မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့၏ ကုန်ကျစရိတ် အမေရိကန်တာဝန်မယူ
ဝါရှင်တန် ဇွန် ၆
စင်ကာပူ၌ ဇွန် ၁၂ ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့်တွေ့ဆုံမည့် ထိပ်သီးအစည်းအဝေး အောင်အောင် မြင်မြင်ဖြစ်စေချင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောခဲ့သည်။
ပထမဆုံးအကြိမ်ပြုလုပ်မည့် သမိုင်းဝင် အမေရိကန် ပြည်ထောင်စုနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့၏ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဆက်ဆံရေးကို တည် ဆောက်သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေး မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုများမှာလည်း ချောချောမွေ့မွေ့ဆောင်ရွက်လျက်ရှိကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရန့်က အိမ်ဖြူတော်၌ သတင်းထောက်များကို ပြောခဲ့သည်။
''ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကျွန်တော်တို့ သိပါတယ်၊ အခုရက်ပိုင်းဟာ အလွန်အရေးကြီးတဲ့ ရက်တွေ ဖြစ်ပါတယ်'' ဟု ¤င်းကဆက်လက်ပြောခဲ့သည်။
ထိပ်သီးအစည်းအဝေးကို ဆန်တိုဆာကျွန်း ကက်ပီလာ ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း အစောပိုင်းတွင် အိမ်ဖြူ တော်က ကြေညာခဲ့သည်။ ဆန်တိုဆာသည် လုံခြုံရေးစိတ်ချရသောနေရာဖြစ်ကြောင်း သိရသည်။ လတ်တလောတွင် ခေါင်းဆောင်နှစ်ဦး မည်သည့်နေရာတွင် တည်းခိုနေထိုင်မလဲ ဆိုသည်ကို ဦးစားပေးစဉ်းစားနေကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟီသာနောရက်က မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့၏ အစည်းအဝေးနှင့်ပတ်သက်ပြီး နေထိုင်စားသောက်စရိတ်နှင့် ဆက်စပ်အသုံးစရိတ်များကို အမေရိကန်အစိုးရက ကျခံပေး မည်မဟုတ်ကြောင်း ပြောခဲ့သည်။ နိုင်ငံခြားငွေကြေးလည်ပတ် မှု ပြတ်လပ်နေချိန်တွင် မြောက်ကိုရီးယားကိုယ်စားလှယ်များ အနေဖြင့် နေထိုင်စားသောက်စရိတ်မြင့်မားမှုကို မည်သို့မည်ပုံ ဆောင်ရွက်မည်ကို ဆက်လက်စောင့်ကြည့်နေကြောင်း သိရသည်။ ယင်းထိပ်သီးအစည်းအဝေးပွဲသို့ တောင်ကိုရီးယား သမ္မတ မွန်ဂျယ်အင်းတက်ရောက်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဟီသာနောရက်က လက်ရှိအချိန်အထိ ယင်းအစည်းအဝေးပွဲသို့ တောင်ကိုရီးယားသမ္မတတက်ရောက် ရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာ့အလင်း
No comments:
Post a Comment