Latest News

Sunday, June 10, 2018

ရွှေရောင်းဝယ်ရေးနှင့် ကုန်စုံဆိုင်တွင် ဓားပြတိုက်မှုဖြစ်ပွား

ရွှေရောင်းဝယ်ရေးနှင့် ကုန်စုံဆိုင်တွင် ဓားပြတိုက်မှုဖြစ်ပွား

ဟုမ္မလင်း ဇွန် ၉

စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် တုံမတက်ကျေးရွာ ဝေကျောင်းရွှေမှော်ဈေးတန်း ဟုမ္မလင်း-ရွှေပြည်မြင့်လမ်းရှိ ရွှေရောင်းဝယ်ရေးနှင့် ကုန်စုံဆိုင်၌ ယမန်နေ့ နံနက် ၁ နာရီ မိနစ် ၅ဝ က ဓားပြတိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ တုံမတက်ကျေးရွာ ဝေကျောင်း ရွှေမှော်ဈေးတန်း ဟုမ္မလင်း-ရွှေပြည်မြင့်လမ်းရှိ ဒဟတ်တောကျေးရွာ ကနီမြို့နယ်နေ ကိုမင်းဇော် ၂၈ နှစ်၏ ရွှေရောင်းဝယ်ရေးနှင့် ကုန်စုံဆိုင်သို့ ဓားနှင့်လေးခွများ ကိုင်ဆောင်၍ မျက်နှာဖုံးစွပ်ထားသည့် လူ ၁ဝ ဦးခန့် (စိစစ်ဆဲ)သည် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကိုမင်းဇော်၏ ဦးခေါင်းကို ဓားဖြင့်ခုတ်၍ ရင်ဘတ်အားဓားဖြင့် ထောက်ကာ ဆိုင်အတွင်းရှိ ရွှေ ၂ဝ ကျပ်သား၊ ငွေကျပ်သိန်း ၅ဝ နှင့် နံပါတ်မပါ CANDA-125 ဆိုင်ကယ်တစ်စီးတို့ကို ယူဆောင်၍ စေတီဆိပ် ကျေးရွာဘက်သို့ ထွက်ခွာသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ နမ့်တောနယ်မြေ ရဲစခန်းက (ပ)၂၆/၂ဝ၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၅/၃၉၇ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment