Latest News

Monday, June 11, 2018

ရာမို့စ်ဘက်မှ မက်ဆေ့ခ်ျ ပို့တောင်းပန်သော်လည်း ဆာလက်ခ်ျဘက်မှ ယခုအထိ မကျေနပ်နိုင်

ရာမို့စ်ဘက်မှ မက်ဆေ့ခ်ျ ပို့တောင်းပန်သော်လည်း ဆာလက်ခ်ျဘက်မှ ယခုအထိ မကျေနပ်နိုင်

လီဗာပူး ဇွန် ၁ဝ

ယူကရိန်းနိုင်ငံ၌ ရီးယဲလ်နှင့်  ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားစဉ် မိမိပခုံး အရွတ်ဒဏ်ရာ ရစေရန်  လက်ကိုချုပ်ပြီး လှဲချ ခဲ့သော ရာမို့စ်ကို ယခုအထိ မကျေအေးနိုင်သေးကြောင်း လီဗာပူး တိုက်စစ်မှူး ဆာလက်ခ်ျက ထုတ်ဖော် ပြောသည်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ရာမို့စ်အပေါ် ဝေဖန်မှုများစွာ ရှိနေခဲ့ရာ  ရာမို့စ်ဘက်မှ ဆာလက်ခ်ျထံ မက်ဆေ့ခ်ျမှ တစ်ဆင့် သတင်းမေးခဲ့ကြောင်း၊ သို့သော် မိမိဘက်မှ ကျေအေးစကား မဆိုခဲ့ကြောင်း ဆာလက်ခ်ျက  ရှင်းလင်း ပြောကြားသည်။

''ကျွန်တော့်ဘဝရဲ့ အဆိုးရွားဆုံး အခိုက်အတန်ကို ကြုံခဲ့ရတာပါ။  ကွင်းထဲလဲ ကျသွားချိန်မှာ ခန္ဓာကိုယ်က နာကျင်မှု၊ စိုးရိမ်မှုများစွာနဲ့  ကမ္ဘာ့ဖလားပွဲပါ လွဲနိုင်တယ်ဆိုတဲ့ အနေအထားကြောင့် ဒေါသတွေ၊ ဝမ်းနည်းမှုတွေ ဖြစ်ခဲ့ ရတယ်။ ချန်ပီယံလိဂ်လို ဗိုလ်လုပွဲကြီးမှာ ဆက် ကစားခွင့်မရခဲ့တာက  နာကျင်စရာပါ။   ရာမို့စ်က ကျွန်တော့် ဆီ မက်ဆေ့ခ်ျပို့ပါတယ်။  ဒါပေမဲ့ ကျွန်တော့်ဘက်က အိုကေပါဆိုတဲ့ စကားမျိုး ဘယ်တုန်းကမှ ပြန်မပြောခဲ့ဘူး''ဟု ဆာလက်ခ်ျကပြောသည်။

ဆာလက်ခ်ျသည် အဆိုပါဒဏ်ရာကြောင့် အနားယူနေရပြီး အီဂျစ် အသင်း၏ ခြေစမ်းပွဲများ ရလဒ်ဆိုးခဲ့သော်လည်း ၎င်းမှာ ဇွန် ၁၅ ရက်တွင် ဥရုဂွေးနှင့် ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲအမီ ပြန်ကစားနိုင်မည် ဟု သိရသည်။

MWD

No comments:

Post a Comment