Latest News

Thursday, June 7, 2018

အရှိန်လွန်မောင်းနှင်သောယာဉ် တစ်ဖက်ယာဉ်ကြောရှိ မော်တော်ယာဉ် နှစ်စီးနှင့် အဆောက်အဦးများအားတိုက်မိ

အရှိန်လွန်မောင်းနှင်သောယာဉ် တစ်ဖက်ယာဉ်ကြောရှိ မော်တော်ယာဉ် နှစ်စီးနှင့် အဆောက်အဦးများအားတိုက်မိ

သထုံ   ဇွန်      ၇

သထုံမြို့ သိမ်ကုန်းရပ်ကွက်၊ ဒူးရင်းဆိပ်လမ်းပေါ်တွင် မော်ယာဉ်တစ်စီး အရှိန်လွန်ပြီး တစ်ဖက်ယာဉ်ကြောရှိ ရပ်တန့်ထားသော မော်တော်ယာဉ် တစ်စီးအားတိုက်မိပြီး အုတ်နံရံနှင့်ဆေးခန်းအားဆက်လက်တိုက်မိရာမှာ ဆေးခန်းနံဘေးရပ်တန့်ထားသော MarkII ယာဉ်ပေါ် အုတ်များပြိုကျမှာ ဇွန်လ (၇) ရက်နေ့ နံနက် ၄ နာရီ ၄၅ ချိန်က ဖြစ်ပွားခဲ့သည်။

 ဖြစ်စဉ်မှာ ဘားအံမှ သထုံဘက်သို့ ယာဉ်မောင်းအလီယပ် မောင်းနှင် လာသော ဟိုက်အေ့ဒလီဗန် အမျိုးအစားခဲရောင်ယာဉ်သည် ဒူရင်းဆိပ် လမ်း၊ ဟိန်းဆေးခန်းအနီးတွင် အရှိန်မထိန်းနိုင်ဘဲတစ်ဘက် ယာဉ်ကြောသို့ အရှိန်လွန်ရောက်ရှိပြီး၊ ဦးဘသောင်းအိမ်ရှေ့ ၄င်းပိုင် Hijet ယာဉ်အမျိုးအစားအားအရှိန်လွန်တိုက်မိပြီး ကာရံထားသောအုတ် တံတိုင်းအား တိုက်မိပြိုပျက်ပြီးနောက် ခြံဝင်းအတွင်းရှိ တီဗွီပြင်ဆိုင်အား ထပ်ဆင့်တိုက်၍ ဆိုင်ပြိုကာ၊ ခြံချင်းကပ်လျှက် ဒေါက်တာမြင့်ကြိုင် ဟိန်းဆေးခန်း၏ အုတ်နံရံပြိုပျက်ပြီး ရပ်တန့်ထားသော MARK II ယာဉ်ပေါ်သို့ ပြိုကျ ပျက်စီးခဲ့သောကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သော အလီယပ်အား သထုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။  

နန္ဒကျော်စွာ၊ လှိုင်ထွန်းအောင်

No comments:

Post a Comment