Latest News

Saturday, June 9, 2018

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ကလေးများအကြိုက် တွေ့ခဲ့သည့် ကျောင်းသုံးပစ္စည်းများ

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ကလေးများအကြိုက် တွေ့ခဲ့သည့် ကျောင်းသုံးပစ္စည်းများ

 ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ဈေးကွက်အတွင်း ကျောင်းသုံးပစ္စည်း အသစ်အဆန်းများ ဝင်ရောက်လာရာ ယင်းပစ္စည်းများသည် ကျောင်းဖွင့်ခါနီး အချိန်မှစ၍ ဈေးကွက်အတွင်း အရောင်းသွက်သည့်အပြင် လက်ရှိကျောင်းဖွင့်ချိန် အထိလည်း အဆက်မပြတ် ရောင်းချ နေရဆဲပင် ဖြစ်သည်။

ကျောင်းသုံးပစ္စည်း ရောင်းချသည့် ဆိုင်များ၌ အရောင်းရ အသွက်ဆုံး ပစ္စည်းများကို ဖော်ပြ ပေးလိုက်ရပါသည်။

စာရေးကိရိယာများ

ရန်ကုန်မြို့ရှိ တော်ဝင် စာရေးကိရိယာ ဖြန့်ချိရောင်းချတဲ့ ကိုတင်ထွန်းက ဒီနှစ်အတွက် ကျောင်းသုံးကွန်ပါဘူး တွေထဲမှာဆိုရင် ကားပုံစံကွန်ပါဘူး၊ ဝိုက်ဘုတ် ပုံစံကွန်ပါဘူး၊ ထမင်းဘူး ပုံစံကွန်ပါဘူးနဲ့ အပြားကြီးတဲ့ ကွန်ပါဘူးတွေ ဈေးကွက်ထဲမှာ အသစ်ဝင်လာတယ်။ ထူးခြားချက် ကတော့ ကွန်ပါဘူး တွေထဲမှာ စာရေးကိရိယာ အစုံ ထည့်နိုင်တဲ့ ဘူးတွေ ပါလာတာတွေ့ရတယ်။ ကလေးတွေ ကလည်း ပစ္စည်းစုံပါတဲ့ ကွန်ပါဘူးတွေကို ကြိုက်ကြတယ်။ ဈေးနှုန်းတွေ အနေနဲ့က ငွေကျပ် ၁၂ဝဝ၊ ၁၇ဝဝ နဲ့ အများဆုံး ငွေကျပ် ၂ဝဝဝ ပဲရှိပါတယ်။ အလယ်တန်း ကလေးတွေအတွက်က ဘောပင်ဘူးတွေ ဝယ်တာများတယ်။ ၂၅ ချောင်းပါတဲ့ ဘူးတွေ၊ ၃ဝ ပါတဲ့ ဘူးတွေဆိုပြီး သုံးမျိုးလောက် အသစ်ထွက်တယ်။ ဈေးနှုန်းက ငွေကျပ် ၁၁ဝဝ၊ ၂ဝဝဝ၊ ၂၄ဝဝ အထိ ရှိပါတယ်။ ဗလာစာအုပ်တွေကတော့ အမျိုးအစားစုံ ရောင်းရတယ်။ ဈေးနှုန်းတွေက တစ်ဒါဇင်ကို ငွေကျပ် ၁၉၅၉၊၂ဝ၅ဝ၊ ၂၁ဝဝ၊ ၂၄ဝဝ နဲ့ ၃ဝဝဝ အထိရှိပါတယ်။ ချွန်စက်တွေဆိုရင် လက်နဲ့လှည့်တဲ့ လက်ကိုင်ပါ ချွန်စက်တွေ အဓိက ရောင်းရတယ်။ ဒီနှစ် ပုံစံအသစ်လေး တွေလည်း ထွက်တယ်။ ဈေးနှုန်းတွေ ကတော့ ငွေကျပ် ၁၅ဝဝ၊ ၁၆ဝဝ နဲ့ ၁၈ဝဝ ရှိတယ်။ ခဲတံတွေကလည်း ဒီနှစ်မှာ အသစ်ထွက်တယ်။ ချွန်တဲ့အခါ မကျိုးတဲ့အပြင် ရေးတဲ့အခါ ခဲသားနက်တဲ့ ခဲတံကို အဓိက ဝယ်ကြတယ်။ ဈေးနှုန်းတွေကတော့ တစ်ဒါဇင်ကို ငွေကျပ် ၈ဝဝ ကစပြီး ငွေကျပ် ၂ဝဝဝ လောက်အထိ အစားစားရှိပါတယ်။ ဒီနှစ် ကျွန်တော်တို့ စာရေးကိရိယာဆိုင်က မနှစ်ကထက် ပိုပြီး ရောင်းရပါတယ်။

ကျောင်းဝတ်စုံ

ရန်ကုန်မြို့ သိမ်ကြီးဈေး(ဃ) ရုံရှိ ''ဆန်း'' ကျောင်းဝတ်စုံ အရောင်းဆိုင် ပိုင်ရှင်က ဒီနှစ် ကလေးကျောင်း ဝတ်စုံတွေက ဒီဇိုင်းသစ် ၁ဝ မျိုး၊ ၁၅ မျိုးလောက် ထွက်တယ်။ ကလေးတွေရော မိဘတွေပါ ကြိုက်ကြတော့ အလျဉ်မမီလောက်အောင် ရောင်းရတယ်။ ဒီထဲမှာမှ ကျောင်းသား၊ ကျောင်းသူတွေကြားမှာ နာမည်ရ ပြီးသားဖြစ်တဲ့ ဦးလေးကြီး ကျောင်းဝတ်စုံက ဝတ်စုံတွေ၊ ယုဇနပလာဇာက ဝတ်စုံတွေကတော့ တခြားဝတ်စုံတွေထက် ဈေးလည်းပိုကြီးတယ်။ ဒီဝတ်စုံတွေက ငွေကျပ် ၈ဝဝဝ ကနေ ၁ဝဝဝဝ အထိရှိပြီး ပုံမှန်ဆိုရင် ကလေးဝတ်စုံ ဝမ်းဆက်ဆိုရင် ငွေကျပ် ၆ဝဝဝ လောက်က အများဆုံးပါပဲ။ ချည်သား နည်းနည်းညံ့တဲ့ အထည်တွေ ကတော့ ငွေကျပ် ၃ဝဝဝ ကျော်၊ ၅ဝဝဝ ကျော်ပဲ ရှိပါတယ်။ ကျောင်းစိမ်းပုဆိုး တွေကတော့ ငွေကျပ် ၁၈ဝဝ ကစပြီး ငွေကျပ် ၅၅ဝဝ အထိ ရှိပါတယ်။

ထီး၊ ဖိနပ်နဲ့ မိုးကာ

ရန်ကုန်မြို့ ၂၄ လမ်းမှာရှိတဲ့ မင်းသီတာထီးမျိုးစုံ ဖြန့်ချိ ရောင်းချရေး အရောင်းဝန်ထမ်း တစ်ဦးကလည်း မိုးရာသီလည်း ဖြစ်တော့ ထီးက ဒီဇိုင်း အသစ်အဆန်းတွေ ဝင်လာတာ အများကြီးပဲ။ ကလေးတွေ အတွက်ကတော့ ထီးအပေါ်မှာ အစွပ်လေး ပါတဲ့ပုံစံက တော်တော် အရောင်းသွက်နေတယ်။ ထီးဈေးနှုန်း တွေကတော့ ကော်ကိုင်း၊ သံကိုင်းဆိုပြီး ငွေကျပ် ၂ဝဝဝ ကနေ ၄ဝဝဝ ကျော်အထိရှိပါတယ်။ ဖိနပ် ဖိနပ်ထဲမှာ ကလေးတွေအတွက် အဓိက မိန်းကလေးတွေက ကျောင်းတွေမှာ ဖိနပ်အဖြူရောင်ပဲ စီးရမယ်လို့ သတ်မှတ်ထားတာကြောင့် ယင်းမာတို့လို ဖိနပ်အဖြူရောင်တွေပဲ အဝင်များပြီး အရောင်းသွက် ပါတယ်။ ဈေးနှုန်း တွေကတော့ ငွေကျပ် ၁ဝဝဝ ကျော်ကနေ ၃ဝဝဝ ကျော်အထိ ရှိပါတယ်။ ရန်ကုန်မြို့သိမ်ကြီးဈေး (B) ရုံအနောက်ဘက်တန်းမှ ဖိနပ်ရောင်းတဲ့ ကိုစိုးအောင် က ပြောပါတယ်။ မိုးကာ ကျောင်းဖွင့် ရာသီချိန်ဆိုတော့ ကာတွန်းရုပ် လေးတွေနဲ့ မိုးကာတေ ကတော့ ထွက်နေကျပါပဲ။ မိုးကာက ထီးလောက်တော့ အရောင်းမသွက်ပေမယ့် ရောင်းတော့ ရောင်းရပါတယ်။ ဈေးနှုန်းတွေ ကတော့ အစားစား ရှိပါတယ်။ ငွေကျပ် ၄ဝဝဝ ကနေ ၆ဝဝဝ လောက် အထိ ရှိပါတယ်လို့ ၂၄ လမ်းက မိုးကာနဲ့ ဦးထုပ် ရောင်းချတဲ့ ကိုမိုးသူက ပြောပါတယ်။

ထမင်းဘူး၊ ခြင်းနဲ့ ရေဘူး

ဒီနှစ်မှာ ခြင်းက လက်ထိုး ပလတ်စတစ်ခြင်းလေးတွေ ခေတ်စားတယ်။ ကလေးတိုင်း လိုလို ကိုင်ကြတယ်။ ဈေးနှုန်းကတော့ အကြီး၊ အသေးပေါ်မူတည်ပါတယ်။ အကြီးက ငွေကျပ် ၇ဝဝဝ၊ အသေးက ငွေကျပ် ၅ဝဝဝ ပဲရှိတယ်။ ဒါ့ပြင် ခြင်းမကိုင်ချင်တဲ့ ကလေးတွေအတွက် ထမင်း ဘူးထည့်တဲ့ အိတ်လေးတွေလည်း အသုံးများလာတယ်။ ဈေးနှုန်းက ငွေကျပ် ၁၅ဝဝ၊ ၂၅ဝဝ နဲ့ ၃ဝဝဝ အထိ ရှိပါတယ်။ ထမင်းဘူးနဲ့ ရေဘူး   ထမင်းဘူးက အမျိုးအစား အစုံထွက်တယ်။ ဈေးနှုန်း တွေကတော့ အစားစားပဲ။ မနှစ်က အသုံးများခဲ့တဲ့ ကော်နှစ်ဆင့်ဘူးတွေ၊ သုံးဆင့်ဘူးတွေအပြင် ထမင်းဘူးမှာ အကန့်သုံးကန့် လောက်ပါတဲ့ ဘူးလေးတွေလည်း ရောင်းရတယ်။ ဈေးနှုန်းတွေက ငွေကျပ် ၁ဝဝဝ ကျော် ကနေ ၁ဝဝဝဝ ကျော်အထိ ရှိပါတယ်။ ရေဘူးကတော့ ရေအအေးခံတဲ့ ဘူးလေးတွေ အဝယ်များတယ်။ ဈေးနှုန်းတွေက ငွေကျပ် ၁ဝဝဝ ကျော်ကနေ ၇ဝဝဝ ကျော်အထိ ရှိပါတယ်လို့ သိမ်ကြီးဈေး (ဗ)ရုံမှ ထမင်းဘူး၊ ရေဘူးနဲ့ တခြားပစ္စည်း မျိုးစုံ ရောင်းချတဲ့ မမြင့်စိန်က ပြောပါတယ်။

လွယ်အိတ်

ရန်ကုန်မြို့ မင်္ဂလာဈေးသစ်ကနေ အိတ်မျိုးစုံ ဖြန့်ချိ ရောင်းချနေတဲ့ မစုထွေးက ဒီနှစ်ကား ပုံစံကျောပိုးအိတ် အသုံးများနေတယ်။ ဒါ့ပြင် ကလေးတွေအတွက် စက်ရုပ်တွေ၊ ကာတွန်း ဇာတ်ဆောင်လေးတွေပါတဲ့ အိတ်လေးတွေ၊ အောက်ခြေမှာ ဘီးပါပြီးဆွဲလို့ရတဲ့ နှစ်ထပ် အိတ်လေးတွေ အရောင်းသွက်နေတယ်။ ဈေးနှုန်းတွေ ကတော့ ငွေကျပ် ၄ဝဝဝ လောက်ကနေ ၂ဝဝဝဝ ကျော်အထိ ရှိတယ်။ သီရ

MWD

No comments:

Post a Comment