Latest News

Tuesday, June 26, 2018

မုံရွာတွင် ရန်ကုန် ဘုရင့်နောင်ကဲ့သို့ ပွဲရုံတန်းတစ်ခုဖော်မည်

မုံရွာတွင် ရန်ကုန် ဘုရင့်နောင်ကဲ့သို့ ပွဲရုံတန်းတစ်ခုဖော်မည်

Photo Crd
        မုံရွာတွင် မန္တလေးမြို့ မှစွယ်တော် ပွဲရုံတန်း၊ ရန်ကုန်မြို့မှ ဘုရင့်နောင်ပွဲရုံကဲ့သို့ မြို့နှင့်မနီးမဝေးတွင် ပွဲရုံတန်းတစ်ခုဖော်ရန်  Layout Plan  ရေးဆွဲပြီးစတင် အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SRCCI) ဥက္ကဌဦးမျိုးမင်းကပြောသည်။

         စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာတစ်နိုင်ငံလုးံတွင် ပဲအများဆုးံထွက်သောတိုင်းဒေသကြီးတစ်ခုဖြစ်၍ နိုင်ငံခြားအိတ်စပို့ ပဲများဖြစ်သောပဲစင်းငုံ၊ပဲတီစိမ်း၊မတ်ပဲ၊မြေထောက်ပဲ၊ကုလားပဲစသောပဲများကိုရန်ကုန်မြို့သို့ ၂၂ ဘီးတွဲကားများဖြင့် တင်ပို့နေရသည်။ပွဲရုံများသည်မုံရွာမြို့တွင်း၌ ပြန့်ကျဲစွာတည်ရှိသဖြင့် တွဲကားကြီးများမှာ မြို့တွင်းသို့ ၀င်ရောက်ရန် အဆင်မပြေတော့သောကြောင့် ယင်းကဲ့သို့ ပွဲရုံတန်းတစ်ခုဖော်ထုတ်ရ ခြင်းဖြစ် ကြောင်း သိရသည်။

       “ပဲမျိုးစုံကို နိုင်ငံတကာနဲ့ယှဉ်ပြိုင်ရောင်းချတဲ့အခါ မလိုလားအပ်တဲ့ကုန်ကျစရိတ်တွေ လျော့ချနိုင်ဖို့ပါ၊မြို့ထဲမှာလည်းယာဉ်ကြောပိတ်ဆို့မှုတွေမဖြစ်အောင်ရောပါတယ်၊ပွဲရုံတန်းဆိုပေမယ့် မြို့ထဲကပွဲရုံအားလုးံရွှေ့ရမယ် မဟုတ်ဘူး၊မြို့ထဲကပွဲရုံအသေးလေးတွေကတော့ ကျန်နေမှာပါ၊ပွဲရုံကြီးတွေကျရန်ကုန်၊မန္တလေးကိုတင်မယ်ဆိုတွဲကားနဲ့တင်ရတော့ တစ်ရက်ကိုအိတ်ခြောက်ရာ၊တစ်ထောင်ပေါ့ အဲဒါတွေအတွက်ရည်ရွယ်ပြီးထုတ်တာပါ၊”ဟုဦးမျိုးမင်းကပြောသည်။

      ပွဲရုံတန်းတည်ဆောက်မည့် နေရာသည် အတိအကျ မရှိသေးပဲမုံရွာမြို့အနီးတ၀ိုက်တွင် နေရာသုးံနေရာအကြမ်းမျဉ်းလျာထားသည်။ ၄င်းနေရာများထဲမှ ဈေးသင့်ပြီးသွားလာမှုကောင်းသည့်နေရာကိုရွှေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသောသီးနှံမျိုးစုံသည် မုံရွာမြို့ရှိပွဲရုံများသို့သာအဓိကတင်ပို့ရောင်းချပြီးမုံရွာကုန်စည်ဒိုင်တွင် အသင်းဝင်ထားသော ကုန်သည်၊ပွဲစား၊စက်ငန်းရှင် ၆၀၀နီးပါး ရှိသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment