Latest News

Thursday, June 14, 2018

ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်မယ့် အကယ်ဒမီရဲအောင်

ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်မယ့် အကယ်ဒမီရဲအောင်

ရုပ်ရှင်ဇာတ်ကားများနှင့် ဗီဒီယိုဇာတ်ကားများတွင် လက်ရှိအချိန်ထိ ပရိသတ်အားပေးမှု ရရှိနေဆဲ ဖြစ်သည့် အကယ်ဒမီ ရဲအောင်သည် နောက်ပိုင်းတွင် ဇာတ်လမ်းတွဲများ၌ ပါဝင် သရုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

''ဇာတ်လမ်းတွဲတွေ ပေါ်လာတာက ရုပ်ရှင်အလွှာ မျိုးစုံအတွက် တော်တော်အကျိုးရှိတယ်။ ဒါကြောင့် ရိုက်ဖြစ်တယ်။ လက်ရှိမှာ ကြီးမြတ်သော မာတာဆိုတဲ့ မိခင်မေတ္တာကို ပြသတဲ့ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ ဒီလို ဇာတ်လမ်းတွဲတွေ ပေါ်ထွက်လာတော့ အနုပညာသမားတွေ အလုပ်တွေ အများကြီး လုပ်ရလို့ ဝမ်းသာပါတယ်။ နောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖို့ ရှိပါတယ်''ဟု အကယ်ဒမီ ရဲအောင်ကပြောသည်။

အဆိုပါ ဇာတ်လမ်းတွဲတွင် မိခင်မေတ္တာကို ပေါ်လွင်စေရန် အကယ်ဒမီ ရဲအောင်က ပံ့ပိုးပေးမည်ဖြစ်ကာ ယခုဇာတ်လမ်းတွဲ အတွက်လည်း ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားကြောင်း သိရသည်။ ''အခုဇာတ်လမ်းတွဲမှာ ဖခင်နေရာကနေ သရုပ်ဆောင်မယ်။ ဇာတ်လမ်း အကျဉ်းကိုလည်း သေချာဖတ်ပြီး ပြင်ဆင်ထားတယ်။

ဇာတ်လမ်းထဲမှာပဲ စိတ်နှစ်ထားပြီး ပရိသတ်တွေ ကြည့်ရတာတန်အောင် အကောင်းဆုံး သရုပ်ဆောင်ဖို့ ပြင်ဆင်ထားပါတယ်'' ဟု အကယ်ဒမီ ရဲအောင်က ပြောသည်။ အကယ်ဒမီ ရဲအောင်သည် လက်ရှိအနုပညာ လှုပ်ရှားမှု အနေဖြင့် ဗီဒီယိုနှင့် ရုပ်ရှင်ဇာတ်ကားများ လက်ခံရိုက်ကူး နေကြောင်း သိရသည်။

MWD

No comments:

Post a Comment