Latest News

Saturday, June 9, 2018

လူသတ်မှုဖြစ်ပြီး သံသယတရားခံ ထွက်ပြေးနေ

ပေါင်မြို့ နယ် ရဲတပ်ဖွဲ့ 
ပေါင် ဇွန် ၉

မွန်ပြည်နယ်၊ ပေါင်မြို့ နယ်၊ ကျောက်စရစ်ကျေးရွာ သဲဖြူချောင်း ဥယျာဉ်ခြံထဲတွင် ဇွန်လ ၉ရက်နေ့ မနက် ၁နာရီခန့်က လူသတ်မှုဖြစ်ပွားခဲ့သည်။

သဲအိမ်ရွာနေ ဒေါ်နန်းသန်းလှိုင်ပိုင်သော အဆိုပါ ဥယျာဉ်ခြံထဲတွင် အလုပ်သမား ၄ယောက်နေထိုင်နေပြီး ဇွန်လ ၉ရက်နေ့ မနက် ၁နာရီခန့်တွင် အပြင်မှ ပြန်လာသော ရဲဝင်းနှင့် ဖိုးခွားတို့မှ ဒဏ်ရာများဖြင့် သေနေသော အလုပ်သမား မင်းနန္ဒာ (ခ)မင်းမင်း ၂၉ နှစ် (ဘ)ဦးသိန်းလှိုင် ကျောက်စရစ်ရွာနေသူကိုတွေ့ရပြီး ၄င်းနှင့်အတူ အိပ်နေသော ဦးလေးတော်သူ ဦးစိန်လှဌေး ၅၆
နှစ် ကျောက်စရစ်ရွာနေသူမှာလည်း ပျောက်ဆုံးနေကြောင်းသိရသည်။

အမှုဖြစ်စဉ်မှ သံသယ တရားခံ ဦးစိန်လှဌေးအား ရှာဖွေနေသော်လည်း ညနေပိုင်းအထိ ရမိခြင်းမရှိသေးဟုသိရသည်။

အဆိုပါအမှုအား မုတ္တမ ရဲစခန်း (ပ)၁၀၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ ဒေါ်နန်းသန်းလှိုင်က တရားလိုပြုလုပ် တိုင်တန်းထားပြီး ရဲအုပ်ဇော်မိုးဝင်းက စစ်ဆေးနေကြောင်းသိရသည်။

Paung Daily
https://www.facebook.com/paungdaily

No comments:

Post a Comment