ငါးရံ့ကို ဆီပြန်အစပ်ချက်ဖို့ ငါးရံ့၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးမှည့်၊ ငရုတ်သီးခြောက်၊ ဆီတို့လိုအပ်ပြီး ဦးစွာ ငါးကိုခေါင်းဖြုတ်ပြီး အကွင်းလိုက်လှီးထားပါ။
အရသာနယ်ထားပါ။ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ရောထောင်းထားပြီး ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ ဒယ်အိုးတစ်လုံးထဲမှာ ဆီ၊ နနွင်းမှုန့်၊ ငရုတ်သီး ထောင်းထားတဲ့ အရော၊ ခရမ်းချဉ်သီး၊ ဆား၊ ဟင်းခတ်မှုန့်၊ ရေအနည်းငယ်ထည့်ပြီး မီးအေးအေးနဲ့ ဆီပြန်အောင် ချက်ထားပါ။ ဆီပြန်လာပါက အရသာ နယ်ထားတဲ့ ငါးရံ့ကိုထည့်ပါ။
ရေအနည်းငယ် ထပ်ဖြည့်ပြီး နောက်တစ်ကြိမ် ဆီပြန်အောင်ချက်ပါ။ ဆီပြန်လာရင် နံနံပင်အုပ်ပြီး အိုးချကာ သုံးဆောင်နိုင်ပါပြီ။
MWD
No comments:
Post a Comment