ပိတ်ကားပေါ်တွင် ပရိသတ်မြင်တွေ့ရမှု နည်းလာသည့် မြတ်ကေသီအောင် အနေဖြင့် လက်ရှိတွင် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးခြင်းထက် သူမ၏ ကော်ဖီဆိုင်လေးအတွက် အဓိကထားပြီး အချိန်ပေးဖြစ်နေကြောင်း မြတ်ကေသီအောင် ကပြောသည်။
''ဒီကော်ဖီဆိုင်လေးကို လွန်ခဲ့တဲ့ တစ်လကမှ စဖွင့်ဖြစ်တာပါ။ဆိုင်လေးက မထင်မှတ်ထားလောက်အောင် ရောင်းနေရတယ်။နေ့တိုင်း လူပြည့်နေလို့ တအားလည်း ဝမ်းသာတယ်။ ဧည့်သည်တွေကို ပြန်လွှတ်ရတဲ့အထိ ဖြစ်နေတော့ ပြန်လွှတ်ရတဲ့ ဧည့်သည်တွေကိုလည်း အားနာတယ်။ ဒီကနေ
တစ်ဆင့် တောင်းပန်ပါတယ်လို့လည်း ပြောချင်ပါတယ်။ ဒီဆိုင်လေးကို အချိန်ပေးနေရတော့ အနုပညာဘက်မှာ လျော့သလိုဖြစ်နေတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်လုပ်သွားမှာပါ။ အားပေးကြပါဦးလို့ ပြောချင်ပါတယ်'' ဟု မြတ်ကေသီ အောင် ကပြောသည်။
သူမ၏ဆိုင်လေးကို Coffee LU Gallery ဟု အမည်ပေးထားပြီး ပန်းချီလက်ရာများကိုပါ ကြည့်ရှုလိုသူများ အတွက် ပန်းချီပြခန်းကိုပါ တွဲဖက်ဖွင့်လှစ်ထားပြီးသူမ၏ဆိုင်ကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(မြောက်ပိုင်း) မြို့နယ်ရှိ ဦးဝိစာရလမ်းပေါ်၌ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
မြတ်ကေသီအောင်အနေဖြင့် လတ်တလောတွင် အနုပညာအလုပ်များ လုပ်ကိုင်ခြင်း မရှိသေးဘဲ အဆင်ပြေသည့်အချိန်တွင် ဇာတ်ကားများ ပြန်လည်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။
MWD
No comments:
Post a Comment