Latest News

Wednesday, June 6, 2018

အင်္ဂလန်အသင်း ကမ္ဘာ့ဖလား ပွဲဝင်မည့် ကျောနံပါတ်များ ထုတ်ပြန်ကြေညာ

အင်္ဂလန်အသင်း ကမ္ဘာ့ဖလား ပွဲဝင်မည့် ကျောနံပါတ်များ ထုတ်ပြန်ကြေညာ

လန်ဒန်   ဇွန်   ၅

အင်္ဂလန်လက်ရွေးစင်အသင်း ကစားသမားများ ၂ဝ၁၈ ကမ္ဘာ့ဖလား ပွဲတွင် ဝတ်ဆင်မည့် အင်္ကျီကျော နံပါတ်များကို ယမန်နေ့က အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်မှ  ထုတ်ပြန်ကြေညာခဲ့သည်။

ပြိုင်ပွဲဝင် ၃၂ နိုင်ငံစလုံးသည် လက်ရွေးစင် ကစားသမား ၂၃ဦးစာရင်းကို ကျောနံပါတ်နှင့် တကွ တင်ပြရခြင်းဖြစ်ရာ   အင်္ဂလန်အသင်း တင်ပြမှုတွင် ဂိုးသမားပစ်ဖို့ဒ် ကျောနံပါတ် (၁)၊  ဝေါလ်ကာ (၂)၊ ဒန်နီရို့စ်(၃)၊ အဲရစ်ဒီယာ(၄)၊ ဂျွန်စတုန်းစ် (၅)၊ မက်ဂွိုင်ရာ (၆)၊ လင်ဂတ် (၇)၊  ဟန်ဒါဆန် (၈)၊  ဟယ်ရီကိန်း (၉)၊ စတာလင်း(၁ဝ)၊  ဗာဒီ (၁၁)၊ ထရစ်ပီယာ (၁၂)၊ ဘတ်လန် (၁၃)၊ ဝဲလ်ဘတ် (၁၄)၊ ဂယ်ရီကာဟေးလ် (၁၅)၊ ဖီးလ်ဂျုံးစ် (၁၆)၊ ဖေဘီယန်ဒဲလ်ဖ် (၁၇)၊ အက်ရှ်လေယန်း (၁၈)၊ ရက်ရှ်ဖို့ဒ် (၁၉)၊ ဒီလီအလီ (၂ဝ)၊ လော့ဖ်တက်ချိခ် (၂၁)၊ အလက်ဇန္ဒား အာနိုး (၂၂)နှင့် နစ်ပုပ် (၂၃)အဖြစ်သတ်မှတ် ဝတ်ဆင်စေမည်ဖြစ်သည်။

အဆိုပါကျောနံပါတ်စာရင်းအရ အင်္ဂလန်အသင်း ဂိုးပေါက်ကို ပစ်ဖို့ဒ်က တာဝန်ယူရန် သေချာနေသည်။ အင်္ဂလန် အသင်းသည် ကမ္ဘာ့ဖလား အုပ်စု(G)တွင် တူနီးရှား၊ ပနားမား၊ ဘယ်လ်ဂျီယံတို့နှင့်အတူကျရောက် နေသည်။

MWD

No comments:

Post a Comment