ပဲငါးပိငါးပေါင်း ဟင်းချက်တော့မယ် ဆိုရင် ပဲငါးပိ၊ ငါး၊ သကြား၊ ချင်း၊ ကြက်သွန်မြိတ်၊ ဝက်သား၊ ဟင်းခတ်မှုန့်၊ ဝက်ဆီနဲ့ဆားတို့ လိုအပ်ပါတယ်။ အရင်ဆုံးငါးကို ကျောကုန်းမှခွဲ၍ ကျောရိုးကိုထုတ်ပစ်ပါ။ ပြီးရင် ငါးကို ဆားနဲ့သကြား ရောထည့်ပြီး နယ်ထားပါ။
ပြီးရင် ဝက်သားနဲ့ ချင်းကိုမျှင်မျှင်လေး လှီးထားပြီး ကြက်သွန်မြိတ်ကို သင့်ရုံအရွယ်ဖြတ်ကာ ပန်းကန်ထဲထည့်ရပါမယ်။ ပြီးရင် လှီးထားတဲ့ ကြက်သွန်မြိတ် အပေါ်ကို ငါးတင်ပြီး ငါးပေါ်မှာ ချင်းနဲ့ဝက်သားတင်ပြီး မီးပြင်းပြင်းနဲ့ ပေါင်းပေးပါ။
ပေါင်းနေစဉ် ၁၅ မိနစ်ခန့်ကြာတဲ့အခါ ပဲငါးပိကို ဝက်ဆီနဲ့ ဆီသတ်ပါ။ ပြီးရင် ပေါင်းထားတဲ့ငါးကို ထုတ်ယူပြီး ဟင်းခတ်မှုန့်နဲ့ ပဲငါးပိဆီသတ်ကို လောင်းထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
MWD
No comments:
Post a Comment