ရမှာဖြစ်ပါတယ်။
ပြန်လည်တုံ့ပြန်
အောင်လအန်ဆန် ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ One Championship ပြိုင်ပွဲတွေ ကို ပြန်လည်သုံးသပ်ကြည့်ရင် အောင်လအန်ဆန်ရဲ့ နိုင်ပွဲအများစုဟာ ပထမအချီ၊ ဒုတိယအချီအတွင်းမှာပဲ တစ်ဖက်ပြိုင်ဘက်ကို အသာစီးယူယှဉ်ပြိုင်ခဲ့သည်များ ရှိနေပါတယ်။ အောင်လအန်ဆန်အနေနဲ့ ငယ်ဂုဏ်ရှိတဲ့ ဟာဆီဂါဝါကို အနိုင်ယူနိုင်ဖို့ နည်းဗျူဟာများ ချမှတ်ယှဉ်ပြိုင်မှသာ အခွင့်အရေးကောင်းရမှာ ဖြစ်ပါတယ်။ သူတစ်ပြန် ကိုယ်တစ်လှည့် တိုက်စစ်ဖွင့်ကစားရင်လည်း အားမတန်လို့ မာန်လျှော့ လိုက်ရတဲ့ ကိန်းဆိုက်သွားနိုင်ပါတယ်။ အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ MMA ကမ္ဘာ့ချန်ပီယံဟဲဗီးဝိတ် တန်းခါးပတ်လုပွဲမှာ ဘရာဇီးနိုင်ငံသား မချာဒိုကို အမြင့်ခြေကန် ချက်နဲ့ အနိုင်ရခဲ့မှုအပေါ် ဝေဖန်မှုအချို့ ရှိခဲ့သော်လည်း ယခုစိန်ခေါ်ပွဲမှာတော့ အဲဒီ လောက် လွယ်ကူမည်မဟုတ်ကြောင်း ဆီဂါဝါက ပြန်လည်တုံ့ပြန်ပြောဆိုထားပါတယ်။
အဆင့်မြင့်လေ့ကျင့်
ပြီးခဲ့ပွဲမှာ ပထမအချီ စက္ကန့်ပိုင်းမှာပဲ အလဲထိုးနဲ့ အနိုင်ရပြီးနောက် ယခုစိန်ခေါ်ပွဲ မှာ ဘယ်နည်း၊ ဘယ်ပုံနဲ့ ယှဉ်ပြိုင်ထိုးသတ်မည်ဆိုတာ အောင်လအန်ဆန်အနေနဲ့ လတ်တလောဖွင့်ဟပြောဆိုခြင်းမရှိသေးသော်လည်း ချန်ပီယံခါးပတ်ကိုတော့ အမိ မြေပေါ်မှာ ဆက်လက်သိမ်းပိုက်မယ်လို့ ကြုံးဝါးနေပါတယ်။ လေ့ကျင့်မှုအပိုင်းမှာ လည်း ယခင်ထက် ပိုမိုလေ့ကျင့်လျက်ရှိပြီး နည်းစနစ်ပိုင်းဆိုင်ရာလည်း ပိုမိုအဆင့် မြင့် လေ့ကျင့်နေတယ်လို့ ပြောဆိုထားပါတယ်။
တွဲဆိုင်း ၁ဝ ဆိုင်း
မြန်မာနိုင်ငံမှာ သတ္တအကြိမ်မြောက် ကျင်းပမယ့်MMA ကမ္ဘာ့ချန်ပီယံမစ်ဒယ် ဝိတ်တန်းပြိုင်ပွဲမှာ အဓိကပွဲစဉ်အနေဖြင့် အောင်လအန်ဆန်(မြန်မာ)နှင့် ကမ်ဟာ ဆီဂါဝါ(ဂျပန်)၊ လီအန်ရိုအစ်ဆာ(ဘရာဇီး)နှင့် ရိုမန်(ဂူအမ်)၊ ဆာမီဆာနာ(ပြင်သစ်) နှင့် အဆာမီ(ထိုင်း)၊ ဆာကီတာရို(ထိုင်း)နှင့် မာဂျာဝမ်(တရုတ်)၊ ရဖာလီ(ဘရာဇီး) နှင့် ရာမာဒါ(ဂျပန်)၊ ဂျဆော(အာဖဂန်နစ္စတန်)နှင့် ရှန်းလီ(တရုတ်)၊ မီဒို(ဖိလစ်ပိုင်) နှင့် ကွန်ဆရီချိုင်း(ထိုင်း)၊ ပက်ပါရာသီ(ထိုင်း)နှင့် ဇာတုန်း(ပြင်သစ်)၊ စောဒါဝိတ် (မြန်မာ)နှင့် စောမိုက်ရိုင်း(မြန်မာ)၊ ကွန်ပတန်(သြစတြေးလျ)နှင့် ဆမ်ပါ(အမေရိ ကန်) မြန်မာတွဲဆိုင်းအပါအဝင် စုစုပေါင်း တွဲဆိုင်း ၁ဝ ဆိုင်း ယှဉ်ပြိုင်ထိုးသတ်ကြ မှာဖြစ်ပါတယ်။
အထူးစိတ်ဝင်စား
ယခုယှဉ်ပြိုင်ထိုးသတ်မယ့် ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲ မှာတော့ စိန်ခေါ်သူ ဂျပန်နိုင်ငံသား ဆီဂါဝါနဲ့ အမိမြေမှာ လက်ခံယှဉ်ပြိုင်ထိုးရမယ့် အောင်လအန်ဆန်တို့ဟာ နှစ်ဦးစလုံး ဂျူဒို၊ ဂျူဂျစ်စု ကစားသမားများဖြစ်လို့ ပြိုင်ဆိုင်မှုပြင်းထန်မှာတော့ အမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည် ကချင် ပြည်နယ်ဖွား အောင်လအန်ဆန်အနေဖြင့် စိန်ခေါ်သူ ဂျပန်နိုင်ငံသား ဟာဆီဂါဝါ ကို သူကျွမ်းကျင်ရာ ဂျူဂျစ်စုနည်းနဲ့ ယှဉ်ပြိုင်အနိုင်ယူမလား၊ အမှတ်ပေးစနစ်ဖြစ်လို့ ကစ်ဘောက်ဆင်နည်းနဲ့ပဲ ယှဉ်ပြိုင်ကာ အနိုင်ယူမလားဆိုတာ မြန်မာပြည်ပရိသတ် များ အထူးစိတ်ဝင်စားနေကြပါတယ်။ ဒါကြောင့် စိန်ခေါ်သူ ဟာဆီဂါဝါကပဲ MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်သွားမလား၊ လက်ရှိချန်ပီယံကပဲ ဆက်လက်ကာကွယ်သွားနိုင်မလားဆိုတာကိုတော့ များမကြာမီ ဇွန် ၂၉ ရက်ညပိုင်း မှာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝ္ဏမိုးလုံလေလုံ အားကစားပြိုင်ပွဲရုံကြီးမှာ စောင့်ကြည့်ရတော့မှာဖြစ်ပါကြောင်း။
သတင်းဆောင်းပါး -မောင်စိန်လွင်(မြန်မာ့အလင်း)၊ဓာတ်ပုံ- မင်းထက်
No comments:
Post a Comment