ကျုံပျော် ဇွန် ၉
ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာသန်စွမ်းရေး၊ ကျန်းမာရေး အသိရှိစွာ နေထိုင်တတ်ရေး အတွက် ကျောင်းကျန်းမာရေးနှင့် လူငယ်ကျန်းမာရေး မြို့နယ်အဆင့်-ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို မြို့နယ်ပညာရေးမှူးရုံး၌ ဇွန်(၉)ရက် နံနက်(၉)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး သည် အထူးအရေးကြီးကြောင်း၊သင်တန်းတက်ရောက်ကြသူများအနေဖြင့် သင်တန်းမှရရှိသော ကျန်းမာရေး အသိပညာများကို မိမိကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများထံသို့ ပြန်လည်သင်ကြား ပို့ချပေးရန် အထူးအရေးကြီးကြောင်းဖြင့် အမှာစကား ပြောကြားသည်။
အဆိုပါ ကျန်းမာရေးသင်တန်းကို ပြည်သူများကျန်းမာရေးအဆင့်မြှင့်တင်နိုင်ရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝများဖြစ်ပေါ်လာရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ မြို့နယ် ကျန်းမာရေး ဌာနမှ ဦးဆောင်ကာ ဇွန်(၉)ရက်နေ့ တစ်ရက်တည်းသာ သင်ကြားပေးသွား မည်ဖြစ်ကာ အခြေခံပညာ ကျောင်းပေါင်း(၂၀၀)မှ ကျောင်းအုပ်ဆရာ၊ဆရာမများ တက်ရောက်သင်ကြားကြကြောင်း သိရသည်။
နေဝင်းမြင့် (ပြန်/ဆက်)
No comments:
Post a Comment